“အခုလက်ရှိ ၂၀၂၀ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းအနေနဲ့ အနိုင်ရခဲ့ရင် လူငယ်တွေအတွက် နေရာလေးတစ်ခု ဖန်တီးပေးစေချင်တယ်၊ အခုဆို လမ်းပျောက်နေတဲ့လူငယ်တွေများတယ်၊ ယောင်္ကျားလေးဆိုရင် မူးယစ်တောထဲတိုးတယ်၊ မိန်းကလေးဆိုရင် စက်ချုပ်မယ်၊ မွန်ဒေသဘက်မှာဆိုရင် အစီး(ရာဘာ)လှီးမယ်၊ ပြီးတော့ အိမ်ထောင်တွေကျမယ်၊ ဒါနဲ့ပဲ နှစ်ပါးသွားနေရင်းကနေ သူတို့အတွက် အလုပ်အကိုင်အခွင့်အလမ်းရရှိမည့်နေရာတစ်ခုပေါ့”မိယဉ်စနိုင်းမွန် (ဒေသခံပြည်သူ)သံဖြူဇရပ်မြို့နယ်၊ မွန်ပြည်နယ်။