မော်လမြိုင်၊ ၃၀ စက္တင္ဘာ ၂၀၂၀
ယူအက်စ်မှာ ထုတ်လုပ်ပြီး ကာကွယ်ဆေးကို အသက်ကြီးသူတွေကို ထိုးပေးစမ်းသပ်မှုလုပ်နေတာ ခုခံနိုင်စွမ်း ကောင်းတယ်လို့ တွေ့ရှိရကြောင်း ကနေ့သိရှိရပါတယ်။အသက် ၅၆ နှစ်နဲ့အထက် ၄၀ ယောက်ကို ကာကွယ်ဆေး ၂ ကြိမ်စီထိုးပေးပါတယ်။ အဆင့် ၁ ကို ဧပြီ ၁၆ ရက်ကနေ မေ ၁၃ ရက်အတွင်းကဖြစ်တယ်။ ဆေး ၂၅ mcg နဲ့ ၁၀၀ mcg ကို ၂၈ ရက်ခြာထိုးပေးတယ်။ ဘေးထွက်သက်ရောက်မှုတွေက အားနည်း၊ ချမ်း၊ ကြွက်သားနာ၊ ခေါင်းကိုက်၊ ဆေးထိုးတဲ့နေရာနာတာသာ ရှိတယ်။သုံးသပ်ချက်အရ ခုခံနိုင်စွမ်းဟာ လက်သင့်ခံနိုင်လောက်တယ်။ ၁၀၀ mcg ထိုးပေးတာက ပိုပြီး ခုခံမှုရတယ်။ အဲတာကြောင့် တတိယအဆင့်စမ်းသပ်မှုမှာ ၁၀၀ mcg ထိုးနည်းလုပ်မယ်။အခုအသက်အရွယ်တွေဟာ ကူးစက်ခံရသူအများဆုံးဖြစ်တယ်။ တတိယအဆင့်မှာ တခြားအသက်အရွယ်တွေအပါအဝင် လူ ၃၀၀၀၀ ကိုစမ်းပါမယ်။
ဒေါက်တာတင့်ဆွေ
(ဆရာကြီး၏ ခွင့်ပြုချက်ဖြင့် Mawlamyine Daily မှဖော်ပြပါသည်။)