Exercise after giving birth ကလေးမွေးပြီး လေ့ကျင့်ခန်းလုပ်ခြင်း

This slideshow requires JavaScript.

မော်လမြိုင်၊ ၈ ေအာက္တိုဘာ ၂၀၂၀
၁။ ဆရာရှင့် ကျွန်မအသက်က ၃၂ နှစ်ပါ။ ၆လပိုင်း ၂၀၁၇က ဗိုက်ခွဲပြီး သားဦးကလေးမီးဖွားထားပါတယ်ရှင့်။ ခန္ဓာကိုယ်အား စက်ဖြင့်လေ့ကျင့်ခန်းပြန်လုပ်ချင်လို့ပါရှင့်။ ဘယ်အချိန်လောက် ပြန်ဆော့လို့ ရပြီလား သိပါရစေဆရာရှင့်။ လေးစားစွာဖြင့်။
၂။ ဆရာရှင့် အသက်က ၃၁ နှစ်ပါဆရာ။ သမီးလေးကို ဗိုက်ခွဲ မွေးတာ ၃ လကျော်ပါပြီ။ ဗိုက်က နဲနဲပူနေလို့ပါဆရာ။ ဗိုက်စည်းကိုလဲ သေချာမစည်းမိဘူးပါဘူးဆရာ။ ဘယ်ချိန်လောက်မှ ဗိုက်ခွဲထားတာ ကျက်ပါသလဲဆရာ။ တခါတခါ ခွဲတဲ့နားက တဆစ်ဆစ် နာပါတယ်။ အိမ်အလုပ်တွေ လုပ်တာနဲ့ ဆိုင်ပါသလားဆရာ။ ဗိုက်ချပ်အောင် ဘယ်လိုလုပ်ရမည် ဆိုတာ ပြောပြပေးပါဆရာ။ ကျေးဇူးတင်ပါတယ်ဆရာ။
၃။ ခွဲမွေးထားတာ တလခွဲရပါပြီ။ ဆရာတင်ထားတဲ့ after surgery ပို့စ်အောက်က နားမလည်တာလေးမေးပါရစေ။ လေးပတ်ဆိုရင် ပုံမှန်ပြန်ဖြစ်တယ် ဆိုလို့ပါ။ အခု ၄၅ ရက်ပြည့်တာနဲ့ ဗိုက်ပြန်ကျစ်လစ်အောင် လေ့ကျင့်ခန်း စလုပ်ရင် ချုပ်ရိုးကို မစိုးရိမ်ရတော့တဲ့ သဘောပေါ့ဆရာ။ မွေးပြီး ၄ ပတ်နေရင် လေ့ကျင့်ခန်း ဖြေးဖြေးနဲ့ နဲနဲချင်း စလုပ်လို့ရပြီလို့ ဆိုလိုတာပါလား။ ဗိုက်ကြွက်သားပြန်တင်းအောင် အန္တရာယ်ကင်းကင်းနဲ့ ဘယ်လိုလေ့ကျင့်ခန်းလုပ်ရမလဲဆရာ။
ကလေးမွေးပြီး ဗိုက်စည်းတာကို နေရာတိုင်းမှာ မသုံးပါ။ ထိရောက်မှု ပြောမရပါ။ ကလေးဖွားပြီးရင် ဗိုက်သာမက တကိုယ်လုံးမှာ အပြောင်းအလဲတွေ အများကြီးဖြစ်သွားပြီ။ အမှန်က ကိုယ်ဝန်ဆောင်ကတည်းကပြောင်းတာပါ။ ဗိုက်က အမြင်အရဖြစ်ပြီး မွေးလမ်းကြောင်းပြောင်းတာက အတူနေတာမှာပြောင်းတယ်။ (ကန်တော့ပါ) အဲတာကြောင့် ခွဲမွေးနည်းရွေးကြသူတွေရှိတယ်။ မနေ့ကပဲ အပျိုပြန်ဖြစ်အောင် လေဆာနဲ့ခွဲစိတ်နည်း သြစတေးလျမှာဆိုတဲ့သတင်း တင်ကြတာတွေ့တယ်။ အဲတာ နိုင်ငံတိုင်းမှာရှိတယ်။ စစ်မှန်တာကနည်းနည်း ကြွားလုံးကများများ။ အဲ ့့ ဒေါ်လာကတော့ မနည်းပါ။ အသက် ၃၅ နှစ်ရှိ အမေရိကန် ဆယ်လီဘရက်တီတယောက်သတင်းက နာမည်ကြီးအောင် လုပ်ထားတာဖြစ်တယ်။
လေ့ကျင့်ခန်းကို အများဆုံးညွှန်းပါတယ်။ ကလေးကို ဘယ်လိုနည်းနဲ့မွေးခဲ့သလဲအပေါ်မှာ မူတည်တယ်။ မိခင်ရဲ့ ကျန်းမာရေးအပေါ်မှာလဲမူတည်တယ်။ တကယ်လို့ ကိုယ်ဝန်ဆောင်နေတုံးမှာလဲ လေ့ကျင့်ခန်းလုပ်နေခဲ့မယ်၊ မွေးဖွွါးတာလဲ ပုံမှန်လွယ်လွယ်သာဆိုရင် ကလေးမွေးပြီး မကြာခင်မှာ လေ့ကျင့်ခန်းစလုပ်နိုင်ပါပြီ။ အဲလို ကိုယ်ဝန်ဆောင်နေတုံးမှာလဲ လေ့ကျင့်ခန်းလုပ်မနေခဲ့ဘူး၊ မွေးရာလဲ ခက်ခဲ့တယ်၊ မွေးပြီးလဲ ကျန်းမာရေး သိပ်မကောင်းသေးဘူး၊ ခွဲလည်းမွေးခဲ့ရတယ် ဆိုရင်တော့ စောင့်ရပါအုံးမယ်။
ဒါပေမဲ့ ကီဂယ်လ်လေ့ကျင့်ခန်း (စာတပုဒ်ရေးထားပါတယ်) ကိုတော့ စိတ်ပါလက်ပါရှိတာနဲ့ ချက်ချင်းဆိုသလို လုပ်နိုင်တယ်။ ဒီနည်းဟာ ဆီးမလုံတာမျိုးကို ကာကွယ်နိုင်ပါတယ်။ အားပြန်ပြည့်လာတာနဲ့ လမ်းလျှောက်လေ့ကျင့်ခန်းကို တိုတိုလုပ်ရာကနေရှည်နိုင်၊ မြန်နိုင်ပါပြီ။ ခါးနာတာ၊ တင်ပါးဆုံနေရာက နာတာရှိသေးရင် ဆရာဝန်နဲ့တိုင်ပင်ပါ။
ဗိုက်ခွဲမွေးထားတာဆိုရင် အချိန်စောင့်ရပါမယ်။ ဥပမ ၆ ပါတ်။ မောပန်းမှုမပြေသေးရင်လဲ ဒိထက်ပိုစောင့်ပါ။ ဥပမာ ၈ ပတ် အထိ။ ရေကူးတာကိုလဲ အနည်းဆုံး ၈ ပါတ်အထိစောင့်သင့်ပါတယ်။ Lochia ဆင်းနေတာတွေလဲ ရပ်ပါပြီ။ ဗိုက်ခွဲမွေးထားသူတော့ ဆရာဝန်နဲ့တိုင်ပင်ပြီးမှသာ ရေကူးပါ။ Sit-ups ထိုင်-ထ၊ Aerobic exercise အေရိုးဗစ်၊ Running အပြေးနဲ့ တင်းနစ်တွေကိုတော့ ဒိထက်ကြာကြာ စောင့်သေးတာကောင်းပါတယ်။
ကိုယ်ဝန်ဆောင်ဟော်မုန်းတွေကြောင့် ၆ လနောက်မှသာ အဆစ်တွေပြန်မှန်လာမယ်။ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်ကို မျှတ-လုံလောက်အောင်စားသုံးရပါမယ်။ ကလေးကိုနို့တိုက်သူတွေက လူဝတာသက်သာစေမယ်။ တနေ့မှာ ကယ်လိုရီ ၃၃ဝ ကျမယ်။ ကြွက်သားမှန်သမျှ ပိုတက်ဆီယမ်နည်းရင် ပျော့ဖတ်ဖတ်ဖြစ်လာတယ်။ ဝမ်းလျှောပြီးသူတွေ မလုပ်ချင်မကိုင်ချင် ဖြစ်လာတာကြည့်ပါ။ ဗိုက်ကိုထိန်းထားတဲ့ ကြွက်သား ၃-၄ ထပ်ရှိတယ်။ ဒေါင်လိုက်ကြွက်သားကို ဗယ်လီလို့ခေါ်တယ်။ အဲဒီကြွက်သားပျော့နေရင် ဗိုက်က စူသင့်တာထက် ပိုစူနေမယ်။
ပိုတက်ဆီယမ်ကြွယ်ဝတဲ့အစာတွေကောင်းတယ်။ လိမ်မော်သီး၊ သရက်သီး၊ ဟင်းနုနွယ်ရွက်၊ ခရမ်းချဉ်းသီး၊ စထောဘယ်ရီ၊ မက်မွန်းသီး၊ ဆလတ်ရွက်၊ ငှက်ပျောသီး၊ ထောပတ်သီး၊ အစေ့အဆံများ၊ ဟင်းသီးဟင်းရွက်စိမ်းများ၊ အာလူး၊ ဖရဲသီး၊ ပဲသီး၊ အသား၊ စပျစ်သီး၊ နွားနို့၊ ရောဂတ်၊ ဟင်းနုနွယ်၊ အသီးခြောက်များ။ ပိုတက်ဆီယမ်ဆေးအထိ လိုတဲ့သူကတော့ နည်းပါတယ်။


ဒေါက်တာတင့်ဆွေ

(ဆရာကြီး၏ ခွင့်ပြုချက်ဖြင့် Mawlamyine Daily မှဖော်ပြပါသည်။)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s