Sleep paralysis ဘီလူးစီးခြင်း

Sleep paralysis ဘီလူးစီးခြင်း

မော်လမြိုင်၊ ၄ စက္တင္ဘာ ၂၀၂၀
ဆရာ မင်္ဂလာပါ။ ကျွန်မ အသက် ၂ဝ အပျိုပါ။ ဘီလူးစီးတယ်ဆိုတာနဲ့ပတ်သက်ပြီး သိချင်လို့ပါဆရာ။ ဟိုးအရင်ကတော့ ဖြစ်ဖူးပေမယ့် မဖြစ်တာတော်တော်ကြာပြီဆရာ။ အဲ့တာမနေ့ပြန်စဖြစ်ပါတယ်။ အသက်ရှူလို့လုံးဝ မရတော့ဘဲ လုံးဝ လှုပ်လို့မရပါဘူးဆရာ။ နိုးလာတော့ အရမ်းမောပါတယ်။ ဆက်လဲအိပ်ချင်နေပါတယ်။ ဆက်အိပ်ရင်လဲ ပြန်ပြန်ဖြစ်ပါတယ်။ ဒီနေ့နေ့လည်ခနအိပ်တော့လဲ ဖြစ်ပြန်ပါတယ်ဆရာ။ တိုက်ဆိုင်တာက မနေ့ကစပြီး ကျွန်မ ဓမ္မတာ လာပါတယ်.ခုတော့ အိပ်ရမှာတောင် လန့်သလိုဖြစ်နေပါပြီ။ အဲ့လိုမဖြစ်အောင် ဘယ်လိုလုပ်ရမလဲဆရာ။ အကြံဉာဏ်တောင်းခံပါတယ်။ ကျေးဇူးပါဆရာ။
ဘီလူးစီးခြင်းဆိုတာ အိပ်ပျော်နေတုန်း (သို့) မနိုးတနိုးအချိန်မှာ ယာယီလေဖြတ်သလို ဘာမှလှုပ်မရ၊ စကားပြောမရ၊ တုန့်ပြမှုလုပ်မရတာမျိုး။ အတာမျိုးက အိပ်စက်ချိန်နဲ့ နိုးချိန်ကြား ကြားကာလမှဖြစ်တယ်။ ကြွက်သားတွေ အားကုန်နေတယ်။ ကြောက်စလန့်စရာတွေဖြစ်တယ်။ အလွန်အားကောင်းတဲ့ ဟယ်လူစီနေရှင်း ခေါ် မဟုတ်တာကို မဟုတ်ထင်နေတယ်။ ဘာလို့လဲဆိုတာအတွက် ဟိုက်ပိုသီးဆစ် ခေါ် ယူဆချက်တွေသာရှိတယ်။ တိတိကျကျ ပြောမရပါ။ မိုင်ဂရင်း၊ စိုးရိမ်စိတ်ကဲခြင်း စတဲ့ရောဂါခံတခုခုနဲ့ဆက်စပ်သလာဆိုတာလည်း စဉ်းစားချက်သာဖြစ်တယ်။
စိတ်ပညာအရ အမျိုးအစား (၂) ခုခွဲထားတယ်။ isolated sleep paralysis (ISP) နဲ့ recurrent isolated sleep paralysis (RISP) တွေဖြစ်ပါတယ်။
ဇီဝကမ္မဗေဒအရ REM atonia နဲ့တူတယ်။ အချိန်ကြတာက တိုတာရော ရှည်တာပါရှိတယ်။ ရောဂါဗေဒရှင်းပြချက် မစုံလင်သေးပါ။ သီအိုရီတွေတော့ရှိတယ်။ မျိုးဗီဖအချက်လည်းလိုက်ရှာတယ်။ စိတ်ကြွးဆေး၊ အားနည်းချိန်၊ တချို့ ADHD ဆေးတွေနဲ့ဆက်စပ်နိုင်တယ်။ ပလက်အိပ်နေချိန်မှာဖြစ်ကြတာများတယ်။ အဆုပ်အပေါ်သက်ရောက်တဲ့ ကမ္ဘာ့ဆွဲငင်အားကိုလည်း စဉ်းစားတယ်။
လူဦးရေ ၆့၂% မှာဖြစ်တယ်လို့လေ့လာမှုတခုကဆိုပါတယ်။ သူတို့ထဲက ၃% မှာသာ ရောဂါအခံတခုခုရှိကြတယ်။
ကုသရာမှာ အတိအကျမရှိပါ။ အိပ်စက်နည်းနဲ့ ပုံစံပြင်သင့်တယ်။ မအိပ်ခင် စာဖတ်တာရွေးဖတ်သင့်တယ်။ တရားရှုမှတ်နည်းကောင်းမယ်။ အိပ်ယာ၊ ခေါင်းအုံးအနေတော်တာရွေးသင့်တယ်။ စိတ်ဖိအားနည်းအောင် ကြိုးစားသင့်တယ်။ ဆေးကတော့ Tricyclic antidepressants နဲ့ Selective serotonin reuptake inhibitors (SSRIs) စိတ်ဆေးပေးတယ်။
အိပ်မက်လိုပါပဲ။ အိပ်မက်ကနေနိုးလာရင် တချို့က အိပ်မက်ကို အလေးအနက်မှတ်ယူကြတယ်။ အထအန ကောက်ယူကြတယ်။ ဗေဒင်သွားမေးကြတယ်။ ကျွန်တော့်လုပ်ယူထားတဲ့အကျင့်ကတော့ အိပ်မက်ကို ကောင်းကောင်း ဆိုးဆိုး ချက်ချင်း မှတ်ဉာဏ်ထဲကနေ ထုတ်ပြစ်တယ်။ လောကဓံကိုရင်ဆိုင်ရာမှာ ကောင်းတာ၊ သာယာတာ၊ ချီးမွမ်းတာကို ထိန်းနိုင်မှသာ ဆိုးတာ၊ ညံ့တာ၊ ကဲ့ရဲ့တာကိုကို ပိုခံရည်ရှိပါတယ်။


ဒေါက်တာတင့်ဆွေ

(ဆရာကြီး၏ ခွင့်ပြုချက်ဖြင့် Mawlamyine Daily မှဖော်ပြပါသည်။)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s