မော်လမြိုင်၊ ၁ ေအာက္တိုဘာ ၂၀၂၀
မင်္ဂလာပါ ဆရာ Covid ကာကွယ်ဖို့ ဘယ်လို အားဆေးမျိုးသောက်သင့်ပါလဲရှင် vitamin D က သောက်ဖို့လိုပါသလားရှင် တနေ့ဘယ်လောက် လိုအပ်ပါသလဲရှင် ဘယ်လောက်ဆို အဆိပ်ဖြစ်တတ်ပါသလဲ ဖြေကြားပေးစေလိုပါတယ်
ကရိုနာဗိုင်းရပ်စ်စာတွေကို ခဏခဏ ထပ်ခါတလည်း တင်ထားတယ်။ ကာကွယ်နည်းကိုအများဆုံးတင်တယ်။၁။ ဘယ်မှ မသွားသင့်။၂။ အိမ်ကထွက်ရရင် နှာခေါင်းစည်းသုံးပါ။၃။ လက်ကို လိုတိုင်းဆေးပါ။
အဲဒါအကုန္ပဲ။ဘယ်ဆေး ဘယ်အစားအသောက်ကမှ ကာကွယ်နည်းအတွက် အာမခံချက် မရှိ။ဗီတာမင်တွေ ကကြီးကနေ အအထိ သောက်ပြီး နှာခေါင်းသည်းမပါပဲ ဟိုသွားဒီသွား သွားလို့ကတော့ ဆောရီး။ကြော်ငြာဆေးတွေ အမယ်တရာလောက် စားပြီး နှာခေါင်းသည်းမပါပဲ ဟိုသွားဒီသွား သွားလို့ကတော့ ဆောရီး။ဗီတာမင်စီ၊ ဇင့်ဓါတ် စတာတွေက တနေ့တမျိုးလောက်သတင်းထွက်တယ်။ ရောင်းကောင်းစေတယ်။
ဒေါက်တာတင့်ဆွေ
(ဆရာကြီး၏ ခွင့်ပြုချက်ဖြင့် Mawlamyine Daily မှဖော်ပြပါသည်။)