Water in ear သၾကၤန္နား

Water in ear သၾကၤန္နား

မော်လမြိုင်၊ ၅ စက္တင္ဘာ ၂၀၂၀
ဒီစာကို မနှစ်ကသင်္ကြန်မတိုင်ခင်မှာ ရေးခဲ့ပါတယ်။
ရေချိုးရင်း၊ ရေကူးရင်၊ ရေကစားရင် နားထဲဝင်နိုင်တယ်။ နားထဲရေဝင်နေရင် ကိုယ်ကရေတွင်းထဲရောက်နေသလို ကြားရမယ်။ နားထဲပြည့်လျှံနေသလိုခံစားရမယ်။ စိတ်အနှောင့်အယှက်ဖြစ်ရတယ်။ ကံရာမသင့်ရင်ပိုးဝင်နိုင်တယ်။ သူများတွေဆီမှာ အဲတာမျိုးကို Swimmer’s ear ရေကူးသမားနားလို့ခေါ်တယ်။ မြန်မာပြည်မှာ သင်္ကြန်နားလို့ ခေါ်နိုင်တယ်။နားထဲကရေကို ဘယ်လိုဖယ်ရှားမလဲ၁။ Clean Your Ear နားကိုသန့်ရှင်းပါ။ အဝတ်စအပျော့စားသန့်သန့်လေးသုံးပြီး ရေထုတ်ကြည့်ပါ။ ခေါင်းကို တဖက် စောင်းထားပါ။ အဝတ်ကို အထဲထိုးမယ့်အစား အဝတ်ဆီကို နားကိုတိုးပေးပါ။
၂။ Take Advantage of Gravity ကမ္ဘာ့ဆွဲအားအသုံးချပါ။ ခြေတဖက်ထောက်ရပ်နေပြီး ခေါင်းကို ရေဝင်တဲ့ဖက် အောက်ထားပြီး စောင်းပါ။ မျက်နှာက မြေကြီးကိုကြည့်ပါ။ ခုန်ပြီး ရေထွက်စေအောင်ကြိုးစားပါ။ နားကပ်ဝတ်တဲ့နေရာကို အောက်ဆွဲပေးရင် နားလမ်းကြောင်း ဖြောင့်စေမယ်။ နောက်တနည်းက ဖြစ်တဲ့နားကိုအောက်မှထားပြီး လှဲအိပ်ပါ။ မျက်နှာကို အောက်ဖက်မူပါ။ ခဏတာအဲလိုလှဲအိပ်နေပါ။၃။ Use Vacuum လေဟာနယ်နည်းသုံးပါ။ ဖြစ်တဲ့နားကို လက်ဝါးပေါ်တင်ထားပါ။ လက်ဝါးကို ဖိပိတ်လိုက် ပြန်ခွါလိုက် ဆတ်ကနဲလုပ်ပါ။
၄။ Use Blow Dryer လေမှုတ်ကိရိယာသုံးပါ။ ဆံပင်ခြောက်အောင်လုပ်တဲ့လေမှုတ်ကိရိယာဖြစ်တယ်။ တချို့က မသုံးခိုင်းပါ။ အပူချိန်အနည်းဆုံးမှာသာထားပါ။ ၃ဝ စင်တီမီတာအကွာကနေ လေပူမှုတ်ပေးပါ။ ၅။ Apply Eardrop နားဆေးထည့်နည်းသုံးပါ။ ရိုးရိုးနားထည့်ဆေးတခုခုဖြစ်တယ်။ အရက်ပျံပါတာဆိုရင် ရေကို အငွေ့ပျံစေမယ်။ ဆေးထည့်ပြီးရင် ဖြစ်တဲ့နားကို အောက်ဖက်ထားရမယ်။
၆။ Apply Alcohol and Vinegar အရက်ပျံနဲ့ ဗနီဂါထည့်နည်းသုံးပါ။ အရက်ပျံနဲ့ ဗနီဂါဆတူရောပြီး နားထဲခပ်ပါ။ ပိုးဝင်တာကိုပါ တားနိုင်တယ်။ ၇။ Chew or Yawn (ခြူးယင်းဂမ်း) ဝါးနေပါ။ ဒါမှမဟုတ် သန်းဝေခြင်းကနေ ရေထွက်စေနိုင်တယ်။
၈။ Valsalva Maneuver နည်းသုံးပါ။ ပါးစပ်ပိတ်ထားပါ။ နှာခေါင်းကို လက်ချောင်းနဲ့ ညှစ်ပိတ်ထားပါ။ အသက်အောင့်လိုက်ပါ။ လေကိုနှာခေါင်းကထွက်အောင် မှုတ်ပါ။ နှာခေါင်း-အာခေါင်ထဲက လေဖိအားနဲ့ နားပြွန်ဖိအား ညီသွားရင် ရေထွက်မယ်။
၉။ Steam ရေနွေးငွေ့နည်းသုံးပါ။ ခွက်၊ ပန်းကန်ထဲမှာ ရေနွေးထည့်ထားပြီး မျက်နှာက အပေါ်ကနေစေပါ။ ပုဝါတထည် ခြုံထားပါ။ ရေနွေးငွေ့ရှူပေးပါ။ ၅-၁ဝ မိနစ်ကြာမယ်။ ခေါင်းကို ဖြစ်တဲ့ဖက်စောင်းစောင်းပေးကြည့်ပါ။
၁ဝ။ Olive Oil သံလွင်ဆီနည်းသုံးကြည့်ပါ။ ပိုးသေစေနိုင်သေးတယ်။ သံလွင်ဆီကို ပူနွေးနွေးဖြစ်အောင်လုပ်ပြီး နားထဲအစက်ချပါ။ ၁ဝ မိနစ်နေပါစေ။ ဖြစ်တဲ့ဖက်ကို အောက်ဖက်စောင်းပြီး ဆီပြန်ထွက်စေပါ။ လိုအပ်ရင် နားကြပ်တံ နူးညံ့တာသုံးပါ။


ဒေါက်တာတင့်ဆွေ

(ဆရာကြီး၏ ခွင့်ပြုချက်ဖြင့် Mawlamyine Daily မှဖော်ပြပါသည်။)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s