မော်လမြိုင်၊ ၁၄ စက္တင္ဘာ ၂၀၂၀
ကျွန်တော် မနက်အိပ်ယာထပြီး မျက်နှာသစ်တဲ့အချိန်တိုင်းမှာ ပလုပ်အရင်ကျင်းပါတယ် (သွားမတိုက်ခင်)။ ပလုပ်ကျင်းလိုက်တာနဲ့ သွေးနည်းနည်းပါလာတယ်။ နောက် သွားတိုက်တော့လည်း သွေးထွက်လာတယ်။ တော်တော်များတယ်။ တခါတလေ သွေးခဲအဖတ်လေးတွေပါ ပါတယ်။ သွားတိုက်ဆေးကို colgate သုံးပြီး သွားတိုက်တန်ကို berman သုံးပါတယ်။ မနက်တခါ ညတခါ တိုက်ပါတယ်။ သွေးထွက်တာကို ပျောက်အောင် ဘာလုပ်သင့်ပါသလဲ။
သွားဖုံးကနေ သွေးယိုလာတာဟာ သာမန်ကာရှန်ကာ ဖြစ်နိုင်သလို၊ Gum disease သွားဖုံးရောဂါရှိနေတာလဲ ဖြစ်နိုင်တယ်။ ခဏခဏ သွေးယိုရင် Leukemia (လူကီးမီးယား) သွေးကင်ဆာ၊ Bleeding and platelet disorders သွေးယိုရောဂါတွေကို သံသယရှိဘို့ လိုတယ်။
Inadequate plaque သွားနဲ့ သွားဖုံး ထိစပ်နေတဲ့နေရာက ရှင်းထုတ်စရာတွေကို ကုန်အောင် မလုပ်တာကနေ အများဆုံးဖြစ်နိုင်တယ်။ Gingivitis ဆိုတဲ့ သွားဖုံးရောင်တာ ဖြစ်လာနိုင်တယ်။ မရှင်းဘဲထားတာတွေက Tartar ဆိုတာဖြစ်လာပြီး ကြာရင် သွေးယိုမယ်၊ ကံမကောင်းရင် Periodontitis မေးရိုးအထဲရောင်တာ ဖြစ်လာနိုင်တယ်။
တခြားဖြစ်နိုင်တဲ့ အကြောင်းခံတွေရှိတယ်။• Any bleeding disorder ေသြးယိုတတ္သူ၊• Dengue fever သွေးလွန်တုပ်ကွေး၊• Brushing too hard သွးတိုက်တာကြမ်းတမ်းတာ၊• Hormonal changes during pregnancy ကိုယ်ဝန်ရှိစ ဟော်မုန်း အပြောင်းအလဲကြောင့်၊• Idiopathic thrombocytopenic purpura သွေးရောဂါတမျိုး၊• Ill-fitting dentures သြားတုတပ္တာ အထာမက်၊• Improper flossing သွားသန့်ရှင်းရေးလုပ်တာ မမှန်ကန်၊• Infection ေရာဂါပိုးဝင္တာ၊• Leukemia (လူကီးမီးယား)၊• Scurvy ဗီတာမင် စီ နည်း (စကာဗီ) ရောဂါ၊• Blood thinners သွေးကျဲုဆေးသောက်နေရသူ၊• Vitamin K deficiency ဗီတာမင် ကေ နည်းနေသူ။
Blood CBC သွေးစစ်တာ၊ X-rays ဓါတ်မှန်ရိုက်တာ လိုချင်လိုမယ်။ Bleeding time သွေးယိုကြာချိန် နဲ့ Clotting time သွေးခဲကြာချိန် များနေရင် ဆေးကုရမယ်။ ပုံမှန် Bleeding time = ၂-၉ မိနစ်။ Clotting time = ၅-၈ မိနစ်။ Disseminated intravascular coagulation, Haemophilia, Thrombocytopenia, Liver failure, Uremia, Congenital afibrinogenemia, Factor V deficiency နဲ့ Factor X deficiency သွေးရောဂါတွေ မဟုတ်တာ ဆရာဝန်က စစ်ဆေးမယ်။
အကြံပြုချက် –– Plaque removal အတွက် သွားဆရာဝန်နဲ့ ၆ လ တခါပြသင့်တယ်။– သွားတိုက်တာ နည်းမှန်ရမယ်။ သွားတိုက်တံ ရွေးတာ မပျော့လွန်း-မမာလွန်းတာ ရွေးပါ။– အစာစားပြီးတိုက်တဲ့ အကျင့်က ကောင်းတယ်။– ခံတွင်းသန့်ပေးဘို့ Salt water ဆားရည် ဒါမှမဟုတ် Hydrogen peroxide (ဟိုက်ဒရိုဂျင်-ပါအောက်ဆိုဒ်) ကောင်းတယ်။– ကြောညာပြီးရောင်းတဲ့ Mouthwashes ပါးစပ်ဆေး ဆေးရည်ထဲမှာ Alcohol ပါတာ မကောင်းပါ။– သွားကို Flossing တပါတ် ၂ ခါလုပ်ပါ။– သွားရည်စာ ခဏခဏစားသူတွေ စားပြီးတိုင်း ပါးစပ်မဆေးရင် မကောင်းပါ။– အချိုလျှော့စားတာ ကောင်းတယ်။– ဗီတာမင် စီ နဲ့ ကေ မနည်းအောင် မျှတတဲ့အစားအစာ စားသောက်ပါ။– Calcium (ကယ်လ်စီယမ်) သောက်တာလဲ သွေးယိုတာအတွက် အထောက်အကူပြုတယ်။– မူးယစ်ဆေး၊ ဆေးလိပ် မကောင်းပါ။– Aspirin (အက်စ်ပရင်) ဆေးကို တကယ်မလိုဘဲ မသောက်ပါနဲ့။– သွေးယိုလာရင် ရေအေးဝတ်နဲ့ ဖိထားပါ။
Dr. တင့်ဆွေ
(ဆရာကြီး၏ ခွင့်ပြုချက်ဖြင့် Mawlamyine Daily မှဖော်ပြပါသည်။)