Hyperthyroidism and Pregnancy လည်ပင်းကြီးဟော်မုန်းများခြင်းနှင့် ကိုယ်ဝန်

Hyperthyroidism and Pregnancy လည်ပင်းကြီးဟော်မုန်းများခြင်းနှင့် ကိုယ်ဝန်

မော်လမြိုင်၊ ၁၁ စက္တင္ဘာ ၂၀၂၀
ဆရာရှင့် သမီးကကြားကနေ ဒီအမဆရာကိုမေးဖို့ အခက်အခဲဖြစ်နေတယ်ဆိုလို့ မေးပေးတာပါရှင့်။ ဖြေကြားပေးစေချင်ပါတယ်ရှင့်။ group ထဲက မေမေများရှင့် ညီမကို တခုလောက် ကူညီကြပါလာရှင် ညီမက လိုင်းသုံးတာ မကျွမ်းကျင်တဲ့အတွက် ညီမ ဆရာ့ကိုမေးချင်တာလေး အခတ်ခဲ (အခက်ခဲ) ဖြစ်နေလို့ပါ။ ဘယ်ပိုစ့်ကို မေးရမှန်းလည်းမသိလို့ပါ။ ညီမကို ကူညီပြီးမေးပေးကြပါနော်။ ညီမက ကိုယ်ဝန် ၈လရှိပါပြီ။ ညီမမှာ အဆိပ်တည် လည်ပင်းကြီးရောဂါရှိမှန်းကိုယ်ဝန် ၃ လလောက်မှသိရပါတယ်။ ညီမသမားတော်တွေ ဆရာဝန်တွေနဲ့ လတိုင်းပြရပါတယ်။ ဆေးတွေတော်တော်များများ သောက်ရပါတယ်ရှင်။ ညီမက သက်သာပေမဲ့ ကလေးထိခိုက်လားသိချင်ပါတယ်။ ကိုယ်ဝန်ကရင့်လာတော့ စိတ်ပူလာလို့ပါရှင်။ OG နဲ့ပြတော့ ညီမကို ရန်ကုန်ကိုလွဲပါတယ်။ အခုချိန်မှာ ညီမမှာ ရန်ကုန်သွားဖို့အခတ်ခဲရှိလို့ပါရှင်။ ညီမတို့ဆီက မြို့နဲ့အတော်လေးအလှမ်းဝေးလို့ပါရှင်။ အခုချိန်မှာ ဆရာဝန်ပေးတဲ့ဆေးတွေကိုပဲ ကြောက်ကြောက်နဲ့ သောက်နေရပါတယ်။ ညီမရဲ့အခတ်ခဲ (အခက်ခဲ) ကိုနားလည်ပေးကျ (ကြ) ပါနော်။ ညီမကလေးအတွက်လည်းစိတ်ပူလို့ပါရှင်။ ဆရာ့ကို အားကိုးမိပါတယ်။ ဒါပေမဲ့ ဘယ်လိုမေးရမှန်းလည်း မသိလိုပါ။ group ထဲက မေမေများအားလုံးရှင့် ညီမ com လေးကို မကျော်သွားကျပါနဲနော်။ ညီမ အခု အဲ့စိတ်တွေနဲ့ပဲစိတ်ဆင်းရဲနေရတယ်။ ဆေးကတော့ ကိုယ်ဝန်ဆောင်အားဆေးရော လည်ပင်းဆေးပါ ပုံမှန်သောက်နေရပါတယ် ကူညီကြပါအုံးရှင်။ အဲ့အမရေးတဲ့စာပါရှင့်ဆရာ။
အဲလို တိုက်ရိုက်မေးတာမဟုတ်တာတွေကို မဖြေပါ။ ဖြစ်တဲ့သူ အသက် မသိပါ။
ကိုယ်ဝန်ဆောင်ရင် လည်ပင်းကြီးဟော်မုန်း တက်လာတယ်။ ၁ဝ-၂ဝ% မှာ ရောဂါမခံစားရပဲ ဟော်မုန်းများတာရှိကြတယ်။ ဆေးကုသဘို့ မလိုကြပါ။ အန်တာများကြတယ်။ Hyperemesis gravidarum ခေါ်တယ်။ အဲတာက HCG ဟော်မုန်း တက်လာတာနဲ့ လည်ပင်းကြီးဟော်မုန်းများတာနဲ့ သက်ဆိုင်တယ်။
တချို့မှာ ကိုယ်ဝန်ပျက်တာ၊ စောမွေးတာ၊ အလေးချိန်နည်းကလေးမွေးတာနဲ့ အသေမွေးတာဖြစ်တယ်။ ဆောရီး။ ကိုယ်ဝန်သွေးဆိပ်တက်တာလည်း တခြားသူတွေထက်ပိုဖြစ်တယ်။
ကိုယ်ဝန်ဆောင်စဉ် လည်ပင်းကြီးဟော်မုန်းများနေသူကို ဆေးကုရတာ သတိထားရတယ်။ ကလေးကိုငဲံနေရလို့ဖြစ်တယ်။ propylthiouracil (PTU) နဲ့ methimazole (MMI) ဆေးတွေပေးတယ်။ ဆေးနှစ်မျိုးလုံးက အချင်းကတဆင့် ကလေးဆီ ရောက်နိုင်တယ်။ PTU ကိုပိုသုံးသင့်တယ်။ မိခင်လောင်းရဲ့နှလုံးခုန်နှုန်းနည်းစေအောင် metoprolol, propranolol ဆေးတခုခုပေးရတယ်။ ကလေးကိုဆိုးဝါးတာ မဖြစ်စေပါ။ ရှားရှားပါးပါး ဖွံ့ထွားမှုနှေးစေနိုင်တယ်။ မွေးနေစဉ် သကြားဓါတ်နည်းတာဖြစ်တတ်တယ်။ ဓါတ်ကင်နည်း မသုံးသင့်ပါ။ ဆေးတွေနဲ့ မရသူကိုတော့ ခွဲစိတ်နည်း ရွေးရတယ်။
မိခင်ကအဲလိုရောဂါရှိနေရင် မွေးလာမယ့်ကလေး ၁% မှာသာ လည်ပင်းကြီးဟော်မုန်းများတာဖြစ်ပါတယ်။ ဗိုက်ထဲက ကလေးနှလုံးခုန်နှုန်း များလွန်းတာကိုသတိထားရတယ်။ ယေဘုယျပြောရရင် ဆေးသောက်နေတဲ့မိခင်က မွေးလာတဲ့ကလေးကို နို့တိုက်နိုင်ပါတယ်။


ဒေါက်တာတင့်ဆွေ

(ဆရာကြီး၏ ခွင့်ပြုချက်ဖြင့် Mawlamyine Daily မှဖော်ပြပါသည်။)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s