ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ တရားမဝင် ခိုးဝင်လာသော ဘင်္ဂါလီ ၂၀၀ ဦး ဖမ်းဆီး ရမိတယ် ဆိုသော သတင်းအမှား

bangali-200-people-false-photo-960x577

မော်လမြိုင်၊ ၉ စက်တင်ဘာ ၂၀၂၀

အချက်အလက်စစ်ဆေးသူတွေ သတိပြုမိခဲ့တဲ့ သတင်းအမှားတစ်ပုဒ်ကတော့ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်ဖြစ်ပွားသူ များပြားနေချိန်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက တရားမဝင် ခိုးဝင်လာတဲ့ ဘင်္ဂါလီ ၂၀၀ဦးကို ပဲခူးတိုင်းဒေ သကြီး ညောင်လေးပင်မြို့နယ်မှာ ဖမ်းဆီးရမိဆိုသော သတင်းအကြောင်းအရာ ပဲဖြစ်ပါတယ်။

ဒီသတင်းအတု/ သတင်းအမှားအကြောင်းအရာကို မည်သူမည်ဝါမှန်း အတိအကျ မဖော်ပြထားတဲ့ “ဘုန်းနိုင်” ဆိုတဲ့ အမည်နဲ့ ဖေ့ဘွတ်ခ်အကောင့်က စက်တင်ဘာ ၇ရက် မွန်းလွဲပိုင်းမှာ ရေးတင်ထားတာပဲဖြစ်ပါတယ်။ ရေးသားထားတဲ့အကြောင်းအရာထဲမှာ ဘင်္ဂါလီများကို ဧရာဝတီတိုင်းမှ NLD ပါတီဝင် တစ်ဦးက ပဲခူးမြို့သို့ ပို့ပေးရန် တောင်းဆိုမှုကြောင့် ပို့ပေးရခြင်းဖြစ်ကြောင်း၊ အဆိုပါ ဘင်္ဂါလီများသည် NLD ပါတီကို ကြိုတင်မဲစာရင်းပေးထားသူများ ဖြစ်ကြောင်း စသည်ဖြင့် အချက်အလက် ခိုင်မာမှု မရှိသော အကြောင်းအရာများကို ရေးသားဖော်ပြထားပါတယ်။

ဘာလို့ သတင်းအမှားလဲလို့ ပြောရတာလဲဆိုရင်

    ဘင်္ဂလားဒေ့ရှ်နိုင်ငံက တရားမဝင် ခိုးဝင်လာသော ဘင်္ဂါလီ ၂၀၀ဦး ဖမ်းဆီးရမိတယ်ဆိုတာနဲ့ ပတ်သက်ပြီး သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း ဆောင်ရွက်နေတဲ့ သတင်းဌာနတွေမှာ ရေးသားဖော်ပြထားတာ မရှိပါဘူး။

    ဒီသတင်းအမှားအကြောင်းအရာဟာ မတ် ၃၁ရက်နေ့ထဲက လူမှုကွန်ရက်မှာ ပျံ့နှံ့ခဲ့တာဖြစ်ပြီး စက်တင်ဘာ ၇ရက်နေ့မှာ “ဘုန်းနိုင်” ဆိုတဲ့ အကောင့်က ထပ်မံ ရေးသား ဖော်ပြထားတာ ဖြစ်ပါတယ်။ ဒီလို ရေးထားတာနဲ့ ပတ်သက်ပြီး “ညောင်လေးပင်မြို့နယ် ဟစ်တိုင်” ဖေ့ဘွတ်ခ် ဂရုမှာ “Nay Lin Htike”ဆိုတဲ့ ဖေ့ဘွတ်ခ်အကောင့်က ရန်ကုန်တိုင်းဒေသကြီး ရွှေကျီးစက်ရုံပိတ်လိုက်တာကြောင့် စက်ရုံပိုင်ရှင်က သဲတော၊ ဝမ်းတွင်း၊ သာစည် စတဲ့ ဒေသတွေဆီ  အလုပ်သမားတွေကို စက်ရုံကားတွေနဲ့ ပြန်လိုက်ပို့တာဖြစ်ကြောင်း ဧပြီ ၁ရက်နေ့ထဲက ရှင်းလင်းရေးသားထားပြီး ဖြစ်ပါတယ်။

    ဒါကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံက တရားမဝင် ခိုးဝင်လာသော ဘင်္ဂါလီ ၂၀၀ဦး ညောင်လေးပင်မြို့မှာ ဖမ်းဆီးရမိတယ် ဆိုတဲ့အကြောင်းအရာဟာ သတင်းအမှားပဲ ဖြစ်ပါတယ်။

ကိုဗစ်-၁၉ တကျော့ပြန်ပျံ့နှံ့မှုနဲ့အတူ လူမှုမီဒီယာပေါ်မှာ သတင်းအမှားတွေက နည်းမျိုးစုံနဲ့ပျံ့နှံ့နေတဲ့အတွက် သတင်းတွေကိုဖတ်ရှုရာမှာ သတင်းမှာပါဝင်တဲ့ စာသားတွေအပြင် ဓာတ်ပုံတွေ ၊ ဗီဒီယိုတွေကိုပါ စစ်ဆေးပြီး အမှား/အမှန် စိစစ်သင့်ပါတယ်။ အထူးသဖြင့် စိတ်ခံစားမှုကို ပြင်းပြင်းထန်ထန်သက်ရောက်စေနိုင်တဲ့သတင်း တွေ၊ အသံဖိုင်တွေ ဗီဒီယိုတွေကို ပိုပြီး ဂရုစိုက် ဖတ်ရှုနားထောင်သင့်တဲ့ အကြောင်းလည်း အကြံပြုလိုက်ပါတယ်။

အခုလိုမျိုးကပ်ရောဂါအခြေအနေမှာ လူမှုမီဒီယာပေါ်မှာ သတင်းအမှားတွေက နည်းမျိုးစုံနဲ့ပျံ့နှံ့နေတဲ့အတွက် တာဝန်ယူမှု တာဝန်ခံမှုမရှိတဲ့ သတင်းမီဒီယာအယောင်ဆောင် ဝဘ်ဆိုက်ဒ်/ စာမျက်နှာတွေက တင်တဲ့ သတင်းတွေကိုမယုံကြည်ဖို့လိုအပ်ပြီး အစိုးရရဲ့တရားဝင်သတင်းထုတ်ပြန်ချက်တွေနဲ့သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်းဆောင်ရွက်ပြီး တာဝန်ယူမှုတာဝန်ခံမှုရှိတဲ့သတင်းဌာနတွေရဲ့ သတင်းတွေကိုပဲ ဖတ်ရှုပြီးမှ ယုံကြည်သင့်ပါတယ်။

သတင်းတွေကို အမှား/အမှန်ခွဲခြားရခက်နေတယ်ဆိုရင် ဟုတ်တယ် Vs မဟုတ်ဘူး Facebook page ရဲ့ Messenger bot ကို ကိုယ်စစ်ဆေးလိုတဲ့သတင်းရဲ့ လင့်ခ် ဒါမှမဟုတ် Screenshot ကို ပေးပို့မေးမြန်းစိစစ်ခိုင်းလို့ရနေပါပြီ။

မြန်မာနိုင်ငံအတွင်း သတင်းအတု၊ သတင်းအမှားတွေကို စီစစ်ဖော်ထုတ်နေသည့် ( ဟုတ်တယ် Vs မဟုတ်ဘူး ) ဆိုသည့် နည်းပညာအဖွဲ့၏ ခွင့်ပြုချက်ဖြင့် ကူးယူဖော်ပြသည်။

(ဟုတ်တယ် Vs မဟုတ်ဘူး) Facebook စာမျက်နှာမှ မူရင်းလင့်
https://www.realornotmm.info/2020/09/08/bengali_200_ppl_in_nyaunglaypin_false_news/

#Mawlamyine Daily

#Fact Check

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s