ဘုရားပုံကိုနင်းပြီး က တာဟာ တကယ့်ဘုရားကိုနင်းတာမဟုတ်လို့ အပြစ်မရှိဘူးလို့ ဒေါ်အောင်ဆန်းစုကြည်ပြောတယ်ဆိုပြီး ဖြန့်နေတဲ့သတင်းအမှား

fake

မော်လမြိုင်၊ ၁၉ စက်တင်ဘာ ၂၀၂၀
လူမှုမီဒီယာဖေ့ဘွတ် ပေါ်မှာ ဖြန့်နေတဲ့သတင်းအမှားတစ်ပုဒ်ကို အဖွဲ့သားတွေက အချက်အလက်စိစစ်ခဲ့ပါတယ်။ အဲ့ဒီသတင်းအမှား ကို Cherry Media ဆိုတဲ့ သတင်းမီဒယာအယောင်ဆောင်စာမျက်နှာတစ်ခုနဲ့ ကိုသား ငယ် ဆိုတဲ့ အကောင့်ကနေ အောက်တိုဘာ ၁၂ ရက် ညပိုင်းကတင်ထားတာကိုတွေ့ရပြီးတော့ လက်ရှိ အချိန်ထိ ပြန်လည်ဝေမျှသူ အများအပြားရှိနေပါတယ်။
အဲ့ဒီစာမျက်မှာတွေမှာ တင်ထားတဲ့အကြောင်းအရာခေါင်းစဉ်ကတော့ “ဘုရားပုံ ပန်းချီကားလိုပုံဖော်ထားတာကို နင်းပြီးက တာ တကယ့်ဘုရားကိုနင်းတာမဟုပ်တဲ့အတွက် အပြစ်မရှိဘူးလို့ ဒေါ်အောင်ဆန်းစုကြည်ပြော” ဆိုတဲ့ သတင်းအမှားအကြောင်းအရာဖြစ်ပြီးတော့ သိပ်မကြာသေးခင်က လူမှုမီဒီယာပေါ်မှာ လူပြောများသွားတဲ့ Project K အဖွဲ့ရဲ့ ဂီတဖျော်ဖြေမှုပွဲနဲ့ပတ်သက်ပြီးသတင်းအမှားဖန်တီးထားတာဖြစ်ပါတယ်။
သတင်းအမှားအကြောင်းအရင်းစိစစ်ချက်
အဲ့ဒီသတင်းအမှားမှာ ဖော်ပြထားတာကတော့ “ ပြီးခဲ့သည့်အောက်တိုဘာလ ၉ ရက်နေ့က Project k အဖွဲ့မှ ရွှေတိဂုံပုံရိပ် ကိုနင်းပြီး ကကွက်တစ်ခုကို ပုံဖော်ပြုလုပ်ခဲ့သည့် အတွက် လူမှုကွန်ယက်ပေါ်မှာ ဝေဖန်မှုတွေမြင့်တက်ခဲ့သည့် အပေါ် ပန်းချီကားလို LED မီတွေနဲ့ပုံဖော်ထားတဲ့ ပုံပေါ်မှာကတာဟာ တကယ့်ဘုရားပေါ်တက်နင်းပြီး ကနေတာ မဟုပ်တဲ့အတွက် သူတို့မှာအပြစ်မရှိဘူးလို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကပြောကြားလိုက်ပါတယ်” ဆိုပြီး ဒေါ်အောင်ဆန်းစု ကြည်က ပြောသယောင်နဲ့ သတင်းအမှားဖန်တီးထားတာဖြစ်ပါတယ်။
ဒါ့အပြင် အဲ့ဒီသတင်းအမှားပို့စ်မှာပဲ ဒေါ်အောင်ဆန်းစုကြည်က “ လူငယ်တွေဆိုတာ အမြဲတမ်းဆန်းသစ်မှုတွေကိုတီထွင်နေရမယ် နိုင်ငံတကာစံနှုန်းတွေနဲ့ညီတဲ့ ယဉ်ကျေးမှုတွေကို ဖော်ဆောင်နေဘို့အတွက် အခုလိုအယူသည်းမှုတွေကို ဖယ်ထားခဲ့ပြီးဆက်လုပ်သင့်တာလုပ်သွားဘို့အားပေးခဲ့ပြီး ယခုကိစ္စမှာလည်း ပုံဖော်ထားတဲ့ပန်းချီကားကို နင်းတာဖြစ်ပြီး တကယ့်စေတီပေါ်တက်နင်းပြီးကပြတာမဟုပ်တဲ့အတွက် အပြစ်မရှိဘူး” လို့ ပြောတယ်ဆိုပြီး သတင်းအမှားလုပ်ထားပါသေးတယ်။ ဒါကြောင့်ဒီသတင်းဟာ သတင်းအမှားဖြစ်ကြောင်း စိစစ်ပြီး အားလုံးကိုအသိပေးရခြင်းဖြစ်ပါတယ်။
ဘာလို့သတင်းအမှားလို့ပြောရတာလဲဆိုရင်
သတင်းအမှားမှာ ဒေါ်အောင်ဆန်းစုကြည်က “ပုံဖော်ထားတဲ့ပန်းချီကားကို နင်းတာဖြစ်ပြီး တကယ့်စေတီပေါ်တက်နင်းပြီးကပြတာမဟုပ်တဲ့အတွက် အပြစ်မရှိဘူး”လို့ပြောတယ်ဆိုပြီး ရေးသားထားပါတယ်။ အဲ့လိုစကားမျိုးကို ဒေါ်အောင်ဆန်းစုကြည်က လုံးဝ မပြောခဲ့ပါဘူး။ Project K အဖွဲ့ရဲ့ ဖျော်ဖြေပွဲနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က အခုထိ ဘာမှတ်ချက်မှ လုံးဝ မပေးထားပါဘူး။ သတင်းအမှားမှာ တွဲပြီးဖော်ပြထားတဲ့ပုံတွေက ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၂၅ ရက်နေ့တုန်းက ဒေါ်အောင်ဆန်းစုကြည်က သူမရဲ့ရန်ကုန်မြို့နေအိမ်မှာ Project K အဖွဲ့ကိုလက်ခံတွေ့ ဆုံတုန်းက ပုံတွေကို ပြန်အသုံးပြုထားတာဖြစ်ပါတယ်။
မြန်မာနိုင်ငံအခြေစိုက် သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်းရေးသားထုတ်ဝေနေတဲ့ သတင်းမီဒီယာတွေနဲ့ နိုင်ငံတကာမီဒီယာတွေမှာလည်း ဒေါ်အောင်ဆန်းစုကြည်က အဲ့ဒီလိုမျိုး ပြောတယ်ဆိုတာကို လုံးဝ မဖော်ပြထားပါဘူး။
Project K အဖွဲ့ရဲ့ ဖျော်ဖြေပွဲနဲ့ပတ်သက်ပြီး ဝေဖန်မှုတွေထွက်ပေါ်ခဲ့တာကို သတင်းမီဒီယာတွေက ဖော်ပြထားတဲ့သတင်းအချို့ကို သွားရောက်ဖတ်ရှုနိုင်ပါတယ်။ Project Kအဖွဲ့ရဲ့ လူမှုမီဒီယာစာမျက်နှာမှာလည်း အဲ့ဒီဖျော်ဖြေပွဲ အလွဲနဲ့ပတ်သက်ပြီး တောင်းပန်ကြောင်းပို့စ်ကို တင်ထားပါတယ်။
စာဖတ်ပရိတ်သက်တွေအနေနဲ့လည်း ရွေးကောက်ပွဲ နီးတဲ့ ကာလမှာ ဒီလို သတင်းအမှားတွေ၊သတင်းအဟောင်းတွေနဲ့ စာဖတ်သူလူထုကို လှည့်ဖျားတဲ့ သတင်းတွေကိုမယုံကြည်မိဖို့လိုပါ တယ်။ဒါကြောင့် သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း ဆောင်ရွက်နေတဲ့သတင်းမီဒီယာတွေက ဖော်ပြတဲ့သတင်း တွေ၊ နိုင်ငံရေးပါတီတွေရဲ့ တရားဝင်ဖေ့ဘွတ်ခ်စာမျက်နှာတွေ၊ဝက်ဘ်ဆိုဒ်တွေက သတင်းတွေကိုပဲ ဖတ်ရှုယုံ ကြည်ကြဖို့လိုပါတယ်။ဒီလိုတရားဝင် သတင်းထုတ်ပြန်ချက်တွေကိုသာဖတ်ရှုပြီး ကိုယ်မဲပေးရမယ့် နိုင်ငံရေးပါတီ ကို ရွေးချယ်စေလိုပါတယ်။ ဖေ့ဘွတ်ခ်ပေါ်က တစ်ဖက်သက်ထင်မြင်ယူဆချက်တွေ၊ လှည့်ဖျားထားတဲ့သတင်းအကြောင်းအရာအမှားတွေကို မယုံကြည်မိဖို့လိုပါတယ်။
အခုလိုမျိုးကပ်ရောဂါအခြေအနေမှာ လူမှုမီဒီယာပေါ်မှာ သတင်းအမှားတွေက နည်းမျိုးစုံနဲ့ပျံ့နှံ့နေတဲ့အတွက် တာဝန်ယူမှု တာဝန်ခံမှုမရှိတဲ့ သတင်းမီဒီယာအယောင်ဆောင် ဝဘ်ဆိုက်ဒ်/ စာမျက်နှာတွေက တင်တဲ့ သတင်းတွေကိုမယုံကြည်ဖို့လိုအပ်ပြီး အစိုးရရဲ့တရားဝင်သတင်းထုတ်ပြန်ချက်တွေနဲ့သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်းဆောင်ရွက်ပြီး တာဝန်ယူမှုတာဝန်ခံမှုရှိတဲ့သတင်းဌာနတွေရဲ့ သတင်းတွေကိုပဲ ဖတ်ရှုပြီးမှ ယုံကြည်သင့်ပါတယ်။
သတင်းတွေကို အမှား/အမှန်ခွဲခြားရခက်နေတယ်ဆိုရင် ဟုတ်တယ် Vs မဟုတ်ဘူး Facebook page ရဲ့ Messenger bot ကို ကိုယ်စစ်ဆေးလိုတဲ့သတင်းရဲ့ လင့်ခ် ဒါမှမဟုတ် Screenshot ကို ပေးပို့မေးမြန်းစိစစ်ခိုင်းလို့ရနေပါပြီ။
မြန်မာနိုင်ငံအတွင်း သတင်းအတု၊ သတင်းအမှားတွေကို စီစစ်ဖော်ထုတ်နေသည့် ( ဟုတ်တယ် Vs မဟုတ်ဘူး ) ဆိုသည့် နည်းပညာအဖွဲ့၏ ခွင့်ပြုချက်ဖြင့် ကူးယူဖော်ပြသည်။


(ဟုတ်တယ် Vs မဟုတ်ဘူး) Facebook စာမျက်နှာမှ မူရင်းလင့်https://www.realornotmm.info/2020/10/13/fact-check-project-k-and-daw-assk-false-news/

#Mawlamyine Daily

#Fact Check

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s