စစ်တွေက ဆရာဝန်နှစ်ဦးကို အစိုးရက ဖမ်းဆီးတယ်ဆိုတဲ့ သတင်းအမှား

Monk-False-News-PS-1

မော်လမြိုင်၊ ၉ စက်တင်ဘာ ၂၀၂၀

ရခိုင်ပြည်နယ် စစ်တွေမြို့နယ်မှာ ရှိတဲ့ ဒေသခံဆရာဝန်နှစ်ဦးကို အစိုးရက ဖမ်းဆီးသွားတယ်ဆိုတဲ့ သတင်းအမှားတစ်ပုဒ် ဖေ့ဘွတ်ခ် ပေါ်မှာ ပျံ့နှံ့နေပါတယ်။ ဒီသတင်းအမှားကို ယုံကြည်မိပြီး Share ပြုလုပ်သူဟာလည်း တစ်ထောင်ကျော်အထိရှိလာတာ တွေ့ရပါတယ်။ ဒါ့ကြောင့် ဒီသတင်းဟာ သတင်းအမှားဖြစ်တဲ့အကြောင်း အချက်အလက်စိစစ်ပြီး တင်ပြပေးသွားပါမယ်။

စစ်တွေမြို့နယ်က ဒေသခံဆရာဝန်နှစ်ဦးဟာ လက်ရှိကူးစက်နေတဲ့ ရောဂါဟာ Covid 19 လို့မပြောပဲ တုပ်ကွေးဖျားတာသာဖြစ်တယ်လို့ ပြောလို့ဆိုပြီး အစိုးရက ဖမ်းဆီးသွားပြီ ဆိုကာ သတင်းအမှား ထုတ်လွှင့်ထား တာပဲဖြစ်ပါတယ်။

ဘာလို့သတင်းအမှားလို့ပြောရတာလဲဆိုရင်

    သတင်းအမှားမှာ ရေးသားထားသလို စစ်တွေမြို့နယ်မှာ ဆရာဝန်နှစ်ဦးကို အစိုးရက ဖမ်းဆီးတယ်ဆိုတဲ့ သတင်းကို သတင်းမီဒီယာ လုပ်ငန်းစဉ်အတိုင်း ဆောင်ရွက်နေတဲ့ သတင်းဌာနတွေမှာ ရေးသားထားတာ မျိုးမတွေ့ရပါဘူး။

    ဒါ့အပြင် ရခိုင်ပြည်နယ် အခြေစိုက် သတင်းဌာနနှစ်ခုဖြစ်တဲ့ Development Media Group နဲ့ Narinjara သတင်းဌာနတွေမှာလည်း ဒီသတင်းကို ဖော်ပြထားတာမျိုး မရှိပါဘူး။

    ရခိုင်ပြည်နယ် စစ်တွေမြို့က ဒေသခံ သတင်းထောက်တစ်ဦးကို ဆက်သွယ်မေးမြန်းရာမှာလည်း “ဒီလို အရေးကြီး သတင်းမျိုးဖြစ်ပြီဆိုရင်တော့ အကုန်လုံးသိကြမှာပဲ။ ကျွန်တော်တို့လည်း သိမှာပဲ ဗိုင်းရပ်စ်နဲ့ပတ်သက်ပြီး အရေးကြီးတဲ့ကာလဖြစ်နေတော့ ပိုပြီးတော့တောင် သတိထားမိကြဦးမယ်။ ကျွန်တော်တို့တော့ ဘာမှ မကြားမိတဲ့အတွက် သတင်းအမှားပါ”လို့ ပြန်လည် ဖြေကြားခဲ့ပါတယ်။

    အခုလို သတင်းရင်းမြစ်တွေနဲ့ တိုက်ဆိုင်စစ်ဆေးတာတွေ ၊ ဆက်သွယ်မေးမြန်းချက်တွေအရ ဒီသတင်းဟာ သတင်းအမှားဖြစ်တယ်လို့ သက်သေပြနိုင်ပါတယ်။

အခုလိုမျိုးကပ်ရောဂါအခြေအနေမှာ လူမှုမီဒီယာပေါ်မှာ သတင်းအမှားတွေက နည်းမျိုးစုံနဲ့ပျံ့နှံ့နေတဲ့အတွက် တာဝန်ယူမှု တာဝန်ခံမှုမရှိတဲ့ သတင်းမီဒီယာအယောင်ဆောင် ဝဘ်ဆိုက်ဒ်/ စာမျက်နှာတွေက တင်တဲ့ သတင်းတွေကိုမယုံကြည်ဖို့လိုအပ်ပြီး အစိုးရရဲ့တရားဝင်သတင်းထုတ်ပြန်ချက်တွေနဲ့သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်းဆောင်ရွက်ပြီး တာဝန်ယူမှုတာဝန်ခံမှုရှိတဲ့သတင်းဌာနတွေရဲ့ သတင်းတွေကိုပဲ ဖတ်ရှုပြီးမှ ယုံကြည်သင့်ပါတယ်။

သတင်းတွေကို အမှား/အမှန်ခွဲခြားရခက်နေတယ်ဆိုရင် ဟုတ်တယ် Vs မဟုတ်ဘူး Facebook page ရဲ့ Messenger bot ကို ကိုယ်စစ်ဆေးလိုတဲ့သတင်းရဲ့ လင့်ခ် ဒါမှမဟုတ် Screenshot ကို ပေးပို့မေးမြန်းစိစစ်ခိုင်းလို့ရနေပါပြီ။

မြန်မာနိုင်ငံအတွင်း သတင်းအတု၊ သတင်းအမှားတွေကို စီစစ်ဖော်ထုတ်နေသည့် ( ဟုတ်တယ် Vs မဟုတ်ဘူး ) ဆိုသည့် နည်းပညာအဖွဲ့၏ ခွင့်ပြုချက်ဖြင့် ကူးယူဖော်ပြသည်။

(ဟုတ်တယ် Vs မဟုတ်ဘူး) Facebook စာမျက်နှာမှ မူရင်းလင့်
https://www.realornotmm.info/2020/09/07/fact-check-doctors-from-sittwe-arrested-by-gov-disinformation/

#Mawlamyine Daily

#Fact Check

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s