Cirrhosis Diet အသဲခြောက် အစားအသောက်

Cirrhosis Diet အသဲခြောက် အစားအသောက်

မော်လမြိုင်၊ ၁၆ စက္တင္ဘာ ၂၀၂၀
ဆရာ ကျွန်တော်က နယ်စပ်မှာ ကျန်းမာရေးလုပ်သားဆေးမှူးလုပ်နေပါတယ်။ ဆေးစာတွေမှာ အသဲခြောက်နေသူဟာ အသားဓါတ်မစားနဲ့ စားပါဆိုပြီး ဖတ်ရတယ်ဆရာ။ ဘယ်ဟာက မှန်ပါသလဲ။
အသဲခြောက်နေသူဟာ အသီးတွေ၊ အသီးအနှံတွေ၊ ဖြူဖွေးသွားအောင်လုပ်မထားတဲ့ ဆန်-ဂျုံ နဲ့ အဲဒီကလုပ်တဲ့ အစားအစာတွေနဲ့ သင့်တော်တဲ့ (ပရိုတင်း) ဓါတ်ပါအစားတွေက ကောင်းပါတယ်။
နေ့စဉ်ဗီတာမင်တွေပါဖြည့်သောက်တာ ကောင်းတယ်။ (ကေ)၊ (အေ)၊ (ဒီ) နဲ့ (အီး) လိုနိုင်တယ်။ သိထားဘို့က မျှတ-လုံလောက်တဲ့ အစားအစာတွေစားနေသူမှာ ဒီဗီတာမင်တွေက ပါနေပြီးဖြစ်တယ်။
ဘာတွေရှောင်ရမလဲ (၁) အရက် နဲ့ (၂) အဆီများအစားအသောက်တွေဖြစ်တယ်။ အသဲခြောက်တာက အရက်မသောက်လဲ ဖြစ်ပေမဲ့ အသဲခြောက်နေသူတိုင်း အရက်ရှောင်သင့်တယ်။
အဆီကို အသဲ (အသဲအရည် + သည်းခြေရည်) ကချက်လုပ်တာမို့ အသဲခြောက်နေရင် မချက်နိုင်ပါ။ သတိထားဘို့က အဆီ+ ဆီကို လုံးဝရှောဘို့မဟတု်ပါ။ အနည်းဆုံးလိုအပ်ချက်ရဘို့လိုတယ်။ ဒါကြောင့် ကောင်းတဲ့ဟင်းချက်ဆီ၊ အစေ့အဆံတွေ၊ ငါးနဲ့ အသီးအနှံအဆီတွေစားသင့်ပါတယ်။
အသဲခြောက်သူတွေမှာ နောက်ဆက်တွဲဖြစ်နိုင်တာ (၃) မျိုးရှိတယ်။ (၁) Ascites ရေဖျင်း၊ (၂) Hypoglycemia သကြားဓါတ်နည်းတာနဲ့ (၃) Encephalopathy ဦးနှောက်ထိခိုက်တာ။
Ascites ရေဖျင်းရှိနေသူဆိုရင် ဆားလျှော့ရမယ်။ ခေတ်ပေါ် ဆိုင်ကနေ အလွယ်ဝယ်ရတဲ့ အစားအသောက်တွေမှာ ဆိုဒီယမ်ဓါတ် ခေါ် ဆား များကြတယ်။
Hypoglycemia သကြားဓတ်နည်းနေသူဆိုရင် အစားကို အကြိမ်များများ စားပေးရမယ်။
Encephalopathy ဦးနှောက်ကိုထိခိုက်မှုရှိနေသူဆိုရင် အသဲရောင်နေသူတွေလိုဘဲ ပရိုတင်းဓါတ်ကို နိုင်အောင် အလုပ်လုပ်မပေးနိုင်ဘူး။ ဒါကြောင့် သွေးထဲမှာ ပရိုတင်းဓါတ်တွေ ပိုများနေမယ်။ အမိုးနီးယားဓါတ်တွေ များနေမယ်။ ဦးနှောက်ကို ထိခိုက်စေတယ်။ ဒါကြောင့် ပရိုတင်းလျှော့စားသင့်တယ်။


ဒေါတာတင့်ဆွေ

(ဆရာကြီး၏ ခွင့်ပြုချက်ဖြင့် Mawlamyine Daily မှဖော်ပြပါသည်။)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s