မွန်ပြည်နယ်ရှိ မြို့နယ် (၁၀) ခု ထဲမှာတော့ မော်လမြိုင်နဲ့ ရေးမြို့နယ် တို့မှာပဲ အမျိုးသားလွှတ်တော် အတွက် မဲဆန္ဒနယ်မြေ နှစ်ခုစီ ရှိပြီး ကျန်တဲ့ မြို့နယ်တွေကတော့ တစ်ခုစီပဲ ရှိကြပါတယ်။ ရွေးကောက်ပွဲဥပဒေအရ ပြည်နယ်နှင့်တိုင်းဒေသကြီး တစ်ခုစီမှာ အမျိုးသားလွှတော်အတွက် မဲဆန္ဒနယ် ၁၂ ခု ညီတူညီမျှသတ်မှတ်ရပါတယ်။ ဒါပေမယ့် အဆိုပါ ပြည်နယ်(သို့) တိုင်းဒေသကြီးတွင် မြို့နယ် အရေအတွက် ၁၂ ခုအောက် လျှော့နည်းနေပါက လူဦးရေအများဆုံးရှိတဲ့ မြို့နယ်မှာ လိုအပ်သည့် အရေအတွက်ပြည့်မှီအောင် မဲဆန္ဒနယ် ထပ်တိုးသတ်မှတ်ပေးရတာဖြစ်လို့ မော်လမြိုင်နဲ့ ရေးမြို့နယ်တွေမှာ အမျိုးသားလွှတ်တော်အတွက် ၂ ခုစီဖြစ်နေရတာပါ။ဒီတော့ မော်လမြိုင်မြို့နယ်မှာ အမျိုးသား လွှတ်တော် မဲဆန္ဒနယ် (၄) နဲ့ (၅) ဆိုပြီး မဲဆန္ဒနယ်မြေ နှစ်ခု ရှိပါတယ်။မော်လမြိုင်မြို့နယ်ရဲ့ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်မြေ သတ်မှတ်ချက် အသေးစိတ်ကို မြေပုံပေါ်မှာ ကြည့်ရှူ့ နိုင်ပါတယ်။
(ယခု အစီအစဥ်သည် #NEI‘s Election Info Desk ၏ခွင့်ပြုချက်ဖြင့် #Mawlamyine Daily တွင်ဖော်ပြသည်။)