ရန်ကုန်က ဆေးရုံအချို့မှာ ကုတင်မလုံလောက်လို့ ကိုဗစ်လူနာတွေကို ထိုင်ခုံတွေနဲ့ ထားနေရတယ်ဆိုတဲ့ သတင်းအမှား

YGH

မော်လမြိုင်၊ ၁၉ စက်တင်ဘာ ၂၀၂၀

လူမှုကွန်ရက်ဖေ့ဘွတ်ခ်သုံးစွဲသူတွေ၊ ဖေ့ဘွတ်ခ်ပေ့ခ်ျနဲ့ ဂရုတွေမှာ ပျံ့နှံ့နေတဲ့ သတင်းအမှား တစ်ခုကို အချက်အလက်စစ်ဆေးသူတွေ သတိထားမိခဲ့ပါတယ်။
ဒီအကြောင်းအရာကတော့ “ ရန်ကုန်က ဆေးရုံအချို့မှာ ကုတင်မလောက်တော့လို့ ကိုဗစ်လူနာတွေကို ပလက်စတစ်ထိုင်ခုံတွေနဲ့ ထားနေရတယ်” ဆိုတဲ့ သတင်းအမှားပဲ ဖြစ်ပါတယ်။
ဒီသတင်းအမှားကို Than Tun Aung ဆိုတဲ့ ဖေ့ဘွတ်ခ်က တင်ထားတာဖြစ်ပြီး တခြားသတင်းမီဒီယာတွေက သတင်းတွေကို ကူးယူဖော်ပြလေ့ရှိတဲ့ သတင်းမီဒီယာ အမည်ခံနေတဲ့ “ ဟစ်တိုင် – အွန်လိုင်း သတင်းဌာန” ဆိုတဲ့ ဖေ့ဘွတ်ခ်ပေ့ခ်ျက အောက်တိုဘာ ၅ရက် မွန်းလွဲပိုင်းမှာ ပြန်လည်ကူးယူ ဖော်ပြခဲ့ တာ ဖြစ်ပါတယ်။
“ ဟစ်တိုင် – အွန်လိုင်းသတင်းဌာန” က တင်ထားတဲ့ ဒီသတင်းအမှားကို Like and react ပြုလုပ်သူ ၁၃၀၀ ကျော်နဲ့ ပြန်လည်မျှဝေသူ ၈၉၀ ကျော်အထိရှိခဲ့ပါတယ်။
ဘာလို့သတင်းအမှားလဲလို့ ပြောရတာလဲဆိုရင်

ဆေးရုံကုတင်တွေ မလုံလောက်တာကြောင့် ကိုဗစ်လူနာတွေကို ပလက်စတစ်ထိုင်ခုံ တွေနဲ့ ထားနေရတဲ့ အခြေ အနေဖြစ်နေပြီလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ တရားဝင်ဖေ့ဘွတ်ခ်နဲ့ ဝက်ဆိုက်ဘ်တွေ မှာ ရေးသားဖော်ပြထား တာ မတွေ့ရပါဘူး။ ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး သတင်းမီဒီယာလုပ်ငန်းစဉ်အ တိုင်း ရေးသားဖော်ပြနေတဲ့ သတင်းဌာန တွေမှာလည်း ရေးသားထားတာ မတွေ့ရပါဘူး။ လူမှုကွန်ရက်ပေါ် ပျံ့နှံ့နေတဲ့ ဓာတ်ပုံဟာ ကိုဗစ်လူနာတွေ သက်ဆိုင်ရာဆေးရုံအဆောင်တွေမှာ တက်ရောက်ကုသမှု ခံယူဖို့ စောင့် ဆိုင်းနေတာ ဖြစ်တယ်လို့ မြောက်ဥက္ကလာဆေးရုံမှာ တာဝန်ထမ်းဆောင်နေတဲ့ ဆရာဝန်တစ်ဦးက သူ့ရဲ့ ဖေ့ဘွတ်ခ်စာမျက်နှာမှာ ရှင်းလင်းရေးသားထားပါတယ်။ မြောက်ဥက္ကလာပမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဇော်လွင်ကတဆင့် ဟုတ်တယ် Vs မဟုတ်ဘူးက မြောက်ဥက္ကလာပဆေးရုံက တာဝန်ကျဆရာဝန်တစ်ဦးကို အတည်ပြုမေးမြန်းခဲ့ရာမှာတော့ ဒီအကြောင်းအရာဟာ သတင်းအမှားဖြစ်တယ်လို့ အတည်ပြုပြောကြားပါတယ်။ ဒါကြောင့် ဒီအကြောင်းအရာဟာ သတင်းအမှားပဲ ဖြစ်ပါတယ်။
အခုလိုမျိုးကပ်ရောဂါအခြေအနေမှာ လူမှုမီဒီယာပေါ်မှာ သတင်းအမှားတွေက နည်းမျိုးစုံနဲ့ပျံ့နှံ့နေတဲ့အတွက် တာဝန်ယူမှု တာဝန်ခံမှုမရှိတဲ့ သတင်းမီဒီယာအယောင်ဆောင် ဝဘ်ဆိုက်ဒ်/ စာမျက်နှာတွေက တင်တဲ့ သတင်းတွေကိုမယုံကြည်ဖို့လိုအပ်ပြီး အစိုးရရဲ့တရားဝင်သတင်းထုတ်ပြန်ချက်တွေနဲ့သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်းဆောင်ရွက်ပြီး တာဝန်ယူမှုတာဝန်ခံမှုရှိတဲ့သတင်းဌာနတွေရဲ့ သတင်းတွေကိုပဲ ဖတ်ရှုပြီးမှ ယုံကြည်သင့်ပါတယ်။သတင်းတွေကို အမှား/အမှန်ခွဲခြားရခက်နေတယ်ဆိုရင် ဟုတ်တယ် Vs မဟုတ်ဘူး Facebook page ရဲ့ Messenger bot ကို ကိုယ်စစ်ဆေးလိုတဲ့သတင်းရဲ့ လင့်ခ် ဒါမှမဟုတ် Screenshot ကို ပေးပို့မေးမြန်းစိစစ်ခိုင်းလို့ရနေပါပြီ။
မြန်မာနိုင်ငံအတွင်း သတင်းအတု၊ သတင်းအမှားတွေကို စီစစ်ဖော်ထုတ်နေသည့် ( ဟုတ်တယ် Vs မဟုတ်ဘူး ) ဆိုသည့် နည်းပညာအဖွဲ့၏ ခွင့်ပြုချက်ဖြင့် ကူးယူဖော်ပြသည်။
(ဟုတ်တယ် Vs မဟုတ်ဘူး) Facebook စာမျက်နှာမှ မူရင်းလင့်https://www.realornotmm.info/2020/10/07/fact-check-yangonhospital-not-enought-bed-false-news-covid-19-false-news/
#Mawlamyine Daily

#Fact Check

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s