Biogesic ဘိုင်အိုဂျက်ဆစ်

မော်လမြိုင်၊ ၂၁ အောက္တိုဘာ ၂၀၂၀
Biogesic သည် Paracetamol (ပါရာစီတမော့) 500mgထိ ပါဝင်သော paracetamol ဆေးတမျိုးသာ ဖြစ်သည်။ ကိုယ်ပူကျ၊ အကိုက်အခဲပျောက်ဆေး တမျိုးသာ ဖြစ်သည်။ ကိုယ်ပူ + အနာအကိုက် + အရောင် သက်သာဆေး ဖြစ်တယ်။ ဆေး Course မရှိပါ။ လိုအပ်ချိန်မှာ တိုက်ရတဲ့ဆေးအမျိုးအစားသာဖြစ်တယ်။ အများဆုံး ၆ နာရီတကြိမ် တိုက်ရတယ်။ မလိုတာနဲ့ ချက်ချင်းရပ်လိုက်လို့ရတယ်။
Paracetamol ပါရာစီတမောအရည် ၂ဝ၁၁ နိုဝင်္ဘာ လမ်းညွှန်ချက်အသစ်ယူကေနိုင်ငံ Medicines and Healthcare products Regulatory Agency (MHRA) ကနေ ဆေးဝါးနဲ့ ဆေးသုံး ပစည်းတွေကို အမြဲမပြတ် လေ့လာဆန်းစစ်မှုတွေလုပ်ပြီး လမ်းညွှန်ချက် အသစ်တွေ ထုတ်ပြန် ပေးပါတယ်။ အခုအစီရင်ခံစာကတော့ ပါရာစီတမောအရည်အတွက် လမ်းညွှန်ချက်သစ် ဖြစ်ပါတယ်။
Paracetamol ပါရာစီတမောဟာ အများကြီးသုံးပြီး နာတာနဲ့ ဖျားတာအတွက် အသက် ၂ လသားကနေ အထက် အတွက် ထိရောက်တဲ့ဆေးလဲ ဖြစ်တယ်။ ကာကွယ်ဆေးထိုးလို့ ကိုယ်ပူတာအတွက်ပါပေးနိုင်တယ်။ တချို့ကို ဆေးကောင်တာမှာ အလွယ်ဝယ်နိုင်သလို တချို့ကြ ဆရာဝန်လက်မှတ် လိုပါတယ်။ ဗြိတိန်မှာ ၆ လသား ကလေးတွေထဲက ၈% ဟာ ဒီဆေးသောက်ဘူးကြတယ်။ ကလေးတွေအတွက် ရည်ရွယ်ပြီး ဆေးရည်အနေနဲ့ ရောင်းပါတယ်။ အစဉ်အလာအရ ဆေးကို ကိုယ်အလေးချိန်နဲ့ ဘယ်လောက်ပေးမလဲ ဆုံးဖြတ်ပါတယ်။ တခါတလေမှာ လက်တွေ့မကျတာ ရှိတယ်။
(က) Infant paracetamol suspension (120 mg/5 mL) ပါရာစီတမောဆေးရည်၂-၃ လအရွယ်၊ လစေ့မွေးထားတဲ့ကလေး၊ ၄ ကေဂျီကျော်ကလေး၊ ကာကွယ်ဆေးထိုးလိ့ ကိုယ်ပူတာ နဲ့ ကိုယ်ပူတာ၊ နာတာတွေအတွက် 2⋅5 mL တကြိမ်၊ ဒါမှမဟုတ် ၄-၆ နာရီခြားပြီး နောက်တကြိမ်။• ၂လ အောက်ကလေး မပေးရ၊• တနေ့မှာ ၂ ခါထက်ပိုမပေးရ၊• တခါနဲ့တခါ ၄ နာရီထကျ မနီးရ၊
၃-၆ လအရွယ်၊ ကိုယ်ပူတာ၊ နာတာတွေအတွက် 2⋅5 mL တနေ့ ၄ ကြိမ်၊၆-၂၄ လ အရွယ်၊ 5 mL တနေ့ ၄ ကြိမ်၊၂-၄ နှစ် အရွယ်၊ 7⋅5 mL တနေ့ ၄ ကြိမ်၊၄-၆ နှစ်အရွယ်၊ 10 mL တနေ့ ၄ ကြိမ်၊• တနေ့ ၄ ကြိမ်ထက် မပိုစေရ၊• တကြိမ်နဲ့ တကြိမ် ၄ နာရီထက် မနီးစေရ၊• ဆရာဝန္ကမညႊန္ဘဲ ၃ ရက္ထက္ပိုမေပးရ၊
(ခ) Paracetamol six plus suspension (250 mg/5 mL) အသက် ၆ နှစ်အထက်ကလေးတွေအတွက် ပါရာစီတမော ဆေးရည်၆-၈ နှစ်ကလေး၊ 5 mL တနေ့ ၄ ကြိမ်၊၈-၁ဝ-နှစ်ကလေး၊ 7⋅5 mL တနေ့ ၄ ကြိမ်၊၁ဝ-၁၂ နှစ်ကလေး၊ 10 mL တနေ့ ၄ ကြိမ်၊၁၂-၁၆ နှစ်ကလေး၊ 10–15 mL တနေ့ ၄ ကြိမ်၊• တနေ့ ၄ ကြိမ်ထက် မပိုစေရ၊• တကြိမ်နဲ့ တကြိမ် ၄ နာရီထက် မနီးစေရ၊• ဆရာဝန္ကမညႊန္ဘဲ ၃ ရက္ထက္ပိုမေပးရ၊• ၆ နှစ်အောက်ကလေး မပေးရ၊
ဘေးထွက်ဆိုးကျိုးတွေ• Paracetamol ဆေးဟာ ကတ္တရာစေးကနေ ထုတ်လုပ်တာ ဖြစ်တယ်။• High dose-usage ဆေးများများပေးရင် (တနေ့မှာ 2,000 mg ထက်ပိုရင်) အစာလမ်းကြောင်းအထက်ပိုင်း (အစာအိမ်) ကနေ သွေးယိုလာနိုင်တယ်။• Heavy use ဆေးကို သိပ်ကြာကြာသုံးရင် (တနှစ်မှာ 300 gm ဒါမှမဟုတ် တနေ့မှာ 1 gm) ပေးရင် Small Indented and Calcified Kidneys ဆိုတာ ဖြစ်စေနိုင်တယ်။ ကျောက်ကပ်မကောင်းရင်လဲ မပေးသင့်ဘူး။• Hepatotoxicity အသဲကို ထိခိုက်စေတယ်။• Habitual use ဆေးကို ခဏခဏသုံးတာ များလာရင် ဆေးအဆတိုးမှ သက်သာစေတယ်။• အရက်သောက်တာ၊ အစာမစားဘဲနေတာ၊ အစာစားချင်စိတ် မရှိသူတွေမှာ ဆေးရဲ့ ဘေးထွက်-ဆိုးကျိုး ပိုရစေနိုင်တယ်။• တီဘီ ဆေးတွေထဲက Isoniazid (INH) နဲ့ တွဲမပေးသင့်ဘူး။• ကိုယ်ဝန်ဆောင်နဲ့ ကလေးနို့တိုက်နေသူတွေ ဆရာဝန်နဲ့ တိုင်ပင်သောက်ရမယ်။• Paracetamol နဲ့အတူ တခြား အနာ-အကိုက်သက်သာဆေး (Aspirin, Ibuprofen, Mefenamic acid. Diclofenic) နဲ့ ရောထားတာသုံးရင်လဲ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ သောက်ရမယ်။• ၁၂-၁၁-၂ဝ၁၁ နေ့က ပါရာစီတမောဆေးနဲ့ တခြားဆေးတမျိုးမျိုးကို တွဲရောင်းတာမှန်သမျှ တပြား-တတောင့်မှာ Paracetamol 325 mg ထက် ပိုပြီး မပါစေဘို့ ထုတ်ပြန်လိုက်ပါတယ်။• သွေးကျဲဆေး၊ ကိုယ်ဝန်တားဆေးတွေနဲ့ အတူသောက်ရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။
Dr. တင့်ဆွေ

(ဆရာကြီး၏ ခွင့်ပြုချက်ဖြင့် Mawlamyine Daily မှဖော်ပြပါသည်။)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s