မော်လမြိုင်၊ ၁၃ အောက္တိုဘာ ၂၀၂၀
Goitre လည်ပင်းကြီးရောဂါ အမျိုးမျိုးရှိတယ်။ အိုင်အိုဒင်းဆားနည်းလို့ ရပ်လိုက်ရွာလိုက်ဖြစ်တာက များတယ်။ မြင်တာနဲ့ သိသာတယ်။ လည်ပင်းကြီးနေတာမမြင်ရဘဲ ဟော်မုန်းများနေတာကို Hyperthyroidism ခေါ်တယ်။ Toxic Goitre လို့လဲ ခေါ်တယ်။ Hypothyroidism ဆိုတာကတော့ ဟော်မုန်းနည်းရောဂါဖြစ်တယ်။ ကင်ဆာနဲ့ တခြားအကြောင်းတွေကြောင့် ကြီးနေတာတွေဆိုပြီးရှိတယ်။ ဖြစ်တာမတူကြလို့ ကုရတာလဲ တခြားဆီဖြစ်တယ်။
လည်ပင်းကြီးနေမှတော့ အိုင်အိုဒင်းဆားပေးကုပေမဲ့ ကြီးပြီးသားက ပြန်မငယ်နိုင်တော့ပါ။ ဆက်မတိုးတာနဲ့ ဟော်မုန်း နည်းလို့ ဖြစ်ရတာတွေကိုသာ ကာကွယ်ပါမယ်။ လည်ပင်းကြီးနေတော့ အကြည့်ရဆိုးတဲ့ ပြဿနာသာ ရှိပါတယ်။ မျိုလို့လဲ မခက်၊ အသက်လဲ ကောင်းကောင်း ရှူနိုင်တယ်။ Hyperthyroid ကို Carbimazole, Methimazole, Propylthiouracil ဆေး ပေးနည်း၊ Iodine-131 Radioactive isotope အနုမြူဆေးပေးနည်း၊ Thyroidectomy ခွဲစိတ်နည်း ဆိုပြီးရှိတယ်။ (မေဂျာ-အော်ပရေးရှင်း) ဖြစ်ပါတယ်။ တော်တော့ဆရာဝန် မခွဲခြင်ပါ။
Hyperthyroidism ထဲမှာ အများဆုံးဖြစ်တဲ့ Graves disease ဆိုတာက Autoimmune disease အမျိုးအစား ဖြစ်တယ်။ ဘာလို့လဲဆ ိုတော့ ရောဂါပြီးစနစ် ကမောက်မဖြစ်လို့ ဟော်မုန်းတွေ လိုတာထက် ပိုထုတ်ပေးနေလို့ပါ။ အမျိုးသမီးတွေက ပိုဖြစ်ကြတယ်။ ၂၅-၃ဝ% မှာ Exophthalmos ဆိုတဲ့ မျက်လုံးပြူလာတာ ဖြစ်ကြတယ်။ ခြေသလုံးရှေ့ပိုင်း ရောင်နေမယ်။ သွေးတိုး (အထက်သွေး) များမယ်။ ဘာဖြစ်ဖြစ် တုံ့ပြန်တာ မြန်ဆန်တယ်။ ဘာဘဲလုပ်လုပ် သွက်လက်တက်ကြွနေမယ်။ အားယုတ်တယ်လို့ ခံစားရမယ်။ အိပ်မပျော်ဘူး။ လက်တုံနေမယ်။ ပိန်လာမယ်။ စားခြင်စိတ် ပိုနေမယ်။ ဒါ့ကြောင့် တချို့က ဝလာမယ်။ အပူမခံနိုင်ဘူး။ မအိုက်လှတာတောင် ရောဂါသည် ဇနီးက ပန်ကာဖွင့် အိပ်ခြင်နေမယ်။ ချွေးထွက် များနေမယ်။ ဆံပင်ပါးမယ်။ လက်သည်းခြေသည်း ကြွပ်တယ်။ (ဆိုင်းနပ်) ရောဂါဝင်လာမယ်။ ဝမ်းပျက်မယ်။ ယောက်ျားမှာ ရင်သား ထွက်လာမယ်။
ဖြစ်နေလဲ စိတ်အားမငယ်ပါနဲ့။ မြောက်ကိုရီးယား ခေါင်းဆောင် Kim Il-Sung မှာရော အမေရိကန်သမတ George H. W. Bush နဲ့ သူ့ဇနီး Barbara Bush တို့မှာ ဒီရောဂါရှိကြတယ်။ သားတွေကို ခေါင်းဆောင်ဖြစ်အောင် လုပ်ပေးနိုင်ကြသူတွေပါ။
လူဦးရေရဲ့ ၃% မှာ Hypothyroidism ဟော်မုန်းနည်းရောဂါ ရှိတယ်။ ကလေးဖွါးပြီး တနှစ်အတွင်းမှာ ၅% အမေတွေ ဖြစ်တတ်ကြတယ်။ လူက ထိုင်း-လေးနေမယ်။ အေးတာ မခံနိုင်ဘူး၊ ချွေးများတယ်။ ဝမ်းချုပ်တယ်၊ လူက ဝလာမယ်။ စိတ်ဓါတ်ကျတယ်။ ခြေသည်း-လက်သည်းတွေ ကြွပ်ဆတ်နေမယ်။ ဆံပင်ကြမ်းမယ်။ နှလုံးခုန် နှေးနေမယ်။ ကြာလာရင် စကားအပြောအဆိုပါ နှေး-လေးလာမယ်။ အသားအရေလဲ ခြောက်နေမယ်။ မျက်ခုံးမွှေးက ဘေးဘက်မှာ ပါးလာမယ်။ ရာသီမမှန်ဖြစ်မယ်။
Levothyroxine ဆေးပေးကုတယ်။ အရွယ်အစားလည်း လျှော့စေတယ်၊ ကင်ဆာနဲ့ ကင်ဆာမဟုတ် အကျိတ်ဖြစ်တာလဲ နည်းစေတယ်။ ဟော်မုန်းများလို့ ခွဲတဲ့အခါ တချို့မှာ ဟော်မုန်း ဆက်ထုတ်ဘို့တောင် မကျန်တော့ရင် ဟော်မုန်းနည်းရောဂါ ဖြစ်လာပြန်လို့ တသက်လုံး ဆေးသောက်နေရမယ်။
Graves’ disease ဖြစ်နေရင်းကနေ မုန်တိုင်းဝင်လာသလို Thyroid Storm လည်ပင်းကြီး-မုန်တိုင်းဖြစ်လို့ အရေးပေါ်ဌာန ရောက်လာကြတဲ့ အခြေအနေပါ။ စမ်းကြည့်တော့ ကိုယ်ပူ၊ လူကရင်တုန်ု၊ စိတ်က ပုံမှန်မဟုတ်ဖြစ်နေမယ်။ ချက်ချင်းဘဲ အောက်စီဂျင်ပေး၊ သွေးပြန်ကြောထဲဆေးသွင်း၊ Dexamethasone ထိုး၊ Propranolol ဆေး IV ၁ဝ မိနစ်တခါ ထိုးပေးရတယ်။ Reserpine နဲ့ Guanethidine ဆေးတွေအပြင် Propylthiouracil, Methimazole တွေကိုလည်း ပေးတယ်။
ကုသမှုလမ်းညွှန် အချုပ်(၁) Anti-thyroid medicine ဆေးပေနည်း၊(၂) Radioactive iodine နူကလီယာဆေးပေးနည်း နဲ့(3) Surgery ခွဲစိတ်ကုသနည်း။
• အသက်၊ ဟော်မုန်းဘယ်လောက်များနေသလဲ၊ ကိုယ်ခံကျန်းမာရေးအခြေအနေတွေကိုကြည့်ပြီး ဆေးကုသနည်း ရွေးရမယ်။• အစပျိုးကုသနည်းအဖြစ် ဆေးပေးနည်းနဲ့ နူကလီယာဆေးပေးနည်းကို သုံးတယ်။ အသင့်အတင့်သာ ဆိုးသူတွေကို ရိုးရိုးဆေးပေးနိုင်တယ်။ အသက်လဲ ၅ဝ အောက်နဲ့ လည်ပင်းလဲသိပ်မကြီးသူတွေအတွက် ကောင်းတယ်။• အသက် ၅ဝ ကျော်ရင်၊ ဟော်မုန်းတွေအများကြီးထုတ်ပေးနေတဲ့ Thyroid nodules (Toxic multinodular goiter) လည်ပင်းမျာအဖုအကျိတ်ရှိနေရင် နူကလီယာဆေးပေးနည်းကို သုံးတယ်။• ကိုယ်ဝန်ရှိနေရင်၊ ကလေးနို့တိုက်နေရင်၊ Thyroiditis လည်ပင်းကြီးရောင်ရမ်းရောဂါဖြစ်နေရင် နူကလီယာဆေး ပေးနည်းကို မသုံးရပါ။ ဒီဆေးနည်းခံယူပြီး ၆ လ အတွင်းကိုယ်ဝန်မဆောင်ရပါ။• နှလုံးခုန်မြန်နေရင်၊ ခြေလက်တုန်နေရင်၊ ချွေးထွက်များနေရင်၊ ဂဏာမငြိမ်ဖြစ်နေရင် တခြားဆေးကိုပါ တွဲပေးမယ်။ Propranolol ဆေး။• ခွဲစိတ်ကုသနည်းကို အမြဲမရွေးပါ။ လည်ပင်းသိပ်ကြီးနေသူတွေ၊ လည်ပင်းကြီးအကျိတ်တခုကနေ ဟော်မုန်းတွေ များများထုတ်ပေးနရင် ခွဲသင့်တယ်။
Dr. တင့်ဆွေ
(ဆရာကြီး၏ ခွင့်ပြုချက်ဖြင့် Mawlamyine Daily မှဖော်ပြပါသည်။)