Palpitation Q and A စိတ်လှုပ်ရှားရင် ရင်တွေအရမ်းတုန်

မော်လမြိုင်၊ ၆ စက္တင္ဘာ ၂၀၂၀
၁။ ဆရာရှင့် ကျွန်မနာမည့့့် ပါ။ အသက် ၂၃ ရှိပါပြီ။ ကျွန်မခုတလော ကိုယ့်နှလုံးခုန်တာကို ဒီအတိုင်းပြန်သိနေရတယ် ဆရာ။ နှလုံးခုန်တာကြပ်နေသလိုပေါ့။ အဲလိုဖြစ်ရင် အနည်းဆုံးနှလုံးခုန်တာ ၃ ကြိမ်မှ ၄ ကြိမ်လောက်ဖြစ်ပြီးရင် အရင်တိုင်း ပုံမှန်တိုင်းပြန်ဖြစ်သွားတတ်တယ်။ အဲလိုဖြစ်တဲ့ချိန်ကျ အသက်ရှုရတာ အရမ်းခက်သွားတယ်ဆရာ။ လွန်ခဲ့တဲ့ တနှစ်လောက်ကလည်း အဲလိုဖြစ်ဖူးပါတယ်။ နောက်တော့ ဆက်မဖြစ်တော့လို့ ဆေးခန်းလည်းသွားမပြခဲ့ပါဘူး။ ခု ၂ လ ဆက်တိုက် နေ့တိုင်းလိုလို ပြန်ဖြစ်နေပါတယ်။ ပြီးတော့ အဲလိုဖြစ်တဲ့ကြာချိန်လည်း ပိုလာပါတယ်။ နှလုံးခုန်တာကို ဒီအတိုင်းသိနေရတယ်ဆရာ။ အဲတာ ဘာလို့ပါလဲ။ အဲလိုဖြစ်တဲ့ခါကျရင် ရင်ကြပ်ပြီးမောလာတယ်။ ပြီးတော့ ကိုယ့်နှလုံး ခုန်တာ နိမ့်ချည်း မြင့်ချည်းကို သိနေရတယ်ဆရာ။ ကြာချိန်ကလည်း နှလုံးခုန်တာ ၅ ကြိမ်ထပ်မပိုဘူးဆရာ။ အဲဒါ နှလုံး အားနည်းတာလားရှင့်။ ဘယ်လိုလုပ်ရင် သက်သာနိုင်မလဲရှင့်။ စိုးရိမ်စရာရှိမလား။ ဆေးသောက်သင့်ပါသလားဆရာ။
၂။ နှလုံးနေရာက အနာပြည်တည်ရင်ကိုက်သလို တစစ်စစ်ကိုက်နေတာ ဘာဖြစ်လို့လဲဆိုတာသိပါရစေ။ အသက်က ၂၈ ပါ။ ဘာမှ မစစ်ရသေးပါဘူး။ (့့့) မှာ အလုပ်လုပ်နေတာမို့ မြန်မာပြန်မှစစ်ဖို့ပါ။ တခုခု စိတ်လှုပ်ရှားရင် ရင်တွေ အရမ်းတုန်ပြီး ကတုံကရင်နဲ့ နဲနဲလှုပ်လှုပ်ရှားရှားဆို မောတယ်။
ရင်တုန်တာနဲ့ ရင်ခုန်တာ မတူပါ။ ကိုယ့်နှလုံးခုန်နေတာကိုယ် သိနေတာကို Palpitation ရင်တုန်တယ်လို့ခေါ်တယ်။ နှလုံးခုန်နှုန်းမြန်တာကို ရင်ခုန်မြန်တယ်လို့ခေါ်တယ်။ ဖြစ်တဲ့အခြေခံခြင်းမတူပါ။
အသက်ငယ်ရွယ်သူများ ရင်ပတ်နေရာနာတာ အများအားဖြင့် စိုးရိမ်စရာမရှိပါ။ လူကြီးလဲဖြစ်၊ ဝလဲဝ၊ မဝရင်တောင်မှ (ကိုလက်စထော) များသူ၊ သွေးတိုးရှိသူတွေသာ ရင်ပတ်နေရာ ပြဿနာ ရှိတတ်ပါတယ်။ သူတို့မှာ ဖြစ်တာကလဲ ရင်ညွန်ရိုး အောက်တည့်တည့်နေရာမှာ ပြုတ်တူနဲ့ အညှပ်ခံရသလို ဇောချွေးပြန်အောင်၊ အသက် ဆက်မရှူတော့နိုင်အောင် နာမှသာ အရေးတကြီးရောဂါ ဖြစ်နိုင်တယ်။
ရင်မှာနာကျင်မှုဖြစ်တာ များသောအားဖြင့် ရင်ပတ်နံရံအကာမှာ တနည်းပြောရင် အပြင်မှာ လာဖြစ်တာ။ ကြွက်သား၊ အရွတ်မှာတခုခုဖြစ်လို့ပါ။ သူ့အလိုလို ကောင်းပါတယ်။ အနာအကိုက်သက်သာဆေးတခုခုကို လိုတဲ့ အချိန်မှာသာ သောက်ဘို့လိုမယ်။ ဥပမာ Paracetamol, Ibuprofen, Diclofenic ဆေး။
စိတ်လှုတ်ရှားရင် ရင်တုန်တာ လူတိုင်းဖြစ်ပါတယ်။ သူများထက်ပိုရင်တော့ ဆက်စစ်စရာတွေ ရှိတယ်။ နှလုံးခုန်နှုန်း၊ လက်ကောက်ဝတ် လက်မဖက်က သွေးလွှတ်ကြောခုန်နှုန်း၊ တမိနစ်မှာ ၇ဝ-၈ဝ က ကောင်းပါတယ်။ မမော-မပမ်း၊ ဒေါသ-ဝမ်းနည်းမရှိဘဲ၊ ဒိထက်များနေရင် မကောင်းပါ။
မောတာဆိုရင် တခုခုတော့ရှိနေနိုင်တယ်။ မောတယ်ဆိုတဲ့ အကြောင်းရင်းတွေ များလှတယ်။ အမျိုးသမီးဆိုရင် သွေးအားနည်းနေ-မနေကြည့်ရမယ်။ အသားအရေ၊ လျှာ၊ မျက်ခွံ ဖြူဖွေးဖွေးနေသလား။ သွေးအားနည်းနေရင် ရင်တုန်တာ၊ မောတာ၊ အသက်ရှူမဝတာ ဆက်ဖြစ်လာတတ်တယ်။ အမောမခံနိုင်ဘူး။ သွေးစစ်ရင် Hb နည်းနေတာနဲ့ သိနိုင်တယ်။ နည်းရင် သံဓါတ်၊ ဖေါလစ်အက်စစ် ကြာကြာသောက်ပါ။ ရင်ခုန်များတာ-မြန်တာပါ ရောနေရင် နှလုံးနားထောင်ကြည့်ရမယ်။ ငယ်ငယ်က အာသီးရောင်၊ အဆစ်နာဖြစ်ဘူးလား မေးရမယ်။
နှလုံးနဲ့မဆိုင်လို့လည်းဖြစ်စေနိုင်တယ်။ စိုးရိမ်စိတ်ကဲတာ၊ ကြောက်စိတ်အားကြီးတာ၊ စိတ်ဖိအားများတာတွေကနေ ဖြစ်စေနိုင်တယ်။ အလုပ်ပင်ပန်းလွန်းလို့လည်းဖြစ်တယ်။ ကေဖင်း၊ အရက်၊ မူးယစ်ဆေး (ကိုကိန်းနဲ့ အမ်ဖက်တမင်း) ကြောင့်လည်းဖြစ်မယ်။
ရောဂါတခုခုကိုလည်း စဉ်းစားရမယ်။ လည်ပင်းကြီးဟော်မုန်းများခြင်း၊ သွေးထဲသကြားဓါတ်နည်းခြင်း၊ သွေးအားနည်းခြင်း၊ ဖျားနေခြင်း၊ ရေ-ဆားဓါတ်နည်းနေခြင်း။ ရာသီဆင်းချိန်နဲ့ ကိုယ်ဝန်ဆောင်ရင် ပိုများတယ်။ သွေးဆုံးကာနီးရင်လည်း ပိုများတယ်။ ပိန်ဆေး၊ နှာမွှန်ပျောက်ဆေး၊ ပန်းနာရှူဆေး၊ လည်ပင်းကြီးဟော်မုန်းနည်းတာအတွက်ဆေးတွေကနေလည်း ရင်တုန်စေမယ်။ တချို့အားဆေးတွေကနေလည်းဖြစ်တယ်။ ကာဗွန်ဟိုက်ဒရိတ်များတဲ့အစာ၊ ဟင်းချိုမှံှု့၊ ကြက်သားမှုံ့၊ စတာတွေစားသုံးလို့လည်းဖြစ်တယ်။
နှလုံးနဲ့ဆိုင်တာတွေကတော့ နှလုံးအတက်မရခင်၊ နှလုံးသွေးကြောရောဂါ၊ နှလုံးအလုပ်မနိုင်တော့ခြင်း၊ နှလုံးကြွက်သားရောဂါ။
သွေးစစ်ရင် သွေးအားနည်းနေရင်သိမယ်။ Electrocardiogram (ECG) စစ်မယ်။ Chest X-ray ဓါတ်မှန်ရိုက်မယ်။
စိတ်နဲ့ဆိုင်သူ စိတ်ဖိအားလျှော့ချပါ။ အစားအသောက်ရှောင်ကျဉ် ဆင်ခြင်ပါ။ အစာအာဟာရ မျှတအောင်စားပါ။ ဗီတာမင်ဘီအုပ်စုနဲ့ သံဓါတ်ဆေးသောက်ပါ။ အအိပ်မပျက်စေနဲ့။ နားနားနေနေ လုပ်ပါ။ စိတ်တည်ငြိမ်မှုရှိပါ။ ကျန်တာတွေ အကောင်းထားပြီး နှလုံးခုန်တာလဲမနှေးရင် Propranolol 20-25 mg တနေ့ ၁ ကြိမ်သောက်နိုင်တယ်။ Diazepam 5 mg ညမှာ တခါတလေသောက်ပါ။ စာဖတ်တာ၊ ပျော်စရာ-ရီစရာ၊ တရားထိုင်ပါ။


ဒေါက်တာတင့်ဆွေ

(ဆရာကြီး၏ ခွင့်ပြုချက်ဖြင့် Mawlamyine Daily မှဖော်ပြပါသည်။)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s