သာသနာတော်ဆိုင်ရာဘွဲ့ ပြန်ရုတ်သိမ်းခံရတဲ့ဆရာတော်က Q ဝင်နေတဲ့သူတွေကို လှူဒါန်းနေတယ်ဆိုပြီး ဖြန့်ထားတဲ့ သတင်းအမှား

1

မော်လမြိုင်၊ ၁၉ စက်တင်ဘာ ၂၀၂၀

အချက်အလက်စစ်ဆေးသူတွေ သတိပြုမိခဲ့တဲ့သတင်းအမှားတစ်ခုကိုပြောပြပေး ချင်ပါတယ်။ အဲ့ဒီသတင်းအမှားကတော့ သာသနာတော်ဆိုင်ရာဘွဲ့ပြန်ရုတ်သိမ်းခံရတဲ့ဆရာတော်က Q ဝင်နေတဲ့သူတွေကို လှူဒါန်းနေတယ်ဆိုပြီး ဖြန့်ထားတဲ့သတင်းအမှားဖြစ်ပါတယ်။ အဲ့ဒီသတင်းအမှားကို နေဝင်းထွန်းဆိုတဲ့အကောင့်ကနေ စက်တင်ဘာ ၁၆ ရက်မှာတင်ခဲ့တာဖြစ်ပြီးတော့ ပြန်လည်မျှဝေသူတွေနဲ့ ကော်ပီယူပြီးပြန်တင်တဲ့သူတွေရှိနေတဲ့အတွက် အချက်အလက်စစ်ဆေးပြီး သတင်းအမှားဖြစ်ကြောင်းပြောပြရ ခြင်းဖြစ်ပါတယ်။

သတင်းအမှားပျံ့နှံမှုအကြောင်းအရင်းဆန်းစစ်ချက်

အဲ့ဒီသတင်းအမှားမှာ ဖော်ပြထားတာက အဂ္ဂမဟာပဏ္ဍိတ ပြန်လည်ရုတ်သိမ်းခံရတဲ့ ဆရာတော်ဘဒ္ဒန္တ က္ကန္ဒာစရိယ မှ Q ဝင်နေသူများအားလှူဒါန်းနေစဉ် ဆိုတဲ့စာသားနဲ့အတူ သံဃာတော်နှစ်ပါးက လူတွေကိုလှူဒါန်းနေတဲ့ပုံကို တင်ထားတာဖြစ်ပါတယ်။ တကယ်တော့ မူရင်းပုံနဲ့ မူရင်းလှူဒါန်းတဲ့ ဆရာတော်က သတင်းအမှားမှာ ဖော်ပြထားသလိုမျိုး သာသနာတော်ဆိုင်ရာဘွဲ့ပြန်ရုတ်သိမ်းခံရတဲ့ဆရာတော် မဟုတ်သလို Q ဝင်နေတဲ့သူတွေကို လှူဒါန်းတာလည်းမဟုတ်ပါဘူး။

ဘာကြောင့် သတင်းအမှားလို့ပြောရတာလဲဆိုရင်

    သတင်းအမှားဖန်တီးထားတဲ့ ပုံရဲ့ မူရင်းကို Facebook  ရဲ့ Monitoring Tool ဖြစ်တဲ့ Crowdtangle မှာ Keyword တွေနဲ့ရှာဖွေလိုက်တဲ့အခါမှာ တွေ့ရတဲ့ပို့စ်တွေထဲမှာ The Ladies  News က တင်ထားတဲ့ သတင်းတစ်ခုနဲ့ Thura Aung ဆိုတဲ့အကောင့်က တင်ထားတဲ့ ပို့စ်တစ်ခုကိုတွေ့ရှိရပါတယ်။ အဲ့ဒီ ပို့စ်တွေမှာရေးထားတာက ရဟန်း လှူသော ဆွမ်းပြန်ဆွမ်းစမ်းချောင်းမြို့နယ်ကပုညဝတီ ကျောင်းတိုက်ဇေယျဝတီစာသင်တိုက်မှ ဆရာတော်ဦးဆောင်၍ ကြည့်မြင်တိုင် အရိုးအကြောဆေးရုံတွင် လှူဒါန်း   ဆိုပြီးရေးထားတာပါ။ ပုံတွေရဲ့ မူရင်းတင်တဲ့သူကလည်း Thura Aung ဆိုတဲ့အကောင့်ပိုင်ရှင်ပဲဖြစ်ပါတယ်။

    မူရင်းတင်ထားတဲ့ ပို့စ်မှာပါတဲ့ စမ်းချောင်းမြို့နယ် ဇေယျဝတီစာသင်တိုက်ဆရာတော်က လှူဒါန်းတယ်ဆိုတာကို အတည်ပြုဖို့အတွက် အချက်အလက်စစ်ဆေးသူ က ဇေယျဝတီစာသင်တိုက်ဆရာတော်ဖြစ်တဲ့ ဦးစန္ဒဇောတိကို ဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပါတယ်။ ဆက်သွယ်မေးမြန်းချက်ကို ဆရာတော်က အခုလိုမျိုး ပြန်လည်မိန့်ကြားခဲ့ပါတယ်။

    “ ဆွမ်းခံလို့ရလာတဲ့ ဆွမ်းတွေကို ဘုန်းကြီးနဲ့ ကိုရင်လေးတစ်ပါးနဲ့အတူတူ ကြည့်မြင်တိုင်အရိုးအကြောဆေးရုံမှာ သွား လှူဒါန်းတာပါ။ မနေ့ညက သတင်းအမှားလုပ်ထားတာကို ဘုန်းကြီးလည်းတွေ့တယ်။ ဘုန်းကြီးလှူတာက အခုမှမဟုတ်ပါဘူး၁၀နှစ်ကျော်ပါပြီ။  ဝါတွင်း ၃ လမှာပဲပြန်ဆွမ်းပြန်လှူတာပါ။ ဝါတွင်း ၃ လမှာ တနင်္ဂနွေ ၁၂ ပတ်ရှိတယ်။ ၁၁ ပတ်ကို ကြည့်မြင်တိုင်အရိုးအကြောဆေးရုံမှာသွားလှူတယ်။ ကျန်တဲ့ ၁ ပတ်ကို ရွာသာကြီး စိတ်ကျန်းမာရေးဆေးရုံမှာသွားလှူပါတယ်။ သတင်းအမှားလုပ်ထားတဲ့သူတွေက ဘာရည်ရွယ်ချက်နဲ့လုပ်လဲမသိပေမယ့် ဘုန်းကြီးဘွဲ့နာမည်က ဦးစန္ဒဇောတိပါ။ သတင်းအမှားမှာ ဖော်ပြထားတဲ့ ဘွဲ့နာမည်က ဘုန်းကြီးမဟုတ်ပါဘူး “  လို့ ဆရာတော် ဦးစန္ဒဇောတိ က မိန့်ကြားခဲ့ပါတယ်။

    သာသနာတော်ဆိုင်ရာဘွဲ့ပြန်လည်ရုတ်သိမ်းခံရတဲ့ဆရာတော်က မွန်ပြည်နယ် မုဒုံမြို့က ဆရာတော်တစ်ပါးဖြစ်ပြီးတော့ ကြည့်မြင်တိုင်အရိုးအကြောဆေးရုံမှာပြန်ဆွမ်းလှူဒါန်းတဲ့ဆရာတော်က စမ်းချောင်းမြို့နယ်က ဆရာတော်ဖြစ်ပါတယ်။

အထက်မှာဖော်ပြခဲ့တဲ့အချက်တွေနဲ့စစ်ဆေးကြည့်လိုက်မယ်ဆိုရင် နေဝင်းထွန်းဆိုတဲ့အကောင့်က ဖော်ပြထားတဲ့ အဂ္ဂမဟာပဏ္ဍိတ ပြန်လည်ရုတ်သိမ်းခံရတဲ့ ဆရာတော်ဘဒ္ဒန္တ က္ကန္ဒာစရိယ မှ Q ဝင်နေသူများအားလှူဒါန်းနေ တယ်ဆိုတဲ့အကြောင်းအရာက ပုံအမှန်ကို စာသားအကြောင်းအရာတွေနဲ့ပေါင်းစပ်ပြီး ရည်ရွယ်ချက်ရှိရှိ ဖြန့်တဲ့ သတင်းအမှားဖြစ်ကြောင်းကို သက်သေပြနိုင်ပါတယ်။

ရွေးကောက်ပွဲနီးကပ်လာမှု၊ ကိုဗစ်-၁၉ တကျော့ပြန် ပျံ့နှံ့မှူနဲ့အတူ လူမှုမီဒီယာပေါ်မှာ သတင်းအမှားတွေက နည်းမျိုးစုံနဲ့ပျံ့နှံ့နေတဲ့အတွက် သတင်းတွေကိုဖတ်ရှုရာမှာ သတင်းမှာပါဝင်တဲ့ စာသားတွေအပြင် ဓာတ်ပုံတွေ ၊ဗီဒီယိုတွေကိုပါ စစ်ဆေးပြီး အမှား/အမှန် စိစစ်သင့်ပါတယ်။ အထူးသဖြင့် စိတ်ခံစားမှုကို ပြင်းပြင်းထန်ထန်သက်ရောက်စေနိုင်တဲ့သတင်း တွေ၊ အသံဖိုင်တွေ ဗီဒီယိုတွေကို ပိုပြီးဂရုစိုက်ဖတ်ရှုနားထောင်သင့်တဲ့အကြောင်းလည်း အကြံပြုလိုက်ပါတယ်။

အခုလိုမျိုးကပ်ရောဂါအခြေအနေမှာ လူမှုမီဒီယာပေါ်မှာ သတင်းအမှားတွေက နည်းမျိုးစုံနဲ့ပျံ့နှံ့နေတဲ့အတွက် တာဝန်ယူမှု တာဝန်ခံမှုမရှိတဲ့ သတင်းမီဒီယာအယောင်ဆောင် ဝဘ်ဆိုက်ဒ်/ စာမျက်နှာတွေက တင်တဲ့ သတင်းတွေကိုမယုံကြည်ဖို့လိုအပ်ပြီး အစိုးရရဲ့တရားဝင်သတင်းထုတ်ပြန်ချက်တွေနဲ့သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်းဆောင်ရွက်ပြီး တာဝန်ယူမှုတာဝန်ခံမှုရှိတဲ့သတင်းဌာနတွေရဲ့ သတင်းတွေကိုပဲ ဖတ်ရှုပြီးမှ ယုံကြည်သင့်ပါတယ်။

သတင်းတွေကို အမှား/အမှန်ခွဲခြားရခက်နေတယ်ဆိုရင် ဟုတ်တယ် Vs မဟုတ်ဘူး Facebook page ရဲ့ Messenger bot ကို ကိုယ်စစ်ဆေးလိုတဲ့သတင်းရဲ့ လင့်ခ် ဒါမှမဟုတ် Screenshot ကို ပေးပို့မေးမြန်းစိစစ်ခိုင်းလို့ရနေပါပြီ။

မြန်မာနိုင်ငံအတွင်း သတင်းအတု၊ သတင်းအမှားတွေကို စီစစ်ဖော်ထုတ်နေသည့် ( ဟုတ်တယ် Vs မဟုတ်ဘူး ) ဆိုသည့် နည်းပညာအဖွဲ့၏ ခွင့်ပြုချက်ဖြင့် ကူးယူဖော်ပြသည်။

(ဟုတ်တယ် Vs မဟုတ်ဘူး) Facebook စာမျက်နှာမှ မူရင်းလင့်
https://www.realornotmm.info/2020/09/18/fact-check-monk-donate-quarantine-people-false-news/

#Mawlamyine Daily

#Fact Check

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s