Chemicals in foods တောစာ မြို့စာ

Chemicals in foods တောစာ မြို့စာ

မော်လမြိုင်၊ ၁၃ စက္တင္ဘာ ၂၀၂၀

ထမင်းကြမ်းခဲသာပါတဲ့နေ့လည်စာ၊ မြေမှာလဲပတ်ကြားအက်၊ ထန်းလက်အမိုးနဲ့ အကာမလုံတဲ့ စာသင်ကျောင်းပုံတွေကို မြင်ရတယ်။ အမယ်စုံဟင်းလျှာနဲ့ ညစာစားပွဲကြီးတွေ၊ ငွေရောင်အနားသတ်နဲ့ စုလစ်မွန်းချွန်တွေဝေနေတဲ့ အဆောက်အအုံတွေဆီတော့ ခြေလှမ်းကမမှီကြဘူးထင်ပ။ ကျောင်းဝတ်စုံမှမစုံတဲ့ ကလေးတွေသာမြင်ပြီး၊ ကြိုးကြီးချိတ် ရောင်စုံနဲ့ မောင့်ကျက်သရေပုံတွေကိုတော့ သွားရည်မကျကြဘူးထင်ရ။

မုံရွာကအလင်းတန်းအဖွဲ့ ခင်ဗျားတို့က ဆရစ်ဝိုင်းလေးတွေများ ရှားပါးယဉ်ကျေးမှုလို့ မှတ်တမ်းပြုနေသေး။ ဆေးရောင်စုံ မီးဆလိုက်နဲ့ (ဒင်းမ်လိုက်) အောက်မှာ ပေါက်ကာစ အဖို-အမတွေက ပေါလှဆို။ စက်ဘီးအို၊ ဆိုင်ကယ်စုတ်နဲ့သာ တန်တဲ့သူတွေဟာ ဘယ်မှာလာ ဆယ်လမ်းသွားလမ်းမကြီး စီးခွင့်ရမလဲဗျ။ တောမှာက မပြောင်းသေးဘူးလို့ပြောနေကြ။ တောသဘာဝကို ထိန်းသိမ်းတားတာကိုက ချီးကျူးရမှာဗျ။ ကျွန်တော်တော့ဗျာ အဲလိုရှားတာတွေကို မပျက်စီးစေချင်လို့ (ဖေါ်မလင်) စာပို့ပေးရမလား စဉ်းစားနေတယ်ဗျ။

Formalin (ဖေါ်မလင်) ဆိုတာ Formaldehyde (CH2O) ကိုရောထားတဲ့ဆေးရည်ဖြစ်တယ်။ ဆေးကျောင်းတွေမှာ လူသေအလောင်းတွေ။ အင်္ဂါအစိတ်အပိုင်းနမူနာတွေကို မပုပ်အောင် ဆေးစိမ်တာမှာ သုံးတယ်။ ပိုးသေဆေးအနေနဲ့လဲ အပျော့စားကိုသုံးနိုင်တယ်။ ပဲပြား၊ နွားနို့နဲ့ ချက်နို့ဆီတွေမှာ ဖော်မလင် ထည့်ကြတယ်။

စားစရာတွေမှာသုံးတဲ့ ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေးစတာတွေကိုတော့ လူသိများပါတယ်။ အရောင်၊ အနံ့၊ အရသာ ပိုကောင်းအောင်၊ ဓာတုပစ္စည်းတွေကို ထည့်သုံးလာကြတယ်။ ဝက်အူချောင်း၊ ကြက်အူချောင်းတို့ကို ယမ်းစိမ်းနဲ့ နီအောင်လုပ်တယ်။ လက်ဖက်ကို ချည်ထည်ဆိုးဆေး အိုရာမင်အိုနဲ့ စိမ်းဝါဝါအရောင်ဖြစ်စေတယ်။ ပုစွန်ကို ဆပ်ပြာရည်ဖျော်ပြီး စိမ်တယ်။ မဲနယ်ဆိုးတယ်။ လိမ္မော်သီးအခွံပေါ်မှာ အညိုကွက်ဖြစ်နေရင် Citrus Red No.2 ကို ဖျန်းပေးပြီးရောင်းတယ်။ ငှက်ပျောသီး၊ သရက်သီး၊ ထောပတ်သီးစတဲ့ သစ်သီးတွေကို မှည့်နေသလိုဖြစ်အောင် အက်သလင်းဓာတ်ငွေ့ဖျန်းတယ်။ မျှစ်၊ နနွင်းမှုန့်၊ အရောင်တင်မှုန့်နဲ့ ငရုတ်သီးမှုန့်တွေနဲ့ အထားခံသစ်သီးတွေ၊ ငါးနဲ့ ပုစွန်အသားပြားလွှာတွေမှာ Rhodamine B ခေါ် ချည်ထည်ဆိုးဆေး၊ လက်ဖက်ခြောက်၊ ခရမ်းချဉ်သီးဆော့စ်မှာ Orange II ထည့်တယ်။ ကင်ဆာဖြစ်တဲ့အထိ အန္တရာယ်ပေးနိုင်တယ်။

စားသောက်ကုန်တွေကို ရောင်းပမ်းလှအောင် ဖလေဗာကိုလည်းထည့်ကြတယ်။ အရသာအတွက် အချိုမှုန့် အလွန် အကျွံထည့်တယ်၊ အချိုကဲစေဘို့ ဆေးသကြား Saccharine၊ Aspartame၊ Cyclamate ကိုသုံးတယ်၊ အကြော်တွေကို ကြွပ်ရွနေစေဘို့ ပလတ်စတစ်ရေသန့်ဘူးခွံ၊ PVC ပလတ်စတစ်တွေ ထည့်ကြော်ကြတယ်။

အရက်ထဲမှာ (Essence of Rum)၊ ဝီစကီထဲမှာ (Essence of Whisky) ထည့်ကြတယ်။ အရက်ချက်တဲ့အခါ ဖားပြုတ်၊ ဖိနပ်တာယာထည့်တယ်။ အချဉ်ဖောက်မြန်စေရန်ဘို့ ပိုးမွှားတွေကနေ Cyanide အဖြစ်ပြောင်းပေးနိုင်တဲ့ ဓာတ်မြေသြဇာ၊ သေစေနိုင်တဲ့ အင်ဒရင်းပိုးသတ်ဆေး၊ ဆေးရွက်ကြီးထည့်ချက်ကြတယ်။ ငါးပိလုပ်ရာမှာ ငါးအရိုးဆွေးမြန်စေဘို့ ဓာတ်မြေသြဇာထည့်တယ်။ ဒေါက်တာလပြည့်ခင်ရေးထဲ့ Chemicals in food အစားအသောက်နှင့် ဓာတုအန္တရာယ်က ပြည့်စုံပါတယ်။

ဒေါက်တာတင့်ဆွေ
(ဆရာကြီး၏ ခွင့်ပြုချက်ဖြင့် Mawlamyine Daily မှဖော်ပြပါသည်။)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s