မော်လမြိုင်၊ ၁၀ စက္တင္ဘာ ၂၀၂၀
(ကန်တော့)
၁။ မင်္ဂလာပါ ဆရာ။ ကျွန်မ အသက် ၂၉နှစ်၊ ကိုယ်ဝန် ၃၁ပတ်ပါ။ ဆရာ့ blog ထဲက ကိုယ်ဝန်နှင့်လိပ်ခေါင်းဆိုတဲ့ ဆောင်းပါးခေါင်းစဉ်ပဲတွေ့ပြီး ဖွင့်ဖတ်မရလို့ပါ။ ကိုယ်ဝန်ဆောင်အနေနဲ့ လိပ်ခေါင်းရောဂါပျောက်ဆေး သောက်ရ၊ မရ သိချင်ပါတယ်။ ကျွန်မ စအိုကနေ လက်သန်းထိပ်ခန့်ရှိသောအသားဖုလေး ထွက်လာပါတယ်။ လက်ဖြင့် ပြန်သွင်းသော်လည်း ပြန်ပြန်ထွက်လာပါတယ်။ လိပ်ခေါင်းဖြစ်နေတယ်ထင်လို့ပါဆရာ။ ကုသနည်းလေးသိချင်ပါတယ်။ အဖုကြောင့်နာကျင်နေပါသည်။ ဝမ်းပျော့သာသွားပြီး သွေးမထွက်ပါ။
၂။ ဆရာရှင့် မင်္ဂလာပါ။ ကျွန်မအသက် ၃၇ နှစ်၊ သားဦးကိုယ်ဝန်လွယ်ထားပါတယ်။ (၄)လကျော်ပါပြီ။ လွန်ခဲ့တဲ့ တပတ်လောက်ကစပြီး (ကန်တော့ပါဆရာ) စအိုဝ အပြင်ဘက်မှာ အဖုသေးသေးလေးရှိခဲ့ရာက အခု တဖြည်းဖြည်း ကြီးလာတာ လက်သန်းထိပ်လောက်ဖြစ်လာပြီး အိမ်သာသွားရင် မခံရပ်နိုင်အောင် နာနေပါတယ်။ သွေးလဲ နည်းနည်းထွက်ပါတယ်။ အဲဒါ လိပ်ခေါင်းလားဆရာ။ ရုံးမှာလဲ နာလို့ကြာကြာမထိုင်နိုင်ပါဘူး။ သောက်ဆေး၊ လိမ်းဆေးရှိရင် ညွှန်ကြားပေးပါဆရာ။
၃။ ဆရာရှင့် ကျွန်မကအသက် (၂၈) ရှိပါပြီ။ အခုကိုယ်ဝန်နဲ့ပါဆရာ။ နောက်လထဲမှာမွေးမှာပါရှင့်။ အခုကျွန်မ မနေ့ကစပြီး လိပ်ခေါင်းရောဂါ ခံစားနေရပါတယ်ဆရာ။ အဝမှာအသားစထွက်နေသလိုနဲ့ အရမ်းနာနေလို့ပါရှင့်။ အဲ့ဒါ ဘာဆေး သောက်ပြီး ဘာဆေးလိမ်းရမလဲဆိုတာ ကျေးဇူးပြုပြီးလမ်းညွှန်ပေးပါအုံးရှင့်။
လိပ်ခေါင်းက လူအတော်များများမှာရှိတယ်။ ခွဲတိုင်းလဲ မကောင်းတတ်ပါ။ ကိုယ်ဝန်ဆောင်ရင် ပိုဆိုးလာတတ်တယ်။ ရိုးရိုးလမ်းကနေ မီးဖွါးနေတုံးမှာ ပိုရောင်လာသေးတယ်။ မစိုးရိမ်ပါနဲ့။ နာတာနဲ့ သွေးခြည်ဥလို ဖြစ်ရင်တော့ အထဲမှာ သွေးခဲပိတ်နေလို့။ တချို့ကို ချက်ချင်းခွဲရတယ်။ ခွဲတာနဲ့ နာတာသက်သာတယ်။ လိပ်ခေါင်းအကြောင်း စာ ၁ ပုဒ်ပို့မယ်။ ရေနွေးသုံးတာ၊ ရေနွေးထဲထိုင်တာကို သုံးပါ။ ဝမ်းပျော့အောင်လုပ်ပါ။ MOM ကို အကြာကြီးမသောက်ပါနဲ့။
အရင်ဆုံး ဆရာဝန်မလိုတဲ့နည်းတွေ ပြောပါရစေ။ ဆေးဆိုင်တွေမှာ အလွယ်ဝယ်ရတဲ့ Corticosteroid (စတီရွိုက်) ပါတဲ့ လိမ်းဆေး (ခရင်မ်) တွေက နာတာ၊ ရောင်တာတာကို သက်သာစေမယ်။ Lidocaine ပါတဲ့ (ခရင်မ်) ဆိုတာ ထုံဆေးဖြစ်လို့ အနာသက်သာစေမယ်။ Witch hazel ဆိုတာ ယားနေတာကို သက်သာစေမယ်။ အတွင်းခံကို (ကော်တွန်) ကိုသာ ဝတ်ဆင်ပါ။ ရေမွှေးပါတဲ့၊ အရောင်တွေလဲ လှအောင်လုပ်ထားတဲ့ ရေအိမ်သုံးစက္ကူမျိုး မသုံးပါနဲ့။ Baby wipes ကလေးငယ်လေးတွေအတွက် ထုတ်လုပ်တာမျိုးက သက်သာမယ်။ ရေကိုသာ သုံးတာ အကောင်းဆုံးဖြစ်တယ်။ စအိုအဝကို မကုပ်မိပါစေနဲ့။
ဖိုင်ဘာများ အစားအစာတွေ များများစားပါ။ Fiber ဆိုတာ အပင်တွေကရတယ်။ သစ်သီးဝလံ၊ ဟင်းသီးဟင်ရွက်။ အမေရိကန် အာဟာရအသင်းကနေညွှန်တာက တနေ့မှာ ယောက်ျား 38 grams နဲ့ မိန်းမ 25 grams စားသင့်တယ်လို့ ဆိုတယ်။ Psyllium (Metamucil) နဲ့ Methylcellulose (Citrucel) တွေက ဝမ်းပျော့ဆေးတွေ ဖြစ်တယ်။ အမှန်က Fiber supplement (ဖိုင်ဘာ) အပိုဆောင်းပေးတာ ဖြစ်တယ်။ တနေ့ကို ရေ-အရည် (အရက် မဟုတ်တာ) ၈ အောင်စခွက်နဲ့ ၈ ခွက်သောက်ပါ။ ကိုယ်လက်လှုပ်ရှားမှု လုပ်ပေးပါ။ ဝမ်းသွားရင် မညှစ်ပါနဲ့။
ဆရာဝန်တွေ လုပ်ပေးမဲ့နည်းတွေ• Infrared coagulation (အင်ဖရာ-ရက်တ်) နည်း၊• Surgery ခွဲစိတ်ကုသနည်းတွေ အမျိုးမျိုးရှိတယ်။- Rubber band ligation သားရေကွင်းစွပ်နည်း၊- Hemorrhoidectomy ခွဲစိတ်ဖြတ်တောက်နည်းကို အများဆုံးသုံးတယ်။ ခါးထုံဆေး၊ မေ့ဆေး၊ ထုံဆေး သုံးပြီး လုပ်ရတယ်။- Sclerotherapy ထိုးဆေးနည်း၊- Laser therapy လေဆာနည်း၊- Stapled hemorrhoidectomy နောက်ပေါ်နည်းဖြစ်တယ်။ ဆိုးနေတာမျိုးအတွက် အကောင်းဆုံးလို့ ဆိုတယ်။ မိနစ် ၃ဝ သာကြာတယ်။
အတွင်းလိပ်ခေါင်း ထွက်ကျနေရင် အသာအယာ ဖိအားတညီထဲထား သွင်းပေးပါ။ ပြန်မဝင်တဲ့ လိပ်ခေါင်းဟာ ပိုးဝင်တာနဲ့ သွေးမလျှောက်တာ ဖြစ်လာနိုင်တယ်။ သွေးခဲပိတ် လိပ်ခေါင်းဖြစ်လာရင် နာမယ်။ ထွက်နေတာကို ပြန်သွင်းလို့ မရဘူး။ ကောင်းကောင်း မထိုင်နိုင်ဘူး။ ထုံဆေးပေးပြီး ခွဲရမယ်။ ချက်ချင်းပျောက်ပါတယ်။
ကိုယ်ဝန်ဆောင်ကျန်းမာရေးဝဘ်ဆိုက်တခုရဲ့ အကြံးပေးချက်များ
၁။ Fiber Diet ဖိုင္ဘာပါအစားအေသာက္စားသံုးပါ။
၂။ Kegel Exercises ကီဂယ်လ်လေ့ကျင့်ခန်းလုပ်ပါ။
၃။ Sleep Pattern အိပ်က်ခြင်းစနစ်ကျပါစေ။ (တဖက်ဖက် စောင်းအိပ်ပါ။)
၄။ Take Short Breaks ခဏတဖြုတ်နားပေးပါ။ အလုပ်လုပ်နေရူဖြစ်ရင်လည်း မကြာမကြာ အနေအထိုင်ပုံစံပြောင်းပါ။
၅။ Ease Bowel Pressure ဝမ်းသွားချိန်မှာ မညှစ်ရအောင်လုပ်ပါ။
၆။ Clean Hygiene တကိုယ်ရေသန့်ရှင်းရေး ဂရုစိုက်ပါ။
၇။ A Warm Bath ရေနွေးနဲ့ ရေချိုးပါ။
၈။ Topical Treatments လိပ်ခေါင်းနေရာသုံးဆေး (ရေခဲတင်၊ တရားဝင်ခွင့်ပြုထားတဲ့လိမ်းဆေး-အနာသက်သာဆေး)။
၉။ Pillow Comfort ထိုင်ရင် နူးညံ့တဲ့ အခုခအခံပေါ်မှာထိုင်ပါ။
၁ဝ။ Mineral Oil ပါရာဖင်ဆီ တဇွန်းညမှာသောက်ပါ။
Sitz bath ရေနွေးထိုင်နည်းရေခပ်နွေးနွေးထဲမှာ တင်ပါးမြုပ်အောင် စိမ်ထားပြီး ထိုင်နေရတာဖြစ်ပါတယ်။ နာမည်အခေါ်က Sitzbad ဂျာမန်စကား ကနေလာတယ်။ ရေချိုးတာပါဘဲ။ Hip-bath လို့ ခေါ်ရင် တန်းသိစေနိုင်တယ်။ စအိုနေရာမှာ တခုခုဖြစ်ရင် ဒီ ရေနွေးထိုင်နည်းကို ညွှန်းတယ်။ သက်သာတာ အမှန်ဖြစ်တယ်။ ကုန်ကျစရိတ်လဲ မရှိဘူး။ လိပ်ခေါင်း၊ ဂရင်ဂျီနာ၊ အစာဟောင်းလမ်း ခွဲစိတ်ကုသရခြင်း၊ ကလေးဖွါးတဲ့အခါ မွေးလမ်းချဲ့ပြီး ပြန်ချုပ်ထားခြင်း၊ သားအိမ် နာခြင်း၊ အစာလမ်းရောင်ရောဂါ၊ ဆီးအိမ်ရောင်ခြင်း၊ ဆီးကျိတ်ရောင်ခြင်း နဲ့ ဗဂျိုင်းနာ;ရောင်ခြင်းတွေအတွက်သုံးနိုင်တယ်။ နာတာရော ရောင်တာကိုပါ သက်သာစေမယ်။
ရေချိုးစည်ဖြစ်ဖြစ်၊ ရေထည့်လို့ရတဲ့ ကန်ခပ်ကြီးကြီးဖြစ်ဖြစ်၊ သုံးနိုင်တယ်။ ပလပ်စတစ်ရေကန် ဝယ်လို့ရတယ်။ ရေအိမ်သာ အထက်မှာထားပြီး ထိုင်နိုင်တယ်။ ရေထဲကို ဆား၊ မုန့်လုပ်ဆော်ဒါ၊ ဗနီဂါတွေလဲ ရောနိုင်တယ်။ ဘာမှမရောလဲ ရပါတယ်။ ရေကန်ထဲမှာ ရေအမြင့် ၃-၄ လက္မရှိအောင်ဖြည့်ပါ။ ရေအပူချိန် 110 °F (43 °C) ရှိသင့်တယ်။ အဲဒီထဲမှာ တင်ပါး နစ်နေအောင်ထားပြီး ၁၅-၂ဝ မိနစ်ကြာ ထိုင်နေယုံသာ ဖြစ်ပါတယ်။
တကယ်တော့ ရေနွေးနည်းရော ရေအေးနည်းပါ ၂ မျိုးရှိတယ်။ Cool sitz baths အအေးထိုင်နည်းကိုတော့ Constipation ဝမ်းချုပ်သူတွေ၊ ဗဂျိုင်းနား ပိုးဝင်လို့ရောင်နေသူတွေ သုံးသင့်တယ်။ တခါတလေ ဝမ်းမလုံသူ၊ ဆီးမလုံသူတွေအတွက်လဲ အကျိုးရှိစေတယ်။ အဆန်းထွင်နိုင်တာက ရေနွေးထဲမှာ ၃-၄ မိနစ်ထိုင်၊ နောက် ရေအေးထဲမှာ တခါထိုင်၊ တလှည်စီ ၄-၅ ကြိမ် လုပ်တယ်။ နည်းတခုက ရေ ၂ မျိုး သုံးအနေရအောင် ရေအေးတဘက်သုံးနိုင်တယ်။ အမျိုးသမီးတွေမှာ အဖြူဆင်းနေချိန်မယ် ရေနွေးထဲမှာ ဆားဖြစ်ဖြစ် ဗနီဂါဖြစ်ဖြစ်ထည့်ပြီးထိုင်တာ ပိုကောင်းစေတယ်။ သတိထားစရာတွေက မရှိသလောက်ပါ။ အပူရှိန်ကြောင့် သွေးပိုလျှောက်ပြီး နှလုံးခုန် နည်းနည်းမြန်နိုင်တယ်။ ပြီးရင် ခြည်တဘက်နဲ့ ခြောက်အောင်သုတ်ပါ။ တနေ့မှာ ၁-၂ ခါလုပ်သင့်တယ်။
Dr. တင့်ဆွေ
(ဆရာကြီး၏ ခွင့်ပြုချက်ဖြင့် Mawlamyine Daily မှဖော်ပြပါသည်။)