Chest infection အသက်ရှူလမ်းပိုးဝင်ခြင်း

Chest infection အသက်ရှူလမ်းပိုးဝင်ခြင်း

မော်လမြိုင်၊ ၁၈ စက္တင္ဘာ ၂၀၂၀
ဆရာရှင့် ကျွန်မအသက်က ၂၆ ပါ။ ချောင်းတွေဆိုးနေတာ သုံးပါတ်ကျော်ပါပြီ။ အခုချိန်ထိမပျောက်သေးလို့ပါ။ ပိုးသတ်ဆေးလဲ ဆရာဝန်ပေးလို့ ၅ ရက်သောက်ထားပါတယ်။ မပျောက်ပါ။ အခုချောင်းဆိုးရင် ချွဲတွေပါလာပြီး မနက်ပိုင်းဆို ချွဲတွေက အညိုပုပ်ပုပ်တွေ သွေးရောင်လိုလိုတွေပါလာတယ်ဆရာ။ မိဘနဲ့ဝေးနေတာမို့ ကူညီပါဆရာ။
လူနာကို မမြင်ရ မစမ်းရသေးပဲ ဆေးကုရမလိုတော့ဖြစ်နေတယ်။ ရင်ပတ် ရှေ့နဲ့နောက်မှာ အထက်ကနေ အောက်အထိ လက်ဝါးတင်ပြီး လက်ချောင်းနဲ့ခေါက် နားထောင်ရမယ်။ နားကြပ်နဲ့ အသက်ရှူသံနားထောင်ရမယ်။ ရေးပြတာတွေအရ အသက်ရှူလမ်းမှာ တခုခုဖြစ်နေတာ။ အဖြစ်နိုင်ဆုံးက လေပြွန်ကြီးတွေ (သို့) အဆုပ်ထဲက လေပြွန်လေးတွေနဲ့ အဆုပ်တစ်ရှူးတွေရောင်နေတယ်။ ရောင်ရာကနေ ချွဲတွေဖြစ်နေတယ်။
ဗက်တီးရီးယား၊ ဗိုင်းရပ်စ်နဲ့ ဖန်းဂတ်စ်တွေကနေ ဖြစ်စေနိုင်တယ်။ ချောင်းဆိုး၊ သလိပ်ထွက်၊ ကိုယ်ပူ၊ အသက်ရှူသွင်းချိန်မှာ စူးပြီးရင်ပတ်နာတာတွေ ခံစားရမယ်။ နားကြပ်နဲ့ နားထောင်ရင် မူမှန်မဟုတ်တဲ့ Crackling sounds အသံကြားရမယ်။ Wheezing ရင်ကြပ်သံလဲ ကြားရနိုင်တယ်။ လေဝင်သံတိုးနေနိုင်တယ်။ များသောအားဖြင့် တုပ်ကွေးလိုနဲ့ စတယ်။ ဖျားလာမယ်။ ချမ်းနိုင်တယ်။ ချောင်းဆိုးမယ်။ သလိပ်ထွက်မယ်။ သလိပ်က အရောင်ရှိနိုင်တယ်။ ဖြစ်တဲ့နေရာအလိုက် လက္ခဏာမတူတတ်ပါ။ တချို့က ချောင်းပိုဆိုးမယ်။ တချို့က အသက်ရှူမဝဖြစ်မယ်။ ပြာနှမ်းနေမယ်။ အဆုပ်ကိုဖုံးထားတဲ့အလွှာမှာသာ နာတာကိုခံနိုင်တဲ့အာရုံကြောရှိလို့ အဲဒီနေရာရောဂါလာဖြစ်ရင် နာမယ်။ နာရင်စူးရှပြီးနာတာ။ အဆုပ်မှာ လုပ်ဘ်တွေရှိတယ်။ ဘယ် ၂ ခု၊ ညာ ၃ ခု။ တခုမှာသာဖြစ်တာကို လိုဘာနူမိုးနီးယား ခေါ်တယ်။ အဆုပ်နှစ်ဘက်လုံးမှာလဲ ဖြစ်နိုင်တယ်။
ထွက်တဲ့သလိပ်ကို စစ်ဆေးရင် ဖြစ်တဲ့ပိုးသိမယ်။ ပိုးကိုနိုင်တဲ့ဆေးကို ရှာနိုင်တယ်။ သွေးဖြူဥတွေ များနေမယ်။ Neutrophils များနေရင် ဗက်တီးရီးယားကြောင့်၊ Lymphocytes များနေရင် ဗိုင်းရပ်စ်၊ ဖန်းဂတ်စ်၊ တီဘီပိုးကြောင့် ဖြစ်ဖို့ များတယ်။ ဓါတ်မှန်ရိုက်ရင် သိမယ်။ Bronchoscopy ကရိယာထည့် စစ်ဆေးတာလဲ လုပ်နိုင်တယ်။ အဆုပ်အိတ်ထဲ အရည် အောင်း-များနေတာကို Pleural effusion ခေါ်တယ်။ များရင် Thoracentesis လုပ် စုပ်ထုတ်ရမယ်။ Empyema ဆိုတာ ဖြစ်ရင် ခွဲစိတ်တန် ခွဲစိတ်ရတယ်။ Thoracoscope ကရိယာသုံးပြီး Video-assisted thoracoscopic surgery or VATS ဆိုတာ လုပ်လာနိုင်နေပြီ။
အများဆုံးတရားခံက Streptococcus pneumoniae ဗက်တီးရီးယားဘဲ။ အခု Pneumococcal conjugate vaccine (PCV13) နဲ့ Pneumococcal polysaccharide vaccine (PPV23; Pneumovax) ကာကွယ်ဆေး ၂ မျိုး ပေါ်နေပြီ။Pneumococcal conjugate vaccine ကာကွယ်ဆေးကို အမေရိကားမှာ ပုံမှန်ကာကွယ်ဆေး စာရင်းထဲ ထည့်တယ်။ ၂ နှစ်အောက် ကလေးတွေကို ထိုးပေးတယ်။ နူမိုးနီးယား ဖြစ်နိုင်ခြေရှိတဲ့ လူကြီး (နှလုံးရောဂါ၊ ကျောက်ကပ်ရောဂါ၊ ဆီးချို၊ အရက်သမား၊ စီးကရက်သောက်သူ၊ ဘေလုံးထုတ်ထားသူ၊ အသက်အိုသူ) တွေကို Pneumococcal polysaccharide vaccine ထိုးပေးတယ်။ ၅-၇ နှစ်ကြာတခါ ထပ်ထိုးတယ်။
အသက်ရှူလမ်းရောင်ခြင်းပိုးသေဆေးတွေကို ရွေးပေးရတယ်။• Doxycycline 100 mg တနေ့ ၂ ကြိမ်၊ (သို့) Erythromycin 500 mg တနေ့ ၄ ကြိမ်၊ (သို့) Azithromycin 500 mg ပဌမနေ့ ပေးပြီး 250 mg ကို နေ့ ၂-၅ ရက်မှာပေးပါ။• Amoxicillin 500 mg တနေ့ ၄ ကြိမ်၊ ၇-၁ဝ ရက်။ (သို့) Fluoroquinolone (Levofloacin) 500 mg တနေ့ ၁ ကြိမ်၊• Gatifloxacin 400 mg တနေ့ ၁ ကြိမ်၊ Sparfloxacin 400 mg စပေးပြီး 200 mg တနေ့ ၁ ကြိမ်၊• Moxifloxacin 400 mg တနေ့ ၁ ကြိမ်၊ x ၁ဝ-၁၄ ရက်၊• Clarithromycin 500 mg တနေ့ ၂ ကြိမ်၊ x 10 days (သို့) Doxycycline 200 mg တနေ့ ၂ ကြိမ်၊ x ၁ဝ ရက်၊
ချုပ်လိုက်ရင် ပိုးသေဆေးရွေးပေးရမယ်။ ဖြစ်တာကြာထားလို့ ဆေးသောက်တာ ပိုအချိန်ယူနိုင်တယ်။ ချွဲထွက်တာ ကောင်းတယ်။ ချွဲပျော်တဲ့စေတဲ့ ချောင်းဆိုးပျောက်ဆေးကနေ ချွဲထွက်လွယ်ကူစေမယ်။ ချောင်းဆိုးရတာ ပိုများလာပြီး ချွဲထုတ်ရတာလွယ်လာရင် သက်သာလာတာဖြစ်မယ်။ အစားအသောက် ရှောင်စရာမရှိပါ။


ဒေါတာတင့်ဆွေ

(ဆရာကြီး၏ ခွင့်ပြုချက်ဖြင့် Mawlamyine Daily မှဖော်ပြပါသည်။)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s