Piles Treatment လိပ်ခေါင်းကုနည်းများ

Piles Treatment လိပ်ခေါင်းကုနည်းများ

မော်လမြိုင်၊ ၂၈ စက္တင္ဘာ ၂၀၂၀
Dr ခင်ဗျာ ကျွန်တော်ကတော့ အသက် ၃၇နှစ်။ လွန်ခဲ့တဲ့တစ်နှစ်က အတွင်းလိပ်ခေါင်းဆိုပြီး မြန်မာတိုင်းရင်းဆေးဆရာနဲ့ ကုသပါတယ်။ စအိုကိုအနာဖြစ်အောင်လုပ်ပြီး ဆီးပင်အခေါက်၊ မာလကာပင်အခေါက်စသည့်ပြုတ်ရည် ခပ်နွေးနွေးကို ထိုင်ခိုင်းပါတယ်။ အဲ့ဒီလိုနဲ့ လိပ်ခေါင်းဟာ ပြုတ်ကျပြီး(တိုင်းရင်းဆရာ အပြော) အနာဖြစ်ကျန်နေခဲ့ပါတယ်။ အဲ့ဒီ အနာက ကျက်လာသောအခါ စအိုဝသည် တဖြည်းဖြည်း ကျဉ်းလာပါတယ်။ ဝမ်းသားရ တော်တော်ခက်လာပါတယ်။ ထိုရောဂါကို ဘယ်လိုကုသရင် ပျောက်နိုင်မလဲ။ ခန်းမှန်းခြေ ဘယ်လောက် ကုန်နိုင်မလဲ ဆိုတာကို ကျေးဇူးပြု၍ ပြောပြပေးပါ ဆရာ ခင်ဗျား။ ဆရာကို လေးစားလို့ အကြံတောင်းခံပါသည်ခင်ဗျား။
Hemorrhoids လိပ်ခေါင်းကို တခြားနည်းတွေနဲ့ကုပြီးမှ ဆရာဝန်ဆီရောက်လာသူတွေ မနည်းလှဘူး။ ဆရာဝန်တွေ ကုတယ်ဆိုတာလည်း ဖြစ်နေတာကို သက်သာစေမယ်။ ပိုမဆိုးအောင် အကြံပေးမယ်။ ဖြစ်စေတတ်တဲ့အခြေခံတွေကို မပြင်ရင် ထပ်ဖြစ်နိုင်တာကိုပါ သတိပြုရမယ်။ ဖြစ်စေတာကိုလည်း ပြင်ရပါမယ်။
အရင်ဆုံး ဆရာဝန်ကညွှန်ပြီး ဆရာဝန်မလိုတဲ့နည်းတွေ ပြောပါရစေ။• ဆေးဆိုင်တွေမှာ အလွယ်ဝယ်ရတဲ့ Corticosteroid creams (စတီရွိုက်) ပါတဲ့ လိမ်းဆေး (ခရင်မ်) တွေက နာတာ၊ ရောင်တာတာကို သက်သာစေမယ်။• Lidocaine ပါတဲ့ (ခရင်မ်) ဆိုတာ ထုံဆေးဖြစ်လို့ အနာသက်သာစေမယ်။• Witch hazel ဆိုတာ ယားနေတာကို သက်သာစေမယ်။• အတွင်းခံကို (ကော်တွန်) ကိုသာဝတ်ဆင်ပါ။• ရေမွှေးပါတဲ့၊ အရောင်တွေလဲ လှအောင်လုပ်ထားတဲ့ Toilet tissue ရေအိမ်သုံး စက္ကူမျိုး မသုံးပါနဲ့။ Baby wipes ကလေးငယ်လေးတွေအတွက် ထုတ်လုပ်တာမျိုးက သက်သာမယ်။• ရေကိုသာ သုံးတာ အကောင်းဆုံးဖြစ်တယ်။• စအိုအဝကို မကုပ်မိပါစေနဲ့။• (ဖိုင်ဘာ) များ အစားအစာတွေ များများစားပါ။ Fiber ဆိုတာ အပင်တွေကရတယ်။ သစ်သီးဝလံ၊ ဟင်းသီးဟင်ရွက်။ အမေရိကန် အာဟာရအသင်းကနေညွှန်တာက တနေ့မှာ ယောက်ျား 38 grams နဲ့ မိန်းမ 25 grams စားသင့်တယ်လို့ ဆိုတယ်။• Psyllium (Metamucil) နဲ့ Methylcellulose (Citrucel) တွေက ဝမ်းပျော့ဆေးတွေ ဖြစ်တယ်။ အမှန်က Fiber supplement (ဖိုင်ဘာ) အပိုဆောင်းပေးတာ ဖြစ်တယ်။• တနေ့ကို ရေ-အရည် (အရက် မဟုတ်တာ) ၈ အောင်စခွက်နဲ့ ၈ ခွက်သောက်ပါ။• ကိုယ်လက်လှုပ်ရှားမှု လုပ်ပေးပါ။• ဝမ်းသွားရင် မညှစ်ပါနဲ့။
ဆရာဝန်တွေ လုပ်ပေးမဲ့နည်းတွေ• Infrared coagulation (အင်ဖရာ-ရက်တ်) နည်း၊• Surgery ခွဲစိတ်ကုသနည်းတွေ အမျိုးမျိုးရှိတယ်။- Rubber band ligation သားရေကွင်းစွပ်နည်း၊- Hemorrhoidectomy ခွဲစိတ်ဖြတ်တောက်နည်းကို အများဆုံးသုံးတယ်။- Sclerotherapy ထိုးဆေးနည်း၊- Laser therapy လေဆာနည်း၊- Stapled hemorrhoidectomy နည်းက ဆိုးနေတာမျိုးအတွက် အကောင်းဆုံးလို့ဆိုတယ်။ မိနစ် ၃ဝ သာကြာတယ်။
လိပ်ခေါင်းထွက်ကျနေရင် အသာအယာ ဖိအားတညီထဲထား သွင်းပေးပါ။ ပြန်မဝင်တဲ့ လိပ်ခေါင်းဟာ ပိုးဝင်တာနဲ့ သွေးမလျှောက်တာ ဖြစ်လာနိုင်တယ်။ သွေးခဲပိတ် လိပ်ခေါင်း ဖြစ်လာရင် နာမယ်။ ထွက်နေတာကို ပြန်သွင်းလို့ မရဘူး။ ကောင်းကောင်း မထိုင်နိုင်ဘူး။ ထုံဆေးပေးပြီး ခွဲရမယ်။ ချက်ချင်း ပျောက်ပါတယ်။
လိပ်ခေါင်းကုရာမှာ Daflon 500 mg ဆေးကိုလည်းသုံးတယ်။ အမှန်က နာတာရှည်သွေးပြန်ကြော သွေးမဝတာအတွက် ဖြစ်တယ်။ Chronic venous insufficiency (CVI) ခေါ်တယ်။ ခြေထောက်တွေရောင်လွန်းနေတာ၊ ရောင်ရာကနေ အနာဖြစ်တာ၊ ခြေ-လက် သွေးပြန်ကြောနာတချို့၊ gravitational (stasis) dermatitis နဲ့ dermatofibrosclerosis အရေပြားနာရောဂါနဲ့ လိပ်ခေါင်းရောဂါတွေမှာပါ သုံးတယ်။ နာတာရှည် လိပ်ခေါင်းအတွက် တနေ့ ၂ ပြားပေးတယ်။ ချက်ချင်းထဖြစ်တာအတွက် တနေ့ ၆ ပြားအထိ ၄ ရက်ပေးပြီးနောက် တနေ့ ၄ ပြား၊ ၃ ရက်။ ဒီဆေးကနေ သွေးပြန်ကြော (တုန်း) အားကိုပေးတယ်။
Sitz bath ရေနွေးထိုင်နည်းဟာ အကောင်းဆုံးသက်သာစေတဲ့နည်းဖြစ်တယ်။ ရေခပ်နွေးနွေးထဲမှာ တင်ပါးမြုပ်အောင် စိမ်ထားပြီး ထိုင်နေရတာ ဖြစ်ပါတယ်။ နာမည်အခေါ်က Sitzbad ဂျာမန်စကား ကနေလာတယ်။ ရေချိုးတာပါဘဲ။ Hip-bath လို့ခေါ်ရင်တန်းသိစေနိုင်တယ်။ ဆရာဝန်မလိုဘဲ သက်သာတာ အမှန်ဖြစ်တယ်။ ကုန်ကျစရိတ်လည်း မရှိဘူး။ စအိုနေရာမှာ တခုခုဖြစ်ရင် ဒီ ရေနွေးထိုင်နည်းကို ညွှန်းတယ်။ Hemorrhoids လိပ်ခေါင်း၊ (FIA) ဂရင်ဂျီနာ၊ အစာဟောင်းလမ်း ခွဲစိတ်ကုသရခြင်း၊ ကလေးဖွါးတဲ့အခါ မွေးလမ်းချဲ့ပြီး ပြန်ချုပ်ထားခြင်း၊ သားအိမ်နာခြင်း၊ Inflammatory bowel disease အစာလမ်းရောင်ရောဂါ၊ ဆီးအိမ်ရောင်ခြင်း၊ ဆီးကျိတ်ရောင်ခြင်းနဲ့ ဗဂျိုင်းနာရောင်ခြင်းတွေအတွက်သုံးနိုင်တယ်။
နာတာရော ရောင်တာကိုပါ သက်သာစေမယ်။ Bathtub ရေချိုးစည်ဖြစ်ဖြစ်၊ Large basin ရေထည့်လို့ရတဲ့ ကန်ခပ်ကြီးကြီးဖြစ်ဖြစ်၊ သုံးနိုင်တယ်။ Plastic sitz bath ပလပ်စတစ်ရေကန် ဝယ်လို့ရတယ်။ အနေတော်တာ ရှာသုံးလည်းဖြစ်ပါတယ်။ ဝမ်းသွားပြီးတိုင်း ရေခပ်နွေးနွေးနဲ့သုံးတာ ကောင်းတယ်။ ရေအိမ်သာအထက်မှာတင်ထားပြီး ထိုင်နိုင်တယ်။ ရေထဲကို ဆား၊ Baking soda မုံ့လုပ်ဆော်ဒါ၊ Vinegar ဗနီဂါ တွေလဲ ရောနိုင်တယ်။ ဘာမှ မရောလဲ ရပါတယ်။ ရေကန်ထဲမှာ ရေအမြင့် 3 t- 4 inches (7.6 t- 10 cm) ရှိအောင် ဖြည့်ပါ။ ရေအပူချိန် 110 °F (43 °C) ရှိသင့်တယ်။ အဲဒီထဲမှာ တင်ပါးနစ်နေအောင်ထားပြီး ၁၅-၂ဝ မိနစ်ကြာ ထိုင်နေယုံသာ ဖြစ်ပါတယ်။ ရေအေးတဲ့အထိဆိုလဲ ရပါတယ်။
Sitz baths ဆိုတာ တကယ်တော့ ရေနွေးနည်းရော ရေအေးနည်းပါ ၂ မျိုးရှိတယ်။ Cool sitz baths အအေးထိုင်နည်းကိုတော့ Constipation ဝမ်းချုပ်သူတွေ၊ Inflammation and vaginal discharges ဗဂျိုင်းနား ပိုးဝင်လို့ရောင်နေသူတွေ သုံးသင့်တယ်။ တခါတလေ Fecal or urinary incontinence ဝမ်းမလုံသူ၊ ဆီးမလုံသူတွေ အတွက်လဲ အကျိုးရှိစေတယ်။ အဆန်းထွင်နိုင်တာက ရေနွေးထဲမှာ ၃-၄ မိနစ်ထိုင်၊ နောက် ရေအေးထဲမှာ တခါထိုင်၊ တလှည်စီ ၄-၅ ကြိမ် လုပ်တယ်။ နည်းတခုက ရေ ၂ မျိုး သုံးအနေရအောင် ရေအေးတဘက်သုံးနိုင်တယ်။ မွေးလမ်းကြောင်းက အဖြူဆင်းနေချိန်မယ် ရေနွေးထဲမှာ ဆားဖြစ်ဖြစ် ဗနီဂါဖြစ်ဖြစ်ထည့်ပြီးထိုင်တာ ပိုကောင်းစေတယ်။ သတိထားစရာတွေက မရှိသလောက်ပါ။ အပူရှိန်ကြောင့် သွေးပိုလျှောက်ပြီး နှလုံးခုန်နဲနဲမြန်နိုင်တယ်။ ပြီးရင် (ကော်တွန်) တဘက်နဲ့ ရေခြောက်အောင်သုတ်ပါ။ တနေ့မှာ ၁-၂ ခါလုပ်သင့်တယ်။


Dr. တင့်ဆွေ

(ဆရာကြီး၏ ခွင့်ပြုချက်ဖြင့် Mawlamyine Daily မှဖော်ပြပါသည်။)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s