မော်လမြိုင်၊ ၂၆ စက်တင်ဘာ ၂၀၂၀
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရန်အတွက် ညဘက် ၁၂ နာရီမှ နံနက် ၄ နာရီအထိ ညမထွက်ရအမိန့်ကို မော်လမြိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ စက်တင်ဘာ ၂၅ ရက်နေ့ ရက်စွဲဖြင့်ထုတ်ပြန်လိုက်ပါတယ်။ထုတ်ပြန်ချက်အရ အဆိုပါအမိန့်ဟာ ထုတ်ပြန်သည့်နေ့မှ ၂ လကြာသည်အထိ အကျုံးဝင်မှာဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။အရေးပေါ်ကိစ္စရှိလို့ သက်ဆိုင်ရာရဲ့ ခွင့်ပြုချက်ရထားသူမှအပ မည်သူမှညဘက်အပြင်ထွက်ခွင့်ရှိတော့မှာမဟုတ်သလို၊ ပျက်ကွက်ပါက တည်ဆဲဥပဒေအရ အရေးယူမယ်လို့လည်း ဖော်ပြထားပါတယ်။
Mawlamyine Daily
Ref; မော်လမြိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန