Stomach အစာအိမ်ဖြစ်နေတာ

Stomach အစာအိမ်ဖြစ်နေတာ

မော်လမြိုင်၊ ၅ ေအာက္တိုဘာ ၂၀၂၀


ကျတော့်အသက် ၂၈ပါ။ ယောကျ်ားလေးပါ။ အစာအိမ်ဖြစ်နေတာ ၃နှစ်ရှိပါပြီ။ အရက် ဘီယာ တခါတလေ သောက်တက်ပါတယ်။ သောက်ပြီးရင် အစာအိမ်အတွက်ဆေးပြန်သောက်ရပါတယ်။ သတင်းတခုမှာ အစာအိမ်မှာ ပိုးရှိနေရင် အချို ရှောင်ရမယ်ရေးထားပါတယ် အဲ့တာ enervon-c နဲ့ livolin forte သောက်နေတာ ရပ်ရမလား မသိလို့ပါဆရာ။ အမြဲလေးစားလျှက်ပါ ဆရာခင်ဗျာ။
အစာအိမ်မှာ ဘာဖြစ်နေ မသိပါ။ စမ်းသပ်စစ်ဆေးမှသာ ရောဂါအမည်နဲ့ ဖြစ်တဲ့နေရာကို သိပါမယ်။ သတင်းတခုဆိုတာ ဘယ်လိုပုဂ္ဂိုလ်ရေးမလဲ မသိပါ။ ကျွန်တော်သိတာနဲ့ ပြောင်းပြန်ဖြစ်နေတယ်။
အများစုဖြစ်တဲ့ လေနာ ခေါ် အစာအိမ်နာဖြစ်နေသူတွေ လူနေမှုပုံစံပါပြောင်းဘို့ လိုတယ်။ အပူအစပ် ရှောင်၊ ကော်ဖီ လျော့၊ ဆေးလိပ်-အရက် ဖြတ်ပါ။ စိတ်ဖိအားများတဲ့ အလုပ်ကနေ ပြောင်းလို့ရရင် ပြောင်းပါ။ တနေ့ နာရီဝက် လေ့ကျင့်ခန်း လုပ်ပါ။ မယ်ဒီတေးရှင်းလုပ်တာ ကောင်းတယ်။ လေနာရောဂါရှိရင် စတုမဓူ၊ သကြား၊ ထန်းလျက်၊ ဆေး၊ စားတာဟာ ဥပုသ်စောင့်ပေမဲ့ သီလမပျက်ဘူးလို့ သတ်မှတ်ပါတယ်။
ကာဗွန်ဒိုင်အောက်ဆိုက်ကို ဖိအားနဲ့ထည့်ထားတဲ့ ဘီယာ၊ ဆိုဒါ၊ စပရင်း-ဝါးတား၊ ကိုကာကိုလာ၊ စပရိုက်၊ အင်နာဂျီ-ဒရင့်ခ်တွေက လေနာအတွက်မကောင်းပါ။ Sodium bicarbonate ဆော်ဒါမှုံ့သောက်ရင် ချက်ချင်းလို သက်သာပေမဲ့ ကြာရင် အစာအိမ်ပေါက်စေနိုင်တယ်။
ဘာဆေးမှမရှိတုန်း နာလာရင် ရေ တခွက်နှစ်ခွက် သောက်လိုက်ပါ။ နွားနို့ သောက်ပါ။ သွားလေရာ ဆေးယူသွားပါ။ ဆာရင်စားဘို့ စားစရာတခုခု ယူသွားပါ။ ကြော်တဲ့အစားတွေ ရှောင်ပါ။ အစေ့အဆံတွေ၊ တိုဖူး၊ ပဲပုတ်၊ ပဲအမျိုးမျိုး၊ ပင်လယ်ထွက်အသီးအနှံတွေ၊ ဟင်းနုနွယ်ရွက်တွေ တည့်ပါတယ်။ အသားကိုလျှော့ပါ၊ ပြုပြင်ထားတဲ့ဆီကလေနာနဲ့ မတည့်ပါ။ အစာကို နည်းနည်းချင်း ခဏခဏစားပါ။ စားနေကျ အစားအစာတွေသာစားတာ ကောင်းတယ်။ အစာလမ်းက သူချက်လုပ်ပေးနေကြဟာကို ပိုကျွမ်းကျင်ပါတယ်။ အီတာလျန်-ပီဇာ၊ ဘာဂါ-ယန်းကီး၊ ဆူရှီး-ဂျပန်၊ ကုလားမှန်-ရိုတီး၊ ထမင်းချည်းစားတာ ဗမာ၊ တရုပ်ဟာ ခေါက်ဆွဲ။ ဘာဘဲဖြစ်ဖြစ် စားနေကြပဲ ကောင်းတယ်။
အရပ်သုံးဆေးနည်းမှာ ပင်စိမ်းရွက်ကို စားခိုင်းတယ်။ ဂျင်း (ချင်း) စိမ်းသည် လေနာ၊ ဝမ်းဗိုက်-ရင်ခေါင်းနာ တို့ကိုနိုင်၏လို့ ဆိုတယ်။ တိုင်းရင်းဆေးတခုက ဗီတာမင်စီဟာ လေနာနဲ့မတည့်ဘူးရေးတာ ဖတ်ရတယ်။ မဟုတ်ပါ။ ဗီတာမင်စီ 500 mg တနေ့ ၂ ကြိမ် သောက်ရင်၊ သွေးယိုတာအတွက်အကျိုးရှိတယ်။ ချယ်ရီသီး၊ ဘလူးဘယ်ရီသီးလိုဘဲ ခရမ်းချဉ်သီးကလည်း အဆိပ်အတောက် ပြေစေပါတယ်။ ခရမ်းချဉ်သီးက လေနာမသင့်လို့ ပြောတာလည်း ဖတ်ရတယ်။


ဒေါက်တာတင့်ဆွေ

(ဆရာကြီး၏ ခွင့်ပြုချက်ဖြင့် Mawlamyine Daily မှဖော်ပြပါသည်။)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s