Meniere’s disease အမူးရောဂါ

Meniere's disease အမူးရောဂါ

မော်လမြိုင်၊ ၁၇ အောက္တိုဘာ ၂၀၂၀
မင်္ဂလာပါဆရာရှင့် ဖေဖေက Meniere’s disease ရောဂါ ခံစားနေရတာပါ။ အသက်က ၅၈ နှစ်ရှိပါပြီ။ ရောဂါခံစားနေရတာ ၅ နှစ်ကျော်ပါပြီ။ အကြားအာရုံကဖြစ်တဲ့ ဘယ်ဖက်မှာ တော်တော်ချို့တဲ့နေပါပြီ။ အကြားအာရုံ ပြန်ကောင်းဖို့ထက် နောက်ထပ် ထပ်ပြီးမမူးအောက် ဘယ်လိုနေထိုင်သင့်တယ်ဆိုတာ လမ်းညွှန်ပေးပါဆရာ။ ဖေဖေ တခါတလေ မူးလဲတတ်ပါတယ်၊ တခါတလေ အန်ပါတယ်။ မကြည့်ရက်လို့ပါဆရာ။
Betaserc 24 (24mg betahistine dihydrochloride tablets) က အခု ဖေဖေ့ကို ENT Specialist ညွှန်းထားတဲ့ဆေးပါ။တနေ့ကို ၂ လုံးသောက်ခိုင်းပါတယ်။ နေမကောင်းရင် ပိုတိုးပြီးသောက်နိုင်တယ်လို့ ပြောပါတယ်ဆရာ။
Vertigo အမူးရောဂါ အရက်ကြောင့်မဟုတ်ပါစာပို့ပါတယ်။
သမီး ဆရာ့ရဲ့ အဲဒီ Post ကိုဖတ်ရပါတယ်။ ဖြစ်နိုင်ရင် အစားအစာနဲ့ ထိန်းလို့ရရင် ထိန်းချင်ပါတယ်ဆရာ။ အင်္ဂလိပ်ဆေး (တိုင်းရင်ဆေးရောပါပဲ) side effect ရှိတယ်ကြားဖူးလို့ပါ။ ကျေးဇူးတင်ပါတယ်ဆရာ။
အစားအစာနဲ့မဆိုင်။ တိုင်းရင်းဆေး မသိပါ။ ဆောရီး။
ဟုတ်ကဲ့ပါဆရာ။ ဒါဆိုလဲ ဆေးနဲ့ပဲ ထိန်းနေရမှာပေါ့။ Betaserc 24 (24mg betahistine dihydrochloride tablets) ရဲ့ side effect လေးလဲသိပါရစေဆရာ။ ဆရာတို့မိသားစု ကျန်းမာချမ်းသာပါစေ
Betahistine ဆေးကို Ménière’s syndrome ခေါ် ခေါင်းမူးရောဂါအတွက်ပေးတယ်။ အဲတာထဲမှာ vertigo, tinnitus, hearing loss and nausea အမူးရောဂါတွေနဲ့ နားမကြားတာတွေပါဝင်တယ်။
လူကြီး = 8 to 16 mg တနေ့ ၃ ကြိမ်၊ စပေး။ အစာနဲ့သောက်တာပိုသင့်။ သက်သာလာရင် နေ့စဉ် 24 – 48 mg ပေးထားသင့်။
Betahistine ဆေးကို phaeochromocytoma ရောဂါရှိသူမပေးသင့်။ အစာလမ်းလေနာရှိသူ သတိထားပေးသင့်။ သွေးဖိအား BP နည်းလွန်းသူ သတိထားပေးသင့်။ ဆေးသောက်နေစဉ် ကားမမောင်းသင့်။ ၁၈ နှစ်အောက် မပေးသင့်။
ဘေးထွက်သက်ရောက်မှုများအဖြစ်များ = ခေါင်းကိုက်၊ တခါတရံခေါင်းမူး၊ရှားပါး = ပန်းနာ၊ ရင်တုန်၊ ပျို့၊ အစားပျက်၊


ဒေါက်တာတင့်ဆွေ

(ဆရာကြီး၏ ခွင့်ပြုချက်ဖြင့် Mawlamyine Daily မှဖော်ပြပါသည်။)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s