ဒေါ်အောင်ဆန်းစုကြည် ကော့မှူးခရီးစဉ်ဖျက်သိမ်း

This slideshow requires JavaScript.

မော်လမြိုင်၊ ၇ စက်တင်ဘာ ၂၀၂၀

ကျန်းမားရေးဝန်ကြီးက ခရီးသွားတာကို သဘောမတူတာကြောင့် စက်တင်ဘာ ၈ရက်နေ့မှာပြုလုပ်မယ့် ကော့မှူးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအောင်လံလွှင့်ထူပွဲအတွက် ခရီးစဉ်ကို ဖျက်သိမ်းလိုက်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ယနေ့ပြုလုပ်တဲ့ အွန်လိုင်းဆွေးနွေးပွဲမှာ အတည်ပြုပြောကြားခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်း ခြံအမှတ် ၅၄ မှာ နေထိုင်သူ ၂ဦးမှာလဲ Covid-19 အတည်ပြုလူနာ တွေ့ရှိခဲ့သလို ကျန်းမာရေးဝန်ကြီးဌာနရဲ့ ယနေ့မနက် ထုတ်ပြန်ချက်မှာလဲ ကော့မှူးမြို့နယ် မှ Covid-19 အတည်ပြုလူနာ ၃ ဦးထပ်မံတွေ့ရှိတယ်လို့ ပါရှိပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကတော့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် မဲဆွယ်ကာလကို စက်တင်ဘာလ ၈ ရက်နေ့မှ နိုဝင်ဘာလ ၆ရက်နေ့အထိ သတ်မှတ်ထားပြီး မဲဆွယ်စည်းရုံးရေးလုပ်ရာမှာ လူ၅၀ထက် မပိုဖို့ကို ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

Mawlamyine Daily

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s