ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကဗျာဟာ ရုရှားကဗျာဆရာ မာယကော့စကီးရဲ့ ကဗျာကို မှီငြမ်းထားတယ်ဆိုတဲ့ သတင်းအမှား

DASSK-Poem

မော်လမြိုင်၊ ၁၉ စက်တင်ဘာ ၂၀၂၀

လူမှုကွန်ရက်ဖေ့ဘွတ်ခ်မှာ လူအများအပြား မျှဝေနေတာကြောင့် ပျံ့နှံ့မှုများနေတဲ့ သတင်းအမှားတစ်ပုဒ်ကို အချက်အလက်စစ်ဆေးသူတွေ သတိပြုမိခဲ့ပါတယ်။ ဒီသတင်းအမှားကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကဗျာဟာ ရုရှားကဗျာဆရာ မာယကော့စကီးရဲ့ ကဗျာကို မှီငြမ်းထားတာဖြစ်တယ်လို့ ရေးသားထားတဲ့ သတင်းအမှားပဲ ဖြစ်ပါတယ်။

ဒီသတင်းအမှားကိုတော့ “Myanmar Hard Talk” ဆိုတဲ့ ဖေ့ဘွတ်ခ်ပေ့ခ်ျက ရုရှားဘာသာစကား၊ မြန်မာဘာသာစကားတို့နဲ့ ရေးသားထားပြီး စက်တင်ဘာ ၁၆ရက် နံနက် ၁၁နာရီကျော်လောက်မှာ ပို့စ် တင်ခဲ့ပါတယ်။ အဲ့ဒီပို့စ်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လက်ရေးမူ ကဗျာနဲ့အတူ မာယကော့စတီးရဲ့ ဓာတ်ပုံကို ပူးတွဲပြီး တင်ထားတာ ဖြစ်ပါတယ်။ ဒီသတင်းအမှားဟာ နာရီပိုင်းအတွင်းမှာ ဒီပို့စ်ကို Like and React ပြုလုပ်သူ ၂၈၀၀ ကျော်အထိ ရှိပြီး ပြန်လည်မျှဝေသူ ၁၆၀၀ ကျော်အထိ ရှိခဲ့ပါတယ်။ 

 ၂၀၁၁ ခုနှစ်  ကိုလံဘီယာနိုင်ငံမှာ ပြုလုပ်တဲ့  နိုင်ငံတကာ ကဗျာဖတ်ပွဲတော်မှာ ဖတ်ပြဖို့အတွက် ဒါရိုက်တာ မင်းထင်ကိုကိုကြီးက ဒေါ်အောင်ဆန်းစုကြည် ထံ ကဗျာတစ်ပုဒ်ရေးသားပေးဖို့ တောင်းဆိုခဲ့တာကြောင့်  သူမကိုယ်တိုင် လက်ရေးမူနဲ့ ရေးသားထားတဲ့ ကဗျာကို ပေးခဲ့ပါတယ်။  ဒီလက်ရေးမူ ကဗျာ စာရွက်ကို ၂၀၂၀ ရွေးကောက်ပွဲ NLD ပါတီ အောင်နိုင်ရေး ပြုလုပ်ရာမှာ အသုံးပြုဖို့အတွက် ဒါရိုက်တာ မင်းထင်ကိုကိုကြီးနဲ့ အစီစဉ်တင်ဆက်သူ မောင်မောင်အေးတို့က အွန်လိုင်းမှာ လေလံတင်ရောင်းချခဲ့ပါတယ်။ ဒီကဗျာ လက်ရေးမူကို အမည်မဖော်လိုသူ တစ်ဦးက ကျပ်သိန်း ၂၄၀၀ နဲ့ လေလံအောင်ခဲ့ပါတယ်။ ဒီလို လေလံအောင်ထားတဲ့ ကဗျာဟာ သူများကဗျာကို မှီငြမ်းရေးသားထားတဲ့ ကဗျာလို့ လူမှုကွန်ရက်မှာ သတင်းအမှားတွေ ပျံ့နှံ့နေတာ ဖြစ်ပါတယ်။

သတင်းအမှားပျံ့နှံ့မှုအကြောင်းအရင်း ဆန်းစစ်ချက်

အချက်အလက်စစ်ဆေးသူတွေက “Myanmar Hard Talk” ဆိုတဲ့ ဖေ့ဘွတ်ခ်ပေ့ခ်ျကို လေ့လာကြည့်လိုက်တော့ ဒီပေ့ခ်ျဟာ သတင်းအတု/ သတင်းအမှားတွေကို မကြာခဏ ဆိုသလို ရေးတင်လေ့ရှိတဲ့ ပေ့ခ်ျဆိုတာ လေ့လာတွေ့ရှိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ၂၀၁၁ခုနှစ်က ရေးသားထားတဲ့ ကဗျာကို  Google Translate မှာ ရုရှားဘာသာစကားနဲ့ ပြောင်းပြီး သတင်းအမှားဖြန့်ဝေထားတာ ဖြစ်ပါတယ်။ ဒီသတင်းအမှားကို ပျံ့နှံ့မှု ပိုမိုများပြားလာအောင် ဂရုတွေထဲမှာ ဖြန့်ဝေနေတာကို တွေ့ရပါတယ်။

ဘာလို့ သတင်းအမှားလဲလို့ ပြောရတာလဲဆိုရင်

    ရုရှားကဗျာဆရာ ဗလာဒီမာ မာယကော့စကီး ရေးသားခဲ့တဲ့ ကဗျာတွေ အများကြီးရှိပါတယ်။ ဒါပေမဲ့ “The Proud” ဆိုတဲ့ ကဗျာကို ရေးသားခဲ့တာ မရှိပါဘူး။ သူ့ရဲ့ ကဗျာပေါင်းချုပ်ထဲမှာလည်း “The Proud” အမည်ရှိတဲ့ ကဗျာကို မတွေ့ခဲ့ပါဘူး။

    သတင်းအမှားမှာဖော်ပြထားတဲ့ ရုရှားကဗျာ စာသားတွေက Google Translate ကို အသုံးပြုပြီး ထင်ယောင်ထင်မှားဖြစ်အောင်ရည်ရွည်ချက်နဲ့ဖန်တီးထားတာဖြစ်ပါတယ်။

    “Myanmar Hard Talk” က ရေးတင်ထားတဲ့ ပို့စ်မှာ မာယကော့စကီးရဲ့ ဘဝဇာတ်ကြောင်းကို ခုနှစ်သက္ကရာဇ်နဲ့ တိတိရေးသားဖော်ပြခဲ့ပေမဲ့ ဘယ်နှခုနှစ်မှာ ရေးသားထုတ်ဝေခဲ့တဲ့ ကဗျာ ဖြစ်တာဆိုတာ တိတိကျကျ ရေးသားဖော်ပြထားတာ မရှိပါဘူး။

ဖော်ပြပါ အချက်အလက်တွေနဲ့ တိုက်ဆိုင်စစ်ဆေးကြည့်မယ်ဆိုရင် “Myanmar Hard Talk” က ရေးတင်ထား တဲ့ ရုရှားကဗျာဆရာ မာယကော့စကီးရဲ့ ကဗျာကို ဒေါ်အောင်ဆန်းစုကြည်က မှီငြမ်းပြီး ကဗျာ ရေးသားထား တယ်ဆိုတာ သတင်းအမှားဖြစ်ကြောင်း သက်သေပြနိုင်ပါတယ်။

စာဖတ်ပရိသတ်တွေကို အကြံပြုလိုတာက လူမှုကွန်ရက်ပေါ်မှာ သတင်းအမှားတွေက နည်းမျိုးစုံနဲ့ ပျံ့နှံ့နေပါတယ်။ ဒါကြောင့် သတင်းအကြောင်းအရာတစ်ခုကို လူမှုကွန်ရက်မှာ တွေ့ရှိခဲ့ရင် အလွယ်တကူ မယုံပါနဲ့ သတင်းမှာပါဝင်တဲ့ စာသားတွေအပြင် ဓာတ်ပုံတွေ ၊ ဗီဒီယိုတွေကိုပါ စစ်ဆေးပြီး သတင်းအမှား/အမှန် ဖြစ်တယ် လို့ ခွဲခြားလို့ရပါတယ်။ 

အခုလိုမျိုးကပ်ရောဂါအခြေအနေမှာ လူမှုမီဒီယာပေါ်မှာ သတင်းအမှားတွေက နည်းမျိုးစုံနဲ့ပျံ့နှံ့နေတဲ့အတွက် တာဝန်ယူမှု တာဝန်ခံမှုမရှိတဲ့ သတင်းမီဒီယာအယောင်ဆောင် ဝဘ်ဆိုက်ဒ်/ စာမျက်နှာတွေက တင်တဲ့ သတင်းတွေကိုမယုံကြည်ဖို့လိုအပ်ပြီး အစိုးရရဲ့တရားဝင်သတင်းထုတ်ပြန်ချက်တွေနဲ့သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်းဆောင်ရွက်ပြီး တာဝန်ယူမှုတာဝန်ခံမှုရှိတဲ့သတင်းဌာနတွေရဲ့ သတင်းတွေကိုပဲ ဖတ်ရှုပြီးမှ ယုံကြည်သင့်ပါတယ်။

သတင်းတွေကို အမှား/အမှန်ခွဲခြားရခက်နေတယ်ဆိုရင် ဟုတ်တယ် Vs မဟုတ်ဘူး Facebook page ရဲ့ Messenger bot ကို ကိုယ်စစ်ဆေးလိုတဲ့သတင်းရဲ့ လင့်ခ် ဒါမှမဟုတ် Screenshot ကို ပေးပို့မေးမြန်းစိစစ်ခိုင်းလို့ရနေပါပြီ။

မြန်မာနိုင်ငံအတွင်း သတင်းအတု၊ သတင်းအမှားတွေကို စီစစ်ဖော်ထုတ်နေသည့် ( ဟုတ်တယ် Vs မဟုတ်ဘူး ) ဆိုသည့် နည်းပညာအဖွဲ့၏ ခွင့်ပြုချက်ဖြင့် ကူးယူဖော်ပြသည်။

(ဟုတ်တယ် Vs မဟုတ်ဘူး) Facebook စာမျက်နှာမှ မူရင်းလင့်
https://www.realornotmm.info/2020/09/16/fact-check-assk-poem-copy-false-news/

#Mawlamyine Daily

#Fact Check

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s