မော်လမြိုင်မှာ ၂ လအကြာ ညမထွက်ရအမိန့်ထုတ်ပြန်

မော်လမြိုင်၊ ၂၆ စက်တင်ဘာ ၂၀၂၀ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရန်အတွက် ညဘက် ၁၂ နာရီမှ နံနက် ၄ နာရီအထိ ညမထွက်ရအမိန့်ကို မော်လမြိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ စက်တင်ဘာ ၂၅ ရက်နေ့ ရက်စွဲဖြင့်ထုတ်ပြန်လိုက်ပါတယ်။ထုတ်ပြန်ချက်အရ အဆိုပါအမိန့်ဟာ ထုတ်ပြန်သည့်နေ့မှ ၂ လကြာသည်အထိ အကျုံးဝင်မှာဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။အရေးပေါ်ကိစ္စရှိလို့ သက်ဆိုင်ရာရဲ့ ခွင့်ပြုချက်ရထားသူမှအပ မည်သူမှညဘက်အပြင်ထွက်ခွင့်ရှိတော့မှာမဟုတ်သလို၊ ပျက်ကွက်ပါက တည်ဆဲဥပဒေအရ အရေးယူမယ်လို့လည်း ဖော်ပြထားပါတယ်။ Mawlamyine Daily Ref; မော်လမြိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန

စက်တင်ဘာ ၂၆ ရက်နေ့ မနက် ၈ နာရီ မော်လမြိုင်မြို့ Stay at Home စပြီ

မော်လမြိုင်၊ ၂၅ စက်တင်ဘာ ၂၀၂၀ ကိုရိုနာဗိုင်းရပ် ကူးစက်မှုတွေကို ထိန်းချုပ်နိုင်ရန်အတွက် တိုင်းနှင့် ပြည်နယ်အနှံ့က မြို့နယ်ပေါင်း ၁၁ မြို့နယ်ကို Stay at Home အဖြစ် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက အမိန့်ထုတ်ပြန်ရာမှာ မော်လမြိုင်မြို့နယ်လည်း ပါဝင်နေတာဖြစ်ပါတယ်။ဒီထုတ်ပြန်ချက်အရ ချွင်းချက်ပေးခံထားရသူများမှ အပ ရပ်ကွက်အတွင်း၊အပြင် ဝင်ထွက်ခွင့်ပါ ကန့်သတ်ခံရမှာဖြစ်ပါတယ်။စက်တင်ဘာ ၂၆ ရက်နေ့ မနက် ၈ နာရီမှစပြီး အမိန့်အသက်ဝင်မှာဖြစ်ပါတယ်။ လိုက်နာရန်ပျက်ကွက်ပါက ဥပဒေအရ အရေးယူခံရမှာဖြစ်တယ်လို့ အမိန့်ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ Mawlamyine Daily Ref; Myanmar Digital News

ညီနောင်မဟာမိတ် ၃ ဖွဲ့က ပြည်ခိုင်ဖြိုးပါတီကို မဲပေးဖို့ တိုက်တွန်းထားတဲ့ ထုတ်ပြန်ချက် အတု

မော်လမြိုင်၊ ၂၅ စက်တင်ဘာ ၂၀၂၀ တိုင်းရင်းသားလက်နက်ကိုင်တွေဖြစ်တဲ့ MNDAA ၊ TNLA နဲ့ AA တပ်ဖွဲ့တို့က လာမယ့် ၂၀၂၀ခုနှစ် အထွေထွေ ရွေးကောက်ပွဲမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီကို မဲပေးဖို့ တိုက်တွန်းထားတဲ့ ထုတ်ပြန်ချက်အတု တစ်ခု ဖေ့ဘွတ်ခ် ပေါ်မှာ ပျံ့နှံ့နေတာကို အချက်အလက်စစ်ဆေးသူတွေက သတိပြုမိခဲ့ပါတယ်။ဒါ့ကြောင့် ဒီထုတ်ပြန်ချက်ဟာအတုဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ ရေးထားတဲ့စာတွေဟာ လည်း အမှားဖြစ်ကြောင်း အချက်အလက်စစ်ဆေးဖော်ပြလိုက်ပါတယ်။ ထုတ်ပြန်စာအတုထဲမှာ ပါဝင်တဲ့အကြောင်းအရာတွေကတော့ ညီနောင်မဟာမိတ် (၃)ဖွဲ့ဖြစ်တဲ့ ဒီလက်နက်ကိုင် ၃ ဖွဲ့ဟာ ပြည်ခိုင်ဖြိုးပါတီကိုမဲပေးဖို့ လူထုကိုတိုက်တွန်းထားတဲ့အကြောင်း၊ ပြည်ခိုင်ဖြိုးပါတီမဲရှုံးသွားရင် အမေ ရိကန်၊ အီတလီ နိုင်ငံတွေလို ကိုဗစ်ရောဂါဖြစ်ပွားသူများပြားလာနိုင်ပြီး ၊မဲနိုင်ပါက တရုတ်နိုင်ငံရဲ့ အကူအညီကြောင့် ကိုဗစ်ရောဂါ ရပ်တန့်နိုင်ကြောင်း ရေးသားထားပါတယ်။ ဘာလို့သတင်းအမှားလို့ပြောရတာလဲဆိုတော့     … Continue reading ညီနောင်မဟာမိတ် ၃ ဖွဲ့က ပြည်ခိုင်ဖြိုးပါတီကို မဲပေးဖို့ တိုက်တွန်းထားတဲ့ ထုတ်ပြန်ချက် အတု

ဒေါ်အောင်ဆန်းစုကြည် Covid-19 Positive ဖြစ်နေပြီဆိုပြီး ဖြန့်နေတဲ့ သတင်းအမှား

မော်လမြိုင်၊ ၂၅ စက်တင်ဘာ ၂၀၂၀ အချက်အလက်စိစစ်သူတွေအနေနဲ့ ပြောပြပေးချင်တဲ့သတင်းအမှားတစ်ခုက တော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် Covid-19 Positive ဖြစ်နေပြီဆိုပြီး သတင်းမီဒီယာအ ယောင်ဆောင် ဖေ့ဘွတ်ခ်စာမျက်နှာတစ်ခုက ဖြန့်ဝေထားတဲ့သတင်းအမှားပဲဖြစ်ပါတယ်။ အဲ့ဒီသတင်းအမှားကိုဖြန့်ဝေထားတဲ့ စာမျက်နှာက Forward Media Group ဆိုတဲ့နာမည်နဲ့ဖွင့်လှစ်ထားတဲ့စာ မျက်နှာဖြစ်ပြီး သတင်းအတု/သတင်းအမှားတွေကိုပဲ‌ရေးသားဖော်ပြလေ့ရှိတဲ့ စာမျက်နှာဖြစ်ပါတယ်။ အဲ့ဒီစာမျက်နှာကဖြန့်ဝေထားတဲ့သတင်းအမှားကတော့ “နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် တတိယအကြိမ်ဆေးစစ်ချက် Covid-19 ရောဂါပိုး  Positive အဖြေထွက်ဟုဆို” ပြီးဖော်ပြထားတာဖြစ် ပါတယ်။ အဲ့ဒီသတင်းအမှားကို Like and Share ပြုလုပ်သူတွေက အများအပြားရှိနေတဲ့အတွက် အချက်အလက် စစ်ဆေးပြီးတော့ သတင်းအမှားဖြစ်ကြောင်း  အွန်လိုင်းအသုံးပြုသူတွေသိအောင် ပြောပြရခြင်းဖြစ်ပါတယ်။ ဘာလို့သတင်းအမှားလို့ပြောရတာလဲဆိုရင်     သတင်းအမှားထဲမှာဖော်ပြထားတာက ဒေါ်အောင်ဆန်းစုကြည်ဟာ  စက်တင်ဘာ ၁၉ ရက်ညနေပိုင်းမှာ တတိယအကြိမ်ပြန်လည်ဆေး စစ်ခဲ့ရာမှာ Positive … Continue reading ဒေါ်အောင်ဆန်းစုကြည် Covid-19 Positive ဖြစ်နေပြီဆိုပြီး ဖြန့်နေတဲ့ သတင်းအမှား