Memory loss သတိမေ့ခြင်း

Memory loss သတိမေ့ခြင်း

မော်လမြိုင်၊ ၂၄ စက္တင္ဘာ ၂၀၂၀
မင်္ဂလာပါဆရာ။ ဆရာရွှင်လန်းချမ်းမြေ့ပါစေ။ ကျွန်တော့့့် ပါခင်မျာ၊ ရန်ကုန်မှာအမေနှင့်အတူနေပါတယ်။ ကျွန်တော့် အမေ အသက် ၈၄နှစ်။ အခုချိန်အထိ တခါတရံ ဒူးနာ၊ ခါးနာတာကလွဲရင် ဘာရောဂါမှမရှိသေးပါ၊။ ဆေးအနေနဲ့ အားဆေးကလွဲရင် ဘာမှမသောက်ပါ။ အခုတလော အရမ်းမေ့တတ်နေလို့ သတိလေးပြန်ထိန်းနိင်အောင် ဘယ်လိုဆေးမျိုး သောက်သုံးသင့်သလဲ ဆရာအကြံပြုပေးစေခြင်ပါတယ်။ တချို့အကြံပြုတဲ့ Moriamin Forte ဆိုတာကတော့ သာမာန် အားဆေးလို့ ထင်လို့မတိုက်သေးပါ။ အားဆေးပုံလေးထဲ့ပေးလိုက်ပါတယ်။ ဆရာထံမှ ဘယ်လိုဆေးမျိုး သောက်သင့်သလဲ အကြံပြုပေးစေခြင်ပါတယ်။ ဆရာအစစအရာရာအစဉ်ပြေပါစေ။
Memory loss ကို ဆေးစာနဲ့ Amnesia လို့ခေါ်တယ်။ လက်ငင်းဖြစ်နေတာတွေကိုရော အတိတ်ဖြစ်ရပ်တွေပါ သတိမေ့တာ ဖြစ်တယ်။ တဖြေးဖြေးခြင်း ဖြစ်လာတာနဲ့ ရုတ်တရက်ဖြစ်လာတာလို့ ရှိတယ်။ ခဏလောက်သာမေ့တာနဲ့ အမြဲမေ့နေတာ ဆိုပြီး ရှိတယ်။ အသစ်တွေကို မှတ်ဘို့ ခက်ခဲသလို ပြန်စဉ်းစားလို့ မလွယ်ဘူး။ ရောဂါတခုခုပါ ရှိမနေရင် ဒါမျိုးက တဖြေးဖြေးချင်း ဖြစ်တာပါ။
သတိမေ့တာနဲ့အတူ အာရုံစိုက်မှုပါ အားနည်းတတ်တယ်။ စိတ်ကျတာရှိရင် အဲလိုဖြစ်မယ်။ ဦးနှောက်ထဲက ပျက်စီးတဲ့နေရာ မတူရင် ခံစားရမှာမတူဘူး။ အကုန်မေ့တာ မဟုတ်ဘဲ အဖြစ်အပျက် အမျိုးအစား သတ်သတ်မှတ်မှတ်ကိုသာ မေ့တာလည်း ရှိတယ်။ စဉ်းစားတဲ့ အစွမ်းက ဆက်ရှိနေနိုင်တယ်။ မရှိတာလည်း ဖြစ်နိုင်တယ်။ အသေးစိတ် မမှတ်မိတာတဲ့ အစီအစဉ် လွဲနေတာမျိုး ဖြစ်နိုင်တယ်။ စကားလုံးတွေ မေ့တာမျိုးရှိမယ်။ ကြွက်သားတွေ လှုတ်ရှားရမှာမျိုးကို မေ့နေတာလည်း ရှိမယ်။
အကြောင်းတရား များတယ်။• အရက်၊ မူးယစ်ဆေးဝါး၊• ဦးနှောက်ကို အောက်စီဂျင် မရစေတဲ့ အခိုက်အတန့်မျိုးမှာလဖြစ်မယ်။ ဥပမာ နှလုံးခုန်ရပ်သွားတာ၊ အသက်ရှူရပ်သွားတာ၊ Strokes (ဆထုပ်ခ်)၊ မေ့ဆေးကြောင့် အဆင်မသင့်ဖြစ်တာ။• ဦးနှောက်အကျိတ်၊• ဦးနှောက်ပိုးဝင်ခြင်း၊ ဥပမာ Lyme disease (လိုင်းမ်) ရောဂါ၊ Neurosyphilis (ဆစ်ဖလစ်)၊ HIV/AIDS ရောဂါတွေဖြစ်တယ်။• ဦးနှောက် ခွဲစိတ်ကုသရခြင်း၊ ဦးနှောက်ကို ဓါတ်ကင်ခြင်း၊ ရိုးတွင်းခြင်ဆီ အစားထိုးခြင်း၊ ကင်ဆာဆေးပေးခြင်း၊• တချို့ဆေးဝါးတွေ၊ Barbiturates, Benzodiazepines, Sleeping pills, Antihistamines, Blood pressure and arthritis medication, Antidepressants, Anti-anxiety medications, Painkillers• Dementia ဒီမင်းရှားရောဂါ၊• Depression, schizophrenia စိတ်ကျရောဂါ၊ စကီဇိုဖရီးနီးယားစိတ်ရောဂါ၊• Electroconvulsive therapy အတက်ရောဂါရပ်အောင် လျှပ်စစ်နည်းနဲပဆေးကုတာ တာရှည်ရင်၊• Encephalitis ဦးနှောက်ရောင်ခြင်းအမျိုးမျိုး၊• Epilepsy ဝက်ရူးပြန် အတက်ရောဂါ၊• Head trauma or injury ခေါင်းခိုက်မိခြင်း၊• Heart bypass surgery နှလုံးသွေးကြောဆက်ခွဲစိတ်ကုသခြင်း၊• Migraine headache မိုင်ဂရင်းရောဂါ၊• Malnutrition အာဟာရချို့တဲ့ခြင်း၊ ဗီတာမင် ဘီ-၁၂ နည်းခြင်း၊• Jet Lag ခရီးရှည်သွားခြင်း၊• Meningitis ဦးနှောက်မှေးရောင်ခြင်း၊• Prolonged toxin exposure အဆိပ်သင့်ခြင်း၊• Sleep disorders အအိပ်ပျက်ရောဂါ၊• Thyroid disease လည်ပင်းကြီးရောဂါ၊• Parkinson’s disease, Huntington’s disease, Multiple sclerosis, Creutzfeldt-Jakob Disease, Fibromyalgia, Pick Disease, West Nile Virus, Lewy body disease, Normal pressure hydrocephalus, Wernicke-Korsakoff syndrome, Wilson’s disease ရောဂါများ။
သွေးစစ်ရမယ်။ Cerebral angiography, Cognitive tests, CT scan or MRI, EEG နဲ့ Lumbar puncture တွေ လုပ်နိုင်တယ်။
Dementia ဒီမင်းရှားရောဂါMental ability စိတ်စွမ်းကိုက နည်းသွားလို့ ဖြစ်ရတယ်။ Thought processes စဉ်းစားမှု ထိခိုက်တာလည်း ရှိနိုင်တယ်။ ဖြေးဖြေးချင်း မေ့လာတယ်။ ကြာလေဆိုးလေ။ Memory မှတ်ဉာဏ်၊ Understanding နားလည်နိုင်စွမ်း၊ Judgement ဆုံးဖြတ်နိုင်စွမ်း၊ Thinking တွေးခေါ်မှု နဲ့ Language စကားတွေပါ မေ့နိုင်တယ်။ Personality တကိုယ်ရေ ပုံစံလည်း ပြောင်းလာမယ်။ သူများတွေနဲ့ ဝင်ထွက်ဆက်ဆံတာ အရင်လို မဟုတ်တော့ဘူး။ Alzheimer’s disease အယ်လ်ဇိုင်းမား ရောဂါ၊ Vascular dementia ဗာစကူလာဒီမင်းရှားရောဂါ နဲ့ Dementia with Lewy bodies တွေကြောင့် ဖြစ်နိုင်တယ်။
Dementia ဟာ Alzheimer’s disease အယ်လ်ဇိုင်းမားကြောင့် တဝက်လောက်ဖြစ်စေတယ်။ ဦးနှောက်က အရွယ် ငယ်လာတယ်။ ဦးနှောက်ထဲက အာရုံကြော အရေအတွက်နည်းလာမယ်။ အလုပ်လုပ်ရာမှာလိုတဲ့ Acetylcholine ဓါတ်ပစ္စည်းတွေလည်း နည်းလာတယ်။ ကြာလေဆိုးလေ။ တဖြေးဖြေးနဲ့ ရာသက်ပန်မေ့တယ်။
Vascular dementia ဆိုတာကနေ Dementia လေးပုံတပုံ ဖြစ်စေတယ်။ ဦးနှောက်ထဲက သွေးကြော သေးသေးလေး တွေမှာ ရောဂါဖြစ်တယ်။ စဉ်းစားတွေးခေါ်တဲ့အစိတ်အပိုင်းက သွေးကြေားလေးတွေမှာ Infarct သွေးကြောပိတ်ရာကနေ ထိခိုက်ပျက်စီးတယ်။ Tiny strokes အသေးစား စထုပ်ခ်လို့ခေါ်တယ်။ Major stroke တကယ့် စထုပ်ခ်ရပြီးနောက် ဆက်ဖြစ်တာလည်း ဖြစ်နိုင်တယ်။
သွေးတိုးရှိသူ၊ ဆေးလိပ်သောက်သူ၊ ကိုလက်စထောများသူ၊ လေ့ကျင့်ခန်းမလုပ်သူတွေမှာ အဖြစ်များစေတယ်။ ဉာဏ်ရည်နည်းသူတွေ၊ အဖေါ်ကင်းသူတွေမှာပိုဖြစ်တယ်။ မိသားစုထဲမှာ တယောက်မကဖြစ်တတ်တယ်။ ကလေးတွေမှာ မွေးရာပါ Down’s syndrome ရှိရင်မေ့တယ်။ ဒီကလေးမျိုးကြီးလာရင် Alzheimer’s disease ပိုဖြစ်နိုင်တယ်။Dementia with Lewy bodies ဆိုတာကနေ ၁၅% ဖြစ်စေတယ်။ ဦးနှောက်ထဲက အာရုံကြောတွေမှာ ပုံမှန် မဟုတ်တဲ့ ပရိုတင်းအခဲလေးတွေ စုဝေးလာလို့ ဖြစ်တယ်။
Mixed dementia ရောထွေးနေတာမျိုးရှိသေးတယ်။ တခြားအကြောင်းတရား ရောဂါအမျိုးပေါင်း ၆ဝ လောက်ရှိတယ်။ ဗြိတိန်မှာ အသက် ၆၅ ကျော်လာရင် ၂ဝ မှာ ၁ ယောက်ဖြစ်တယ်။ ၈၅ နှစ်ကျော်ရင် ၅ ယောက် ၁ ယောက် ဖြစ်တယ်။ ဒါပေမယ့် အသက်ကြီးတိုင်း ဖြစ်ရမယ်တော့ မဟုတ်ပါ။ ငယ်သေးလို့ လုံးဝမဖြစ်ဘူးတော့ မဟုတ်ပါ။
လုံးဝပျောက်အောက် မတတ်နိုင်သေးပါ။ Thinking စဉ်းစားမှုနဲ့ Memory သတိတရားဆိုတဲ့ Cognitive symptoms လက္ခဏာတွေ သက်သာစေဘို့ ဆေးတွေနဲ့ Mood အမူအယာတွေ ပြောင်းလာတာကို သက်သာစေမဲ့ ဆေးတွေဆိုပြီး ၂ မျိုး သုံးနိုင်တယ်။
Acetylcholinesterase inhibitors (Donepezil, Rivastigmine, Galantamine) ဆေးတွေက Alzheimer’s disease ရောဂါမှာ နည်းနေတဲ့ Acetylcholine ဓါတ်ကိုများစေအောင်လုပ်ပေးတယ်။ ပျောက်သွားစေမဲ့ဆေးတော့ မဟုတ်ဘူး။ ၂ဝ၁၁ မတ်လကစပြီး National Institute for Health and Clinical Excellence ကနေ ညွှန်ကြားချက်အသစ် ထုတ်ထားတယ်။ Donepezil, Galantamine နဲ့ Rivastigmine ဆေးတွေကို အသင့်အတင့်သာဆိုးတဲ့ Alzheimer’s disease ရောဂါအတွက် ပေးနိုင်တယ်။ သတိပြုဘို့တော့ ရှိတယ်။ အထူးကုဆရာဝန်ကနေသာ ဆေးပေးရမယ်။ အမြဲတန်း ဆန်းစစ်နေရမယ်။ ဘေးထွက်-ဆိုးကျိုးတွေရှိတယ်။ နေမကောင်းသလိုခံစားရမယ်၊ ကြွက်သားတွေနာမယ်၊ မောပန်းမယ်၊ ခေါင်းကိုက်မယ်၊ ဝမ်းပျက်မယ်။
Memantine ဆေးကို အသင့်အတင့်သာဆိုးတဲ့ Alzheimer’s disease ရောဂါအတွက်ပေးနိုင်တယ်။ ဒီဆေးက ဦးနှောက်ထဲမှာ Glutamate ဓါတ်ကိုနည်းစေမယ်။ ဦးနှောက် ဆဲလ်တွေကို မပျက်စီးအောင် ကာကွယ်ပေးမယ်။ ပျောက်သွားစေမဲ့ဆေးတော့ မဟုတ်ဘူး။ Acetylcholinesterase inhibitor ကိုပေးမရသူတွေအတွက် သုံးနိုင်တယ်။စိတ်ဓါတ်ကျရာကနေ သတိမေ့သူတွေအတွက် Antidepressant စိတ်မကျဆေးသုံးတာလည်း လုပ်ပါတယ်။ အိပ်မရ ဖြစ်သူတွေကို အိပ်ဆေးပေးမယ်။ ကြမ်းတမ်းပြီး အထိန်းရခက်သူတွေကို Tranquilliser ငြိမ်ဆေး၊ Antipsychotic medicine စိတ်ဆေးတွေပေးမယ်။
မိသားစုကနေ ကူညီရမယ်။ အထူးသူနာပြုဂေဟာတွေက ကူညီနိုင်တယ်။ Cognitive therapy ကုသနည်း လုပ်ပေးနိုင်တယ်။ Boron, Lecithin, Garlic, Vitamin B complex, Zinc, Copper, Vitamin C with bioflavonoid အားဆေးတွေ သောက်သင့်တယ်။ Gingko biloba ဟာဘယ်ဆေး၊ အကိုက်အခဲပျောက်ဆေး၊ ဗီတာမင် အီး၊ အီစထိုဂျင်နဲ့ Statins စတာတင်ဆေးတွေကလည်း အထောက်အကူရနိုင်တယ်။ Aerobic exercise လေ့ကျင့်ခန်း လုပ်ရမယ်။


Dr. တင့်ဆွေ

(ဆရာကြီး၏ ခွင့်ပြုချက်ဖြင့် Mawlamyine Daily မှဖော်ပြပါသည်။)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s