ခရိုနီလုပ်ငန်းရှင်တွေရဲ့ နိုင်ငံခြားဘဏ်မှာ အပ်ထားတဲ့ငွေစာရင်းကို ဗဟိုဘဏ်ကို ဒီဇင်ဘာလအတွင်းအကြောင်းကြားရမယ်ဆိုတဲ့သတင်းမှား

crony-bank-false-ps....

မော်လမြိုင်၊ ၂၅ စက်တင်ဘာ ၂၀၂၀

ခရိုနီ လုပ်ငန်းရှင်တွေရဲ့ နိုင်ငံခြားဘဏ်မှာ အပ်ထားတဲ့ အပ်ငွေစာရင်းကို မြန်မာနိုင်ငံတော် ဗဟိုဘဏ်ကို ဒီဇင်ဘာလမကုန်ခင် အကြောင်းကြားရမယ်ဆိုတဲ့သတင်းမှား တစ်ပုဒ် ဖေ့ဘွတ်ခ်ပေါ်မှာ ပျံ့နှံ့နေတာကို သတိပြုမိခဲ့ပါတယ်။ စက်တင်ဘာ ၂၁ ရက်နေ့က တင်ထားတဲ့ ဒီသတင်းကို  ယုံကြည်ပြီး Share ပြုလုပ်သူဟာလည်း ၃၀၀၀ နီးပါးအထိရှိနေတာမို့လို့ ဒီသတင်းဟာ သတင်းအမှားဖြစ်ကြောင်း  သတိပေးလိုက်ပါရစေ။

ဒီသတင်းမှားကို Aung San Suu Kyi (Myanmar State Counsellor) ဆိုတဲ့ ဖေ့ဘွတ်ခ် ဂရုတစ်ခုမှာ တင်ထားတာ ဖြစ်ပါတယ်။ ဒီဂရုကို လေ့လာကြည့်လိုက်တဲ့အခါ  ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီကို ထောက်ခံအားပေးတဲ့ ပို့စ်တွေ အများဆုံးတင်ထားတာကိုတွေ့ရပါတယ်။သတင်းမှားရဲ့ ဆိုလိုချက်ကတော့  “မြန်မာနိုင်ငံမှာ ပြည်ပ ကြွေးမြီ ၁၀ ဘီလျံတောင်မရှိဘူး၊ ခရိုနီ လုပ်ငန်းရှင်တွေက ဘီလျံ ၁၂၀ တောင်ပိုင်ဆိုင်ကြတယ်၊ သူတို့ပိုင်တဲ့ ငွေတွေကို သိမ်းပစ်ပြီးတောင် တိုင်းပြည်တည်ဆောက်ရ မယ်။ဗဟိုဘဏ်ကို ဒီဇင်ဘာလအတွင်း ခရိုနီလုပ်ငန်းရှင်တွေရဲ့ နိုင်ငံခြားဘဏ်အပ်ငွေစာရင်း ပြရမယ်” ဆိုတာပဲဖြစ်ပါတယ်။

ဘာလို့သတင်းအမှားလို့ ပြောရတာလဲဆိုရင်

    Google Advanced Search ကို အသုံးပြုပြီး keywords နဲ့ရှာဖွေလိုက်တဲ့အခါမှာ လုပ်ငန်းရှင်တွေရဲ့ နိုင်ငံခြားဘဏ်အပ်ငွေစာရင်းကို လက်ရှိ ၂၀၂၀ ခုနှစ် ဒီဇင်ဘာ လအတွင်း အကြောင်းကြားရမယ်ဆိုတဲ့ သတင်းကို မတွေ့ရပါဘူး။ သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်းလုပ်ဆောင်နေတဲ့ သတင်းမီဒီယာတွေမှာ ရော၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ရဲ့ ဝက်ဘ်ဆိုဒ် မှာရော မတွေ့ရပါဘူး။

    ပြည်ပ ဘဏ်စာရင်းဖွင့်ထားတဲ့သူတွေအနေနဲ့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ကို အကြောင်းကြားရမယ် ဆိုတဲ့ ၂၀၁၆ခုနှစ် က သတင်းနှစ်ပုဒ်ကိုတော့ တွေ့ရပါတယ်။ Myanmar Times သတင်းဌာနနဲ့၊ 7 Day News သတင်းဌာနတို့က တင်ထားတဲ့ သတင်းတွေကို ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

    ထပ်မံရှာဖွေကြည့်တဲ့အခါ ပြည်ပ ဘဏ်စာရင်းဖွင့်ထားတဲ့လုပ်ငန်းရှင်တွေအနေနဲ့ ဗဟိုဘဏ်ကို အကြောင်းကြားတင်ပြတယ်ဆိုတဲ့ နောက်ဆက်တွဲသတင်းတွေကို ၂၀၁၆ ခုနှစ်ကစလို့ သတင်းမီဒီယာလုပ်ငန်းစဉ် အတိုင်း ဆောင်ရွက်နေတဲ့ သတင်းမီဒီယာတွေမှာလည်း ဖော်ပြထားတာမရှိ တော့ပါဘူး။

    ဒါကြောင့်မို့လို့ လုပ်ငန်းရှင်တွေရဲ့ နိုင်ငံခြားအပ်ငွေစာရင်းကို ဗဟိုဘဏ်ကိုတင်ပြရမယ်ဆိုတဲ့သတင်းဟာ သတင်းအချက်အလက်အဟောင်းကို အသုံးပြုပြီး လက်ရှိဖြစ်နေသယောင် ပုံဖော်လိမ်လည်ရေးသားထား တဲ့သတင်းအမှားပဲဖြစ်တယ်ဆိုတာ သက်သေပြနိုင်ပါတယ်။

 ရွေးကောက်ပွဲနီးလာတာနဲ့အမျှ ဒီလို သတင်းအချက်အလက်အဟောင်းတွေ၊အမှားတွေကို အသုံးပြုပြီး အားပေးထောက်ခံတဲ့ သတင်းအမှားတွေ လူမှုကွန်ရက်ပေါ်မှာတွေ့နေရပါတယ်။ဒါကြောင့်မို့လို့ စာဖတ်ပရိသက်တွေအနေနဲ့လည်း ကိုယ်လေးစားနှစ်သက်တဲ့ပါတီ၊ လူပုဂ္ဂိုလ်တွေကို ထောက်ခံအားပေးတဲ့အခါမှာ ဒီလို အချက်အလက်အမှားတွေကို အသုံးပြုပြီး ရေးထားတဲ့ သတင်းအမှားတွေကို မယုံကြည်မိဖို့လိုပါတယ်။ အဲဒီလိုမယုံကြည်မိဖို့ဆိုရင်တော့ သတင်းအမှားမှာ ပါဝင်တဲ့အချက်အလက်တွေကို သတင်းဌာနတွေမှာ ဖော်ပြထားသလားဆိုတာရယ် သတင်းနဲ့သက်ဆိုင်တဲ့ တရားဝင် ဝက်ဘ်ဆိုဒ်တွေမှာ ရော ဖော်ပြထားသလားဆိုတာရယ်နဲ့ တိုက်ဆိုင်စစ်ဆေးဖို့လိုပါတယ်။

အခုလိုမျိုးကပ်ရောဂါအခြေအနေမှာ လူမှုမီဒီယာပေါ်မှာ သတင်းအမှားတွေက နည်းမျိုးစုံနဲ့ပျံ့နှံ့နေတဲ့အတွက် တာဝန်ယူမှု တာဝန်ခံမှုမရှိတဲ့ သတင်းမီဒီယာအယောင်ဆောင် ဝဘ်ဆိုက်ဒ်/ စာမျက်နှာတွေက တင်တဲ့ သတင်းတွေကိုမယုံကြည်ဖို့လိုအပ်ပြီး အစိုးရရဲ့တရားဝင်သတင်းထုတ်ပြန်ချက်တွေနဲ့သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်းဆောင်ရွက်ပြီး တာဝန်ယူမှုတာဝန်ခံမှုရှိတဲ့သတင်းဌာနတွေရဲ့ သတင်းတွေကိုပဲ ဖတ်ရှုပြီးမှ ယုံကြည်သင့်ပါတယ်။

သတင်းတွေကို အမှား/အမှန်ခွဲခြားရခက်နေတယ်ဆိုရင် ဟုတ်တယ် Vs မဟုတ်ဘူး Facebook page ရဲ့ Messenger bot ကို ကိုယ်စစ်ဆေးလိုတဲ့သတင်းရဲ့ လင့်ခ် ဒါမှမဟုတ် Screenshot ကို ပေးပို့မေးမြန်းစိစစ်ခိုင်းလို့ရနေပါပြီ။

မြန်မာနိုင်ငံအတွင်း သတင်းအတု၊ သတင်းအမှားတွေကို စီစစ်ဖော်ထုတ်နေသည့် ( ဟုတ်တယ် Vs မဟုတ်ဘူး ) ဆိုသည့် နည်းပညာအဖွဲ့၏ ခွင့်ပြုချက်ဖြင့် ကူးယူဖော်ပြသည်။

(ဟုတ်တယ် Vs မဟုတ်ဘူး) Facebook စာမျက်နှာမှ မူရင်းလင့်
https://www.realornotmm.info/2020/09/23/fact-check-crony-business-man-must-report-their-foreign-bank-account-to-cbm-disinformation/

#Mawlamyine Daily

#Fact Check

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s