မိမိတို့ရဲ့ အမြဲတမ်း နေရပ်ကနေ ရက် (၉၀) ထက်မနည်း မဲဆန္ဒနယ် ပြင်ပကို ရောက်ရှိ နေသူတွေ အနေနဲ့ ရွေးကောက်ပွဲမှာ မဲပေး နိုင်ဖို့ အတွက် ပုံစံ ၃ (က) ကို ဖြည့်စွက် နိုင်တဲ့ လျှောက်ထားလွှာ တင်ဖို့ အတွက် ကနေ့ အောက်တိုဘာလ (၁၀) ရက်နေ့ လျှောက်လွှာ တင်သွင်းနိုင်တဲ့ နောက်ဆုံးရက် ဖြစ်ပါတယ်။
ဝန်ထမ်းဖြစ်ရင်တော့ သက်ဆိုင်ရာတာဝန်ခံ၏ ထောက် ခံချက်၊ အလုပ်သမား ဖြစ်မယ်ဆိုရင် လုပ်ငန်းရှင် (သို့) လုပ်ငန်းကိုယ်စားလှယ်ရဲ့ ထောက်ခံချက်နဲ့ အခြားပုဂ္ဂိုလ်ဖြစ်ရင်တော့ မိမိကိုယ်တိုင်ဝန်ခံချက် (သို့) ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးထောက်ခံချက်ဖြင့် တွေကို တင်ပြပြီး လျှောက်ထားနိုင်ကြပါတယ်။ တောင်းဆိုလျှောက်ထားရာမှာလည်း မိမိ အမြဲတမ်းနေရပ်မှာ ပါဝင်နေတဲ့ မဲစာရင်းအမှတ်စဉ်ကို ဖြည့်သွင်းဖို့လည်း လိုအပ်ပါတယ်။
ဖြည့်စွက်ရမည့် ပုံစံ (၃-က) ကို အောက်ပါလင့်တွင် ဒေါင်းလုဒ် ရယူနိုင်ပါသည်။
(ယခု အစီအစဉ်သည် #NEI‘s Election Info Desk ၏ခွင့်ပြုချက်ဖြင့် #Mawlamyine Daily တွင်ဖော်ပြသည်။)