မော်လမြိုင်၊ ၂၅ စက်တင်ဘာ ၂၀၂၀
ကိုရိုနာဗိုင်းရပ် ကူးစက်မှုတွေကို ထိန်းချုပ်နိုင်ရန်အတွက် တိုင်းနှင့် ပြည်နယ်အနှံ့က မြို့နယ်ပေါင်း ၁၁ မြို့နယ်ကို Stay at Home အဖြစ် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက အမိန့်ထုတ်ပြန်ရာမှာ မော်လမြိုင်မြို့နယ်လည်း ပါဝင်နေတာဖြစ်ပါတယ်။ဒီထုတ်ပြန်ချက်အရ ချွင်းချက်ပေးခံထားရသူများမှ အပ ရပ်ကွက်အတွင်း၊အပြင် ဝင်ထွက်ခွင့်ပါ ကန့်သတ်ခံရမှာဖြစ်ပါတယ်။စက်တင်ဘာ ၂၆ ရက်နေ့ မနက် ၈ နာရီမှစပြီး အမိန့်အသက်ဝင်မှာဖြစ်ပါတယ်။ လိုက်နာရန်ပျက်ကွက်ပါက ဥပဒေအရ အရေးယူခံရမှာဖြစ်တယ်လို့ အမိန့်ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
Mawlamyine Daily
Ref; Myanmar Digital News