SLE ထူးခြားတဲ့ရောဂါ

SLE ထူးခြားတဲ့ရောဂါ

မော်လမြိုင်၊ ၉ ေအာက္တိုဘာ ၂၀၂၀


၁။ ဆရာရှင့် ကျွန်မက SLE patient ပါရှင့်။ ESR ၃ဝ ဖြစ်နေတယ်ပြောပြီး ဘာတွေဆောင်ရရှောင်ရမလဲ မသိလို့ပါရှင်။ azarthioprine အစား methotrexate ပြန်ပေးထားပါတယ်ရှင့်။
၂။ ဆရာရေ SLE ရောဂါအကြောင်းမေးချင်လို့ပါ။ ဆရာမှာ Posts တင်ပြီးသားရှိရင်လည်း လင့်လေးပေးပါဆရာ။ သမီး ညီမတဝမ်းကွဲလေး ဆေးခန်းပြတာ SLE လို့ထင်ရတယ်လို့ပြောပါတယ်။ ဆေးရော DNA ရောစစ်ထားတာ အဖြေတော့ မရသေးပါဘူး။ မျိုးရိုးက နှစ်ဖက်စလုံးမှာပါ SLE ဖြစ်ဖူးပါတယ်။ လက်ရှိကလေးအဖွားမှာရော သူအမေရဲ့အမွှာညီမ ကလည်း SLE နဲ့ဆုံးခဲ့ဖူးပါတယ်။ ကလေးက မိန်းကလေး ၁ဝ နှစ်ပဲရှိပါသေးတယ်။ ဘယ်လို ကာကွယ်မှုတွေနဲ့နေရင် သက်တမ်းစေ့နေနိုင်မလဲ သိချင်လို့ပါ ဒေါက်တာ။
ဒီရောဂါကို Systemic Lupus Erythematosus (SLE), Disseminated Lupus Erythematosus (DLE), Lupus Erythematosus, Lupus, Discoid lupus နာမည်တွေအမျိုးမျိုးအပြင် Autoimmune connective tissue disease လို့ တိတိကျကျခေါ်တယ်။ Lupus (လူးပတ်စ်) ဆိုတာလက်တင်ဘာသာနဲ့ ဝံပုလွေဖြစ်တယ်။ အရင်ကဝံပုလွေကိုက်လို့ ဖြစ်တာလို့ ထင်ခဲ့တယ်။ အနာကပျောက်ရင် အတွင်းပိုင်းကအရင်မို့ အကောင်ကိုက်ထားသလိုနေတာမို့ ထင်ခဲ့ကြတာပါ။ လေးဖက်နာလို့အရပ်ခေါ်ရောဂါအုပ်စုထဲက တခုဖြစ်တယ်။
နာတာရှည်ရောဂါဖြစ်တယ်။ ကိုယ်ခန္ဓာရဲ့ ရောဂါပြီးစနစ်ကမောက်မဖြစ်တာပါ။ ဆရာဝန်တွေလဲဒီလောက်သာသိတယ်။ အရေပြား၊ အဆစ်၊ ဦးနှောက်၊ ကျောက်ကပ် နဲ့ တခြားအင်္ဂါအစိတ်အပိုင်းတွေမှာ ဖြစ်နိုင်တယ်။ ကိုယ်နဲ့မသင့်တဲ့ ဆေးတွေကြောင့် ဖြစ်လာနိုင်တယ်။ ဆေးတွေရပ်ရင် ပြန်ကောင်းနိုင်တယ်။
ရောဂါလက္ခဏာတွေကတယောက်နဲ့တယောက် မတူကြဘူး။ ပေါ်လိုက်-ပျောက်လိုက်နေတယ်။ အဆစ်ရောင်ပြီး နာနေမယ်။ လက်ကောက်ဝတ်၊ လက်ချောင်းတွေနဲ့ ဒူးမှာဖြစ်တာပိုများတယ်။ အားယုတ်၊ ကိုယ်ပူ၊ နေမကောင်းဖြစ်၊ မအီမသာဖြစ်၊ ဆံပင်ကျွတ်၊ ပါးစပ်မှာအနာတွေပေါက်၊ အရေပြားအနီစက်၊ အနီကွက်တွေဖြစ်၊ ထူးခြားတာကမျက်နှာမှာ နှာခေါင်းရိုးကို ခွဖြစ်နေတာကလိပ်ပြာတောင်ပံဖြန့်ထားသလိုနေမယ်။ တက်စေ့တွေ ရောင်နိုင်တယ်။ ဦးနှောက်မှာဖြစ်ရင် ခေါင်းကိုက်၊ ထုံ၊ တက်၊ အမြင်အားနည်း၊ အမူအယာပြောင်းလဲ။ အစာလမ်းမှာဖြစ်ရင် အစာမကျေ၊ ပျို့၊ အန်။ နှလုံးဖြစ်ရင် ရင်ပတ်နာ၊ နှလုံးခုန်မမှန်။ အဆုပ်ဖြစ်ရင် ချောင်းဆိုး၊ အသက်ရှူခက်။
American College of Rheumatology ကနေ ၁၉၈၂ ခုနှစ်မှာဒီရောဂါလို့ ပြောနိုင်တဲ့ သတ်မှတ်ချက်တွေ ထုတ်ခဲ့တယ်။ ၁၉၉၇ မှာမွမ်းမံချက် ထုတ်တယ်။ ၁၁ ချက်ထဲက ၄ ချက်ရှိနေရင် သေခြာတယ်။1. Malar rash ပါးမှာအနီကွက်ဖြစ်ခြင်း၊2. Discoid rash အရေပြားမှာနီမယ်၊ ကွာကျမယ်၊ အမာရွတ်ကျန်ရစ်မယ်။3. Serositis (Pleurisy) အဆုပ်အဖုံးလွှာရောင်ခြင်း၊4. Oral ulcers ပါးစပ်မှာအနာပေါက်ခြင်း၊5. Arthritis အဆစ် ၂ ခုမကနာခြင်း၊6. Photosensitivity နေထဲကခရမ်းလွန်ရောင်ခြည်ကိုမခံနိုင်ဖြစ်ခြင်း၊7 .Hemolytic anemia သွေးအားနည်းခြင်း၊ Leukopenia သွေးဖြူဥနည်းခြင်း၊8. Renal disorder ကျောက်ကပ်ထိခိုက်ခြင်း၊9. Antinuclear antibody test positive (အင်တီ-နူကလီယာ-အင်တီဘော်ဒီ) အပေါင်းပြခြင်း၊10. Positive anti-Smith, anti-ds DNA, antiphospholipid antibody, and/or false positive serological test for syphilis စစ်ဆေးချက်တွေ အပေါင်းပြခြင်း၊11. Seizures or psychosis တက်ခြင်း၊ စိတ်ရောဂါရခြင်း။
ရောဂါသေခြာအောင် မေးမြန်း၊ စစ်ဆေးတာတွေ လုပ်ပြီးနောက်မှာ Antinuclear antibody (ANA) (အင်တီ-နူကလီယာ-အင်တီဘော်ဒီ) စမ်းသပ်နည်းကိုအရင်ဆုံးသုံးရမယ်။ anti-Sm (anti-Smith) နဲ့ သေခြာစေရတယ်။ dsDNA (double-stranded DNA) antibody စမ်းနည်းကလဲအတော်အသင့် မှန်ကန်တယ်။ Anti-extractable nuclear antigen (anti-ENA) နည်းတွေလုပ်တယ်။ CBC သွေးစစ်၊ Chest x-ray ဓါတ်မှန်ရိုက်၊ Kidney biopsy ကျောက်ကပ် အသားစ ထုတ်စစ်တာနဲ့ ဆီးစစ်တာတွေလဲလုပ်သင့်တယ်။ Antithyroglobulin antibody, Antithyroid microsomal antibody, Complement components (C3 and C4), Coombs’ test (direct), Cryoglobulins, ESR, Kidney function tests, Liver function tests, Rheumatoid factor စတာတွေကိုပါ လုပ်နိုင်သေးတယ်။
နောက်ဆက်ဖြစ်နိုင်တာတွေ• Deep vein thrombosis အတွင်းသွေးကြောပိတ်တာနဲ့ သွေးကြောရောင်ခြင်း၊• နှလုံးမှာ Pericarditis, Endocarditis, Myocarditis အလွှာတွေရောင်တာခြင်း၊• Miscarriage ကိုယ်ဝန်ပျက်ခြင်း၊• Stroke ဦးနှောက်သွေးကြောပိတ်ခြင်း၊• ၆ဝ% လောက်မှာ Anemia သွေးအားနည်းနေမယ်။ Thrombocytopenia သွေးမှုံနည်းခြင်း၊• အဆုပ်ဖြစ်ရင် Pleuritis, Pleural effusion, Lupus pneumonitis, Chronic diffuse interstitial lung disease, Pulmonary hypertension, Pulmonary emboli, Pulmonary hemorrhage, Shrinking lung syndrome အဆုပ်ရောဂါတွေ ဝင်လာနိုင်တယ်။• ကျောက်ကပ်ဖြစ်ရင် ဆီးထဲသွေးပါနေမယ်၊ မနာဘူး။ ဆီးထဲ (ပရိုတင်း) အနည်ပါနေမယ်။ ကျောက်ကပ် ထိခိုက်ရာကနေ ၅% ကျောက်ကပ် အလုပ် မလုပ်နိုင် ဖြစ်တယ်။ ကျောက်ကပ်ဆေးပေးနေရတာနဲ့ ကျောက်ကပ်လဲတာလုပ်ရနိုင်တယ်။
ဘယ်လိုကုသမလဲရည်မှန်းချက်ကခံစားနေရတာတွေသက်သာဘို့နဲ့ နောက်ထပ်ဖြစ်မှာကိုတားဘို့ဖြစ်တယ်။ ပျောက်သွားအောင်တော့ မတတ်နိုင်သေးပါ။ ဆောရီး။• သိပ်မဆိုးသူတွေကို NSAIDs အနာအကိုက်သက်သာဆေးတွေနဲ့ (စတီရွိုက်) လိမ်းဆေးနည်းနည်းပေးမယ်။• ဒါ့အပြင် ငှက်ဖျားဆေးကိုလဲပေးနိုင်တယ်။ Hydroxychloroquine (HCQ) ဆေးကို ၁၉၅၅ ကတည်းက FDA က ခွင့်ပြုပေးခဲတယ်။ ၂ဝ၁၁ မှာ FDA ကဘဲ Belimumab (Benlysta) ကိုလက်ခံခဲ့တယ်။ ပြန့်လာတာနဲ့ နာတာ သက်သာစေတယ်။• ဆိုးနေသူတွေကို (စတီရွိုက်) ဆေးများများပေးမယ်။ ဒီဆေးတွေက ဘေးထွက်ဆိုးကျိုးတွေများတာ သတိပြုပါ။ ဆေးကိုများများနဲ့ တာရှည်သုံးရရင် Cushing’s syndrome ဆိုတာဖြစ်လာတတ်တယ်။ မျက်နှာပြည့်ဝိုင်းမယ်၊ လူလဲဝမယ်၊ ဆီးချိုဖြစ်မယ်၊ အစာလဲမတရားစားချင်စိတ်ရှိမယ်၊ အိပ်ရေးခက်မယ်၊ အရိုးအားနည်းမယ်။ မျက်စိတိမ်ဖြစ်မှာ သတိထားရအုံးမယ်။• အနုကြည့်မှန်ဘီလူးနဲ့စစ်လို့ Diffuse proliferative glomerulonephritis တွေ့သူကို Cytotoxic drugs (Cyclophosphamide and Mycophenolate) အပြင်းစားဆေးတွေလဲပေးတယ်။• ဆေးသစ်တွေလဲပေါ်နေပြီ။ Disease-modifying antirheumatic drugs ဆေးတွေကို ပြန့်လာတာအတွက် သုံးတယ်။ antimalarials (Plaquenil) နဲ့ immunosuppressants (methotrexate and azathioprine) တွေ ဖြစ်ကြတယ်။ Mycophenolic acid ဆေးကို lupus nephritis ကျောက်ကပ်ဖြစ်တာအတွက် သုံးပေမဲ့ FDA က အသိအမှတ်မပြုသေးပါ။• နာတာအတော်အသင့်ဆိုးနေရင် Dextropropoxypheneနဲ့ Co-codamolဘိန်းပါတဲ့ဆေးပေးမယ်။ ပိုနာလွန်းသူတွေကို Hydrocodone နဲ့ Oxycodone, MS Contin, or Methadone ဘိန်းဆေးအပြင်းစားတွေ ပေးရတယ်။• Fentanyl duragesic transdermal patch ကပ်ခွါဆေးလဲသုံးနိုင်တယ်။ ဘိန်းပါလို့ ကြာရင် ဆေးတိုးတိုးလိုတာ ဖြစ်နိုင်တယ်။ ဆေးစွဲနိုင်တယ်။• Intravenous Immunoglobulins (IVIGs) ဆေးကိုကိုယ်အင်္ဂါတွေမှာလာဖြစ်သူတွေအတွက်သုံးတယ်။ Antibody တွေထုတ်တာကို နှိမ်ဘို့ဖြစ်တယ်။• နောက်ပေါ်ဆေးတွေ ကောင်းလာလို့ အရင်ကထက်သက်သာလာကြတယ်။ အမျိုးသမီးတွေ ကိုယ်ဝန်လည်း ဆောင်နိုင်လာမယ်။ ကိုယ်ဝန်တိုင်းတော့ ကောင်းချင်မှ ကောင်းပါမယ်။
လူနေမှုပုံစံပြောင်းပါ။• နေရောင် ရှောင်ပါ။ မတည့်တဲ့ဆေးတွေ Procainamide, Isoniazid, Hydralazine, Quinidine, Phenytoin ရှောင်ပါ။• SLE ဖြစ်မှာကို ကြိုတင်ကာကွယ်လို့ မရနိုင်ပါ။• ၁၉၅ဝ ကျောက်ကာလတွေမှာဒီရောဂါဖြစ်လာရင် ၅ နှစ်အထိသာအသက်ရှင်ခဲ့ပေမဲ့ ခုခေတ်မှာ ၉ဝ% ဟာ ၁ဝ နှစ်မက နေနိုင်ကြတယ်။ ၉ဝ% ဟာသာမန်လူတွေလိုဘဲဝေဒနာမခံစားရဘဲနေနိုင်ကြတယ်။• အဖြစ်များတာကမိန်းမတွေဖြစ်ပေမဲ့ ယောက်ျားတွေဖြစ်ရင် အသက်ပိုတိုတယ်။ ကလေးတွေလဲတိုတယ်။ ဒါပေမဲ့ ခံစားရတာတွေကအသက် ၆ဝ ကျော်မှဖြစ်ရင်တော့ မဆိုးပါ။• သက်တမ်းတိုတာကအင်္ဂါအစိတ်အပိုင်းတွေကိုလာဖြစ်မှသာဆိုးတယ်။ နှလုံး-သွေးကြောလမ်းမှာဖြစ်ပြီးသွေးတိုးမယ်၊ (ကိုလက်စထော) များမယ်ဆိုရင် အပြင်းအထံဆေးကုသရမယ်။• သွေးထဲ (ခရေယက်တနင်း) များတာ၊ သွေးတိုးတာ၊ Nephrotic syndrome ကျောက်ကပ်ရောင်တာ၊ သွေးအားနည်းတာနဲ့ Hypoalbuminemia ဆီးအနည်ပါတာတွေ ရှိနေတာက သိပ်မကောင်းတဲ့လက္ခဏာတွေ ဖြစ်တယ်။
အလားအလာ• SLE ရောဂါဟာ အင်္ဂါအစိတ်အပိုင်းတွေ တခုမကကိုထိခိုက်လို့ သေဆုံးရတဲ့အကြောင်းက တိုက်ရိုက်မဟုတ်ပဲ သွယ်ဝှိုက်ပြီးသာဖြစ်တယ်။ ဥပမာ Atherosclerosis သွေးကြောကျဉ်းရောဂါ။ Coronary blood vessels နှလုံးသွေးကြောကျဉ်းတာ ဖြစ်နိုင်တယ်။• နောက်ပြီးဘာဖြစ်လာမလဲဆိုတာ အမှန်းရခက်တယ်။• ၂ဝ-၃ဝ% က အသင့်အတင့်သာဆိုးတယ်။ skin rashes အရေပြားအနီကွက်တွေဖြစ်မယ်။ discoid lupus erythematosus (DLE) ခေါ်တယ်။ subacute cutaneous lupus erythematosus (SCLE) ဆိုတာလဲဖြစ်မယ်။ အဆစ်နာတာနဲ့တွဲတာလဲရှိတယ်။ မတွဲတာလဲရှိတယ်။• နေရာအနှံ့အပြားမှဖြစ်တာလဲရှိတယ်။ နာတာရှည်ဖြစ်တယ်။ တသက်တာဖြစ်မယ်။ သက်သာလိုက် ဆိုးလိုက်ဖြစ်မယ်။ အကြမ်းဖျဉ်း တနှစ်မှာ ၂-၃ ခါပေါ်တယ်။ ကြားထဲမျာ ၉ဝ% က လူကောင်းလိုနေနိုင်တယ်။• အဆုပ်၊ ကျောက်ကပ်၊ အာရုံကြောစနစ်၊ အဆစ်၊ အရေပြား၊ စတာတွေမှာဖြစ်မယ်။ ကျောက်ကပ်ထိခိုက်ပြီး ပိုးဝင်ရာကနေ အသက်ကိုစိုးရိမ်ရတယ်။• လွန်ခဲ့တဲ့ ၁ဝ-၂ဝ နှစ်အတွင်းမှာဆေးကုသမှု ပြင်းပြင်းထံထံလုပ်ပေးလို့ အများကြီးတိုးတက်လာတာတွေ့ရတယ်။• ၈၅-၉ဝ% မှာ ၁ဝ နှစ်သက်တမ်းရှိတယ်။ ငယ်တုံးစဖြစ်တာက ကြီးမှဖြစ်တာထက်ဆိုးတတ်တယ်။
အမျိုးသမီးတွေမှာ ၉ ဆပိုဖြစ်တယ်။ လေဒီဂါဂါမှာဆေးစစ်တော့ ဒီရောဂါ (ဘော်ဒါလိုင်း) ရှိနေတယ်။ သူမကဘာမှ မခံစားရဘူးပြောတယ်။ သီချင်းတွေဆိုကောင်းတုံးပါ။ သီချင်းဆိုကောင်းသူတွေဖြစ်တယ်လို့တော့ ကောက်ချက် မချနိုင်ပါ။ ကွယ်လွန်သူ မိုက်ကယ်ဂျက်ဆင်မှာ Vitiligo ခရုသင်းအပြင် SLE လဲရှိပါတယ်။ ဒါကြောင့် အပြင်းစား အနာသက်သာဆေးတွေ စွဲခဲ့ပြီး၊ နောက်ဆုံးမေ့ဆေး Propofol (ပရိုပိုဖေါလ်) နဲ့ ကွယ်လွန်သွားရရှာတယ်။
၁။ Jimmy Patrick Lupus – မြန်မာလိုခေါ်မယ်ဆို လေးဘက်နာလားဆရာ။၂။ မာလာချစ်သော ဇင်မင်းဦး = အရေပြာလေးဖက်နာလို့ခေါ်ပါတယ်။
Tint Swe အဲလိုလည်း မတိကျသေးပါ။ အရပ်ခေါ်တွေက တနေရာတမျိုး။ လေးဖက်နာအကြောင်း၊ ASO အကြောင်း၊ အရေပြားလေးဖက်နာအကြောင်းတွေ သီးခြားစီရေးထားပါတယ်။ ဆရာဝန်က လူနာကပြောပြတဲ့ ရောဂါအမည်ကို မသိလိုပါ။ ဘာတွေခံစားနေရလည်း။ ဘယ်လောက်ကြာပြီလည်းဆိုတာကိုသာ သိချင်တယ်။


ဒေါက်တာတင့်ဆွေ

(ဆရာကြီး၏ ခွင့်ပြုချက်ဖြင့် Mawlamyine Daily မှဖော်ပြပါသည်။)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s