Healthy Skin အရေပြားကျန်းမာရေး

မော်လမြိုင်၊ ၇ စက္တင္ဘာ ၂၀၂၀
မင်္ဂလာပါဒေါက်တာ အသက် ၂၇ နှစ် အမျိုးသမီးပါ ကျွန်မရဲ့ လက်မှာ အသားအရည်တွေက မညီပါဘူးရှင့် ၁၄ နှစ် ၁၅ နှစ်တုန်းက ယားနာတွေပေါက်ပြီးပျောက်သွားတော့အမာရွတ်တွေကျန်နေပါတယ်ဆရာ နှစ်ကြာလာတော့ အမာရွတ်တွေက သူဘာသာတဖြေးဖြေးမှေးမှိန်လာပါတယ် ဒါပေမယ့် အသားမှာ အဖြူအစက်လေးတွေကတော့ နေရာစိတ်စိတ်ရှိနေပါတယ်ဆရာ ၂၁ နှစ်လောက်တည်းက ရှိကသတိထားမိတာပါဆရာ အခုထိမပျောက်ပါဘူးဆရာ ယားလဲမယား နာလဲမနာဆိုတော့ ဒီတိုင်းပစ်ထားလိုက်မိပါတယ် အခုအဲ့ဒီအဖြူစက်လေးတွေပျောက်ချင်ပါတယ်ဆရာ လမ်းညွှန်ပေးပါရှင့် တခြားရောဂါကတော့ စီပိုးကုသမူခံယူနေပါတယ်ရှင့် ၃ ပတ်မြောက်ရှိနေပါပြီ ဆေးသောက်နေတာပါအဖြူစက်လေးတွေက ဆက်ပြီးပွားမလာပါဘူး ပျောက်အောင်လမ်းညွှန်ပေးပါဆရာ
Dermatologists ကို အရေပြား အထူးကုဆရာဝန်လို့ ရေးရင် မပြည့်စုံတော့ပါ။ တနေ့ကတင် ဆယ်လီဘရစ်တီ မင်းသမီး တယောက်က Dermatologists လုပ်မယ်ပြောလိုက်သေးတယ်။ ဒါကြောင့် အရေပြား အထူးသိ-ပညာရှင်လို့ သုံးပါမယ်။ သူတို့က အလှအပသုံး ပစ္စည်းတွေထဲက အရေပြားနဲ့ ဆိုင်တာတွေဟာ အလွန်တရာ ထိရောက်တယ် ဆိုတာကို လက်ခံကြပါတယ်။ တကယ့်ဆရာဝန်တွေကတော့ တချို့အလှအပ အသုံးအဆောင်တွေကို သတိပေးထားပါတယ်။
1) Abrasive facial puffs မျက်နှာသုံး အပြင်းစား (ပတ်ဖ်)ဒီလိုဟာမျိုးသုံးတာ မျက်နှာအရေပြားအတွက် ရက်စက်ရာကျတယ်။ မျက်နှာဆိုတာ ထိသိမှုအရာမှာ အလွန်တရာ နူးညံ့တယ်။ သူ့အတွက် အထူးညင်သာရမယ်။ အခုပြောတာမျိုး သွားသုံးရင် အရေပြား (ဆဲလ်) တွေ ထိခိုက် ပျက်စီးစေနိုင်တယ်။
2) Nail strengtheners လက်သည်းအားပေး (ဖေါ်မယ်လ်ဒီဟိုက်) ဆေးလက်သည်း-ခြေသည်းအတွက် သုံးတာတွေထဲမှာ (ဖေါ်မယ်လ်ဒီဟိုက်) ပါနေတာတွေမှန်သမျှ ဥရောပမှာ မသုံးဘို့ တားထားတယ်။ အမေရိကားမှာ ကျန်နေသေးတယ်။ စျေးကြီးတာတွေက ဒီဆေးမပါတတ်ပါ။ Formaldehyde ဟာ Carcinogen ကင်ဆာဖြစ်ချင်ဖြစ်နိုင်တယ်။ မဖြစ်သေးခင် (အလာဂျီ) လဲ ရနိုင်သေးတယ်။
3) Deodorant soaps ချွေးနံ့သက်သာ ဆေးဆပ်ပြာမသင့်ပါ။ အရေပြားကို ခြောက်စေတယ်။ ကလိသလိုနေမယ်။ ဒါပေမဲ့ အမေရိကားမှာ ၂ဝဝ၆ စာရင်းအရ ဒီဆပ်ပြာဘိုး ၂ ဘီလျံ သုံးခဲ့ကြပါသတဲ့။ စီးပွါးရေးကို အသာထာပြီး ကျန်းမာရေးအရ ပြောရရင် ရိုးရိုး နဲ့ မပြင်းတဲ့ဆပ်ပြာကိုသာ သုံးစေချင်ပါတယ်။
4) Waterproof mascara ရေစိမ်ခံ မျက်တောင်မွှေးချယ်ဆေးမင်းသမီးတွေ၊ မော်ဒယ်တွေ သုံးကြတယ်။ မျက်တောင်မွှေးတွေကို သွေ့ခြောက်စေတယ်။ ဒီအမွှေးလေးတွေက သိပ်နူးညံ့တယ် ခြောက်လာရင် ကျွတ်ကျကုန်မယ်။ အတုတပ်မှ ရတော့မယ်။
5) Highly fragranced makeup and skin care products သိပ်မွှေးတဲ့ မိတ်ကပ်နဲ့ အလှသုံးတွေလူတိုင်းတော့ မဟုတ်ပေမဲ့ တချို့မှာ ပြဿနာဖြစ်တယ်။ နှုတ်ခမ်းနီက ဘာမွှေးနေစရာလိုသလဲ။ နှုတ်ခမ်းလှဘို့၊ စိုနေဘို့၊ (ဆက်ဆီ) ဖြစ်ဘို့ဘဲ မဟုတ်လား။ မိတ်ကပ်ကကော မွှေးဘို့လိုသလား။ မွှေးညင်းပေါက်တွေ မပေါ်အောင်၊ အစက်အပျောက်တွေ ဖုံးသွားအောင် အသားအရေ ချောမွေ့နေစေအောင် လုပ်ရတယ်။ ရည်ရွယ်ရင်း တခုတည်းကိုသာ အာရုံမစိုက်ရင် အပိုအဆာတွေက ပြဿနာကို ဖိတ်ခေါ်နေမယ်။ အမွှေးအကြိုင်ဆိုတာ လူတိုင်းနဲ့ တည့်တာမဟုတ်ပါ။
6) Topical steroid creams (စတီရွိုက်) ပါ (ခရင်မ်) တွေFacial moisturizer မျက်နှာစိုနေစေအောင် သုံးကြတယ်။ (စတီရွိုက်) ဆိုတာ လူ့သဘာဝတုံ့ပြန်မှုကို တားပေး၊ ဖုံးပေးတယ်။ နီမှာ၊ ယားမှာ သက်သာစေတယ်။ မျက်နှာကြမ်းနေတာ ပျောက်အောင် ဒီဆေးပါတာတွေကို လိမ်းကြတယ်။ (စတီဂွိုက်) ဆေးကို မျက်နှာမှာ စိတ်ချလက်ချ (ဒါတောင်မှ ရက်တိုသာ) သုံးသင့်တာက (အင်းဆက်) ကောင် အကိုက်ခံရတာမျိုးအတွက်သာ ဖြစ်တယ်။ မျက်နှာ အရေပြားဟာ နူးညံ့တယ်။ ဒီလိုဆေးပါတာ ကြာကြာသုံးရင် ရင်စားတောင် ပြန်မရနိုင်တဲ့ အရေပြား ပါးသွားတာ ဖြစ်မယ်။
7) Peel-off strips and masks အပေါ်လွှာခွါပေးတာတွေBlackheads ခေါင်းမဲ-ဝက်ခြံတွေနဲ့ Dead skin (ဆဲလ်) အသေတွေကို ရှင်းပေးနိုင်တယ်လို့ ရောင်းသူတွေက ကြော်ညာတာတယ်။ အထူးသဖြင့် နှာခေါင်း အနီးအနားကလို့ ပြောကြပါတယ်။ တကယ်တန်းပြောရရင် ဒါတွေသုံးတော့ ကောင်းနေတဲ့ (ဆဲလ်) တွေလဲ ပျက်စီးစေနိုင်သလို သွေးကြောလေးတွေပါ ပေါက်စေနိုင်ပါတယ်။ Blackheads တွေကို ပျောက်စေချင်ရင် 1-2% salicylic acid ကိုသာ ညတိုင်းလိမ်းပေးပါ။ ဒါမှမဟုတ် Retinol cream or serum ကို ကြားညှပ်သုံးပါ။ Retinol (ရက်တီနောလ်) ကနေ အရေပြား (ဆဲလ်) တွေကို အသစ်ဖြစ်စေဘို့ အားပေးတယ်။ နေ့ခင်းမှာတော့ Sunscreen သုံးဘို့ မမေ့ပါနဲ့။
8) Long-wearing lipsticks တာရှည်ခံ နှုတ်ခမ်းနီတာရှည်ခံတာ ကောင်းတော့ ကောင်းပါရဲ့။ နှုတ်ခမ်းကို ခြောက်စေတယ်။ အပေါ်ရေ ကွာကျလိမ့်မယ်။ အခန့်မသင့်ရင် သွေးထွက်မယ်။


Dr. တင့်ဆွေ

(ဆရာကြီး၏ ခွင့်ပြုချက်ဖြင့် Mawlamyine Daily မှဖော်ပြပါသည်။)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s