OSAS အိပ်စက်ခြင်းဆိုင်ရာရောဂါ နှင့် CPAP machine စက်

OSAS အိပ်စက်ခြင်းဆိုင်ရာရောဂါ နှင့် CPAP machine စက်

မော်လမြိုင်၊ ၂၁ စက္တင္ဘာ ၂၀၂၀
၁။ မင်္ဂလာပါဆရာ CPAP စက်ရဲ့ ကောင်းကျိုးဆိုးကျိုးတွေ သိချင်လို့ပါ ဖေဖေက ဝပြီး အရမ်းဟောက်တက်တာမို့ အသုံးပြုချင်လို့ပါ ကျေးဇူးတင်ပါတယ်
မနေ့တမြန်နေ့ကလည်း တယောက်က မေးတယ်။ အရင်ကမေးလို့ ရေးထားတယ်။
၂။ အသက် ၆၁ နှစ် အမျိုးသမီးပါရှင်။ ဆီးချို ရောဂါ ရှိတာ (၁၀ )နှစ်ရှိပါပြီ။ လွန်ခဲ့တဲ့ (၁) လောက်က မောမောလာလို့ အဆုတ်အထူးကုနဲ့ပြကြည့်တော့ အာက်ဆီဂျင်က ၆၀ ပဲရှိလို့ အရေးပေါ်ဆေးရုံတက်ခဲ့ပါတယ်။ Obstructive Sleep Apnea Syndrome (OSAS) ရောဂါလို့ပြောပါတယ်။ BiPAP စက်တပ်ဖို့လိုအပ်တယ်ပြောလို့ပါရှင့်။ အောက်ဆီဂျင် ကို တနေ့လုံးနီးပါး ရှူနေရပါတယ်။ အိပ်ချိန် မရှူမိရင် ၅၀ ကျော်လောက်ပဲရှိလို့ပါ ဆရာ။ လိုအပ်မယ်ထင်တဲ့ ဆေးစစ်ချက်လေးတွေ ပူးတွဲပို့ပေးလိုက်ပါတယ်။ အမှားပါတာများရှိရင်လည်း ခွင့်လွှတ်ပေးဖို့ တောင်းပန်ပါတယ် ဆရာ။
အထူးကုဆရာဝန်တွေနဲ့ ပြသ ကုသနေတာကောင်း။ ထူးဖြေရန်မရှိပါ။
ဟုတ်ကဲ့ပါဆရာ။ မေးခွန်းမပါသလိုဖြစ်သွားတယ်ထင်ပါတယ်။ OSAS ရောဂါနဲ့ပတ်သတ်ပြီး ဆရာရေးထားတာများရှိရင် ဖတ်ချင်လို့ပါ။ ရောဂါအကြောင်း အသေးစိတ်သိချင်လို့ပါ။ ခုလောလောဆယ် ByPAP စက်ဝယ်ဖို့ မတတ်နိုင်သေးလို့ တခြား သက်သာမဲ့နည်းလမ်းများရှိဦးမလား သိချင်လို့ပါ။ မေးခွန်းထပ်မေးရသလိုဖြစ်တာမို့ အားနာပါတယ် ဆရာ။ ဆေးပညာဗဟုသုတတွေ အမြဲဖတ်ရလို့ ကျေးဇူးတင်ပါတယ်။
Obstructive sleep apnea ဆိုတာ အိပ်စက်ခြင်းဆိုင်ရာရောဂါတခုဖြစ်တယ်။ ဆိုးတယ်။ ဆောရီး။ အိပ်နေရင်း ယာယီ အသက်ရှူရပ်သွားစေနိုင်တယ်။ အများဆုံးဖြစ်တဲ့အမျိုးအစားမှာ လည်ချောင်းကြွက်သားတွေ တခါတခါ ပျော့ရာကနေ အသက်ရှူလမ်းကို ပိတ်နေလို့ဖြစ်တယ်။ အသက်ကို ရန်ရှာတဲ့အထိဆိုးနိုင်တယ်။ ဆောရီး။
ရောဂါလကဏာတွေကတော့ နေ့ခင်းမှာအိပ်ချင်နေမယ်။ ဟောက်သံထွက်မယ်။ အိပ်နေစဉ်မှာ အသက်ရှူမရလို့ နိုးလာတယ်။ ချုပ်ရသလိုဖြစ်မယ်။ နိုးရင် အာခေါင်ခြောက်နေမယ်။ မနက်ထ ခေါင်းကိုက်မယ်။ နေ့ခင်းမှာ အာရုံစိုက်ရတာ ခက်မယ်။ စိတ်မူပြောင်းမယ်။ စိတ်ဓါတ်ကျတာနဲ့ ဒေါသပိုထွက်တာမျိုး။ သွေးတိုးမယ်။ ညချွေးထွက်မယ်။ လိင်စိတ်နည်းမယ်။
လူတိုင်းမှာ ဖြစ်နိုင်ပေမဲ့ ကိုယ်အလေးချိန်များသူတွေမှာ ပိုဖြစ်တယ်။ အသက်ရှူလမ်းကျဉ်းနေသူတွေ၊ သွေးတိုးရှိသူတွေ၊ နှာစေတာမကြာခဏဖြစ်သူတွေ၊ ဆေးလိပ်သောက်သူတွေမှာ ပိုဖြစ်ကြတယ်။ မိသားစုထဲတယောက်မကတွေ့ရတယ်။ ပန်းနာရှိရင် ပိုဆိုးတယ်။ မဝသူတွေလည်း ဖြစ်တာရှိတယ်။
ကိုယ်အလေးချိန်ချပါ။ အစားအစာရွေးပါ။ ကိုယ်လက်လေ့ကျင့်ခန်းလုပ်ပါ။ ဆေးလိက် အရက် မသင့်။ ပက်လက်မအိပ်ပါနဲ့။
ကုသနည်းများ၁။ Continuous positive airway pressure (CPAP) machine စက်၂။ Oral device ခံတွင်းထည့်ကရိယာ၊၃။ Surgery ခွဲစိတ်နည်းတွေရှိတယ်။
CPAP machine စက်ကို obstructive sleep apnea အတွက်သုံးတယ်။ လေကိုဖိအားနဲ့ ပိုက် + နှာခေါင်းဖုံးကနေ သွင်းပေးတယ်။ လူတိုင်းနဲ့တော့ သင့်တော်တာမဟုတ်ပါ။ Sleep apnea ရောဂါကို ပျောက်စေအောင်လုပ်တာတော့ မဟုတ်ပါ။
အဲလိုဖြစ်နေသူတွေမှာ သွေးတိုး၊ ဆီးချိုနဲ့ နှလုံးရောဂါတွေပါ ဆက်ဖြစ်နေသတား စစ်ဆေး ကုသရပါမယ်။ အလိုလိုမပျောက်ပါ။
ကိုယ်အလေးချိန်ချနည်းလိုတယ်။ ခွဲနည်းဆိုတာ Tonsillectomy အာသီးနဲ့ Adenoidectomy အနီးအနားက တစ်ရှူးကို ခွဲထုတ်ရတာဖြစ်တယ်။
ကလေးတွေမှာလည်း ဖြစ်တယ်။ မနေ့ကပဲ ဒီမှာနေတဲ့ မြန်မာပြည်ကမိတ်ဆွေတယောက်ရဲ့ ၈-၉ နှစ်အရွယ်သမီးလေး အဲလိုရောဂါဖြစ်လို့ ပြသစစ်ဆေးနေရတာကို အခုဘယ်လိုလဲ မေးတော့ ခွဲစိတ်လိုက်ပြီး ကောင်းသွားပြီတဲ့။ ကလေးမလေးက ဝလည်းဝတယ်။


ဒေါက်တာတင့်ဆွေ

(ဆရာကြီး၏ ခွင့်ပြုချက်ဖြင့် Mawlamyine Daily မှဖော်ပြပါသည်။)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s