မော်လမြိုင်၊ ၁၂ စက္တင္ဘာ ၂၀၂၀
၁။ ဆရာရှင့် သာမိုမီတာကို ဖင်ထဲထိုးထားတာပါ အဖျားရှိမရှိလေး သိချင်လို့ပါဆရာ
၂။ လူတွေရဲ့ကိုယ်အပူချိန်ကို Thermometer နဲ့တိုင်းတဲ့အခါ ပါးစပ်ထဲ Thermometer ထည့်တိုင်းတဲ့အခါ ရလာတဲ့ အပူချိန်ဟာ သူရဲ့တကယ့်ကိုယ်အပူချိန်လို့သိထားပါတယ်ရှင့် ဂျိုင်းကြားထဲ Thermometer ထည့်တိုင်းတဲ့အခါ ၁ မိနစ် တိုင်းရင် ရလာတဲ့အပူချိန်ကို ၁ ပေါင်းရမယ်လို့သိထားပါတယ်ရှင့်၊ ၃ မိနစ်တိုင်းရင်တော့ ၁ ပေါင်းစရာမလိုဘူးလို့ သိထားပါတယ်ရှင့် ကန်တော့ပါဆရာ စအိုကတိုင်းရင်တော့ရလာတဲ့အပူချိန်ကို ၁နှုတ်ရမယ်လို့သိထားပါတယ်ရှင့်။ သမီးသိထားတာတွေက အမှန် ဟုတ် မဟုတ်သိချင်မိလို့ပါရှင့်။ သမီးအသိမောင်လေးတယောက်က သမီးကို Temperature အကြောင်း လာမေးတော့ သမီးသိထားတဲ့အတိုင်းပြောပြလိုက်ပါတယ်ရှင့်။ သမီးသိထားတာသာ အမှားကြီးဖြစ်ခဲ့ပါလျှင် မသိလို့လာမေးတဲ့သူကအမှားကြီးကိုမှတ်သွားမှာစိုးလို့ပါရှင့်။
၃။ ဆရာ မင်္ဂလာပါရှင့် ကျမက မုံရွာကပါ သားသားလေးက ၈လပါ ခေါင်းပူနေတာဆရာ ကိုယ်ကတော့မပူပါဘူး အဖျားတိုင်းတာလည်းသာမန်ပါ ရေမချိုးပေးပါဘူး ဘာလုပ်သင့်ရှင့် ခေါင်းပူနေဒီနေ့ရောဆို ၂ရက်ရှိပြီရှင့် ပါရာစီတမောတိုက်ပါတယ်ရှင့် အစာကတော့ ထမင်းနဲနဲနှင့်ကြက်ဥ ကျွေးပါတယ်ဆရာ
၄။ ကလေးကို ဂျိုင်းမှာတိုင်းတာလေ တချို့က +1 လုပ်ရတယ်။ တချို့က မလုပ်ရဘူးပြောတယ်။ ဘယ်ဟာအမှန်ပါလဲရှင့်။ ကလေးက ၃ နှစ် ၃ လပါ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါနော်။ Google မှာဖတ်ကြည့်တော့လည်း နားမလည်လို့ပါ။ 99 F ရှိရင် 100 လို့ယူရတယ်လို့ ပြောလို့ပါ။
၅။ ကျွန်မသမီးလေး အသက် ၅ နှစ်ပါ။ ချိုင်းကိုတိုင်းပြီး တစ်ပေါင်းတာ အပူချိန်က normal ကိုတော့ မရောက်ပါဘူးရှင့်။ လျှာအောက်ကို ထည့်တိုင်းတော့ အပူချိန် ၁ဝဝ ပါ။ ဆရာဝန်ကို ကလေးဖျားလို့သွားပြတော့ ဆရာဝန်က ချိုင်းကိုတိုင်းပြီး မပူပါဘူးလို့ပြောပါတယ်ရှင်။ ကလေးက အဆုတ်ရောင် အဆုပ်နည်းနည်းနာနေတယ်ဆိုပြီးဆေးပေးလိုက်ပါတယ်။ Course ကုန်အောင်တိုက်လို့မှ ကိုယ်ပူနေသေးရင် တီဘီ သွားစစ်ပါတဲ့ဆရာ။ အဲ့ဒါ ကျွန်မ အပူချိန် ခဏခဏတိုင်းတိုင်း ခုနကလိုပဲ ချိုင်းနဲ့ လျှှာအောင်အပူချိန်က မတူလို့ ဘယ်ဟာကပိုမှန်မလဲ သိချင်ပါတယ်ဆရာ။
ဖျား မဖျားဆိုတာ အပူချိန်တိုင်းကြည့်လို့ ၉၈့၆ အက်ဖ်ထက်များမှသာ ဖျားတယ်လို့ခေါ်တယ်။ ရေချိုးတယ်ဆိုတာ နေ့တိုင်း (နေ့တိုင်းလိုလို) လုပ်ရတဲ့ တကိုယ်ရေသန့်ရှင်းရေးဖြစ်တယ်။ မျက်နှာသစ်သလိုသဘောသာဖြစ်တယ္။
ပုံမှန် ကိုယ်အပူချိန်တိုင်းနည်းများ နှိုင်းယှဉ်ချက်- ပါးစပ်ကတိုင်းခြင်း = 98.6°F (37°C)- စအိုကတိုင်းခြင်း = ပါးစပ်ကတိုင်းတာထက် 0.5°F (0.3°C) to 1°F (0.6°C) ပိုများတယ်။- နာထဲကနေတိုင်းခြင်း = ပါးစပ်ကတိုင်းတာထက် 0.5°F (0.3°C) to 1°F (0.6°C) ပိုများတယ်။- ချိုင်းကနေတိုင်းခြင်း = ပါးစပ်ကတိုင်းတာထက် 0.5°F (0.3°C) to 1°F (0.6°C) ပိုနည်းတယ်။- နဖူးကနေတိုင်းခြင်း = ပါးစပ်ကတိုင်းတာထက် 0.5°F (0.3°C) to 1°F (0.6°C) ပိုနည်းတယ်။- ကလေးငယ်တွေကို စအိုကတိုင်းတာက ပိုတိကျတာတွေ့ရတယ်။
ဆေးပညာအရသာ အဲလိုအတိအကျပြောပါတယ်။ လက်တွေ့မှာ အဲလောက်ထိ တိကျဖို့ မလိုတတ်ပါ။
ဒေါက်တာတင့်ဆွေ
(ဆရာကြီး၏ ခွင့်ပြုချက်ဖြင့် Mawlamyine Daily မှဖော်ပြပါသည်။)