Hyperhidrosis ချွေးထွက် များလွန်းလို့

Hyperhidrosis ချွေးထွက် များလွန်းလို့

မော်လမြိုင်၊ ၁ စက္တင္ဘာ ၂၀၂၀
၁။ ကျနော့်ညီက အခု အသက် ၂၁ နှစ်ရှိပါပြီ။ သူက အရမ်းချွေးထွက်သန်ပါတယ်။ ဆောင်းတွင်းအရမ်းအေးနေချိန်မှာ နောက်ပြီး အဲကွန်းခန်းထဲမှာတောင် ဘာမှမလုပ်ဘဲ ချွေးထွက်နေတတ်ပါတယ်။ အထူးသဖြင့် ခေါင်း၊ မျက်နှ၊ာ ရင်ဘတ်၊ ကျော၊ လက်ဖဝါးတွေမှာ ချွေးအရမ်းထွက်တယ်လို့ပြောပါတယ်။ သူ့မှာ ချွေးအရမ်းထွက်တဲ့အတွက် တော်တော်တန်တန် ဘယ်မှမထွက်ရဲအောင်ဖြစ်ရပါတယ်။ ခြောက်တန်းနှစ်လောက်က စဖြစ်တာလို့ ပြောပါတယ်။ လမ်းညွှန်ပေးပါဦးဆရာ။ ဘာတွေလုပ်ရမလဲဆိုတာ။
၂။ ဂျိုင်းနံ့ ပျောက်ကင်းစေဖို့ ဘယ်လိုသုံးရင် အဆင်ပြေနိုင်မလဲ။ လူကြားထဲ သွားလာရတဲ့အခါ အားနာမိလို့ပါ။
ချွေးထွက်များမှ သွေးထွက်နည်းမယ်ဆိုတာ စစ်သင်တန်း ဆောင်ပုဒ် တခုပါ။ နေရင်းထိုင်ရင်း ချွေးထွက်များတာ ကျန်းမာရေးမေးခွန်း ဖြစ်တယ်။ နဖူးကချွေး ခြေမ ကျအောင်လုပ်ရပေမဲ့ ဝမ်းမဝသူတွေ အတွက်ကတော့ စီးပွါးရေးပုစ္ဆာ ဖြစ်ပါမယ်။ ချွေးရော သွေးပါ ရင်းရှာနေရဆဲပါ။
ချွေးထွက်တာကို Perspiration, Transpiration, Diaphoresis ခေါ်တယ်။ အရေပြားမှာရှိတဲ့ ချွေးအိတ်တွေကနေ ရေနဲ့ ဓါတ်ဆားတွေ ထွက်စေတာပါ။ ဦးနှောက်ထဲက Hypothalamus ကနေထိန်းပေးတယ်။ ချွေးထွက်တာက ကောင်းစေဘို့ပါ။ ကိုယ်ပူချိန် သမမျှတပေးလို့ ချွေးထွက်ရင် အေးသွားစေတယ်။ ပျို့ချင်၊ အန်ချင်လာရင် ချွေးပြန်တယ်။ စိတ်လှုတ်ရှားလို့ ထွက်တဲ့ ချွေးက လက်ဖဝါး၊ ခြေဖဝါး၊ ချိုင်းကြားနဲ့ နဖူးက ထွက်တယ်။ ရာသီဥတု ပူရင် တကိုယ်လုံးက ထွက်တယ်။ သွေးဆုံးချိန်၊ ဝတဲ့သူတွေမှာ ပိုထွက်တယ်။ လူ့အရေပြားကနေ ရေက အငွေ့ပြန် ထွက်နေတာကို မမြင်နိုင်ပါ။ မြင်ရရင် ချွေးခေါ်တယ်။
ချွေးနံ့လို့ ပြောကြတယ်။ ချွေးသန့်သန့်က အနံ့မရှိပါ။ ချိုင်း၊ ဆီးစပ် နဲ့ ဦးရေမှာ အမွှေး-ဆံပင်တွေပေါက်နေလို့ ချွေးနဲ့အတူ အဆီ ပါနေတယ်။ ဗက်တီးရီးယားကနေ အဆီကို သက်ရောက်တော့ Pungent odour အနံ့ ဆိုးစေတယ်။ ဆေးပညာမှာ ကိုယ်နံ့ကို Apocrine Bromhidrosis, Osmidrosis, Ozochrotia ဆိုပြီး ခေါ်တယ်။ ကိုယ်နံ့တိုင်းက မဆိုးပါ။ ကြာညိုနံ့ သင်းနေတာ ကုသိုလ်ထူးလို့ မဟုတ်ပါလား။ ဂန္ဓာရုံ ကောင်းလွန်းသူများ လူတယောက်ကို မမြင်သေးခင် အနံ့ရတာနဲ့ ဘယ်သူဘယ်ဝါ ခွဲတတ်ကြတယ်။ အဲလိုလူတွေက သူများသွားကို မကြွားရဲဘူး၊ လူတွေထက် အနံ့ခံ ပိုကောင်းကြတာက တိရစ္ဆာန်တွေ မဟုတ်လား။
ချွေးထွက်များတာကို Hyperhidrosis ခေါ်တယ်။ တသက်လုံးတော့ မဟုတ်ပါ၊ အကြာကြီး ဖြစ်နေတတ်တယ်။ မွေးရာပါလား၊ နောက်မှ ဖြစ်လာတာလား ရှိသေးတယ်။ ငယ်ကတည်းက ချွေးထွက်များသူတွေ ဘာလို့ဆိုတာ တိတိကျကျ မပြောနိုင်ပါ။ ယူဆတာက Nervousness or excitement စိတ်လှုတ်ရှားမှု များလွန်းတာ၊ Sympathetic over activity လိုတာထက် ပိုအလုပ် လုပ်တာ ထင်ရပါတယ်။ ဆရာမေးတာ မဖြေနိုင်ရင် ကျောင်းသားခမြာ ချွေးပြန်လာသလို။ နောက်မှ လာဖြစ်သူတွေထဲမှာ လည်ပင်းကြီး၊ ဆီးချို၊ ဂေါက်၊ ဦးနှောက်ရောဂါရှိသူ၊ ခါးကို ထိခိုက်မိရာကနေ အထဲက အာရုံကြော ထိသူ၊ အဝေးဖျားအာရုံကြော ရောဂါရှိသူ၊ ရင်ခေါင်းထဲမှာ ကင်ဆာရောဂါ ရှိသူ၊ ပြဒါးအဆိပ်သင့်သူ ဖြစ်နိုင်တယ်။
• တကိုယ်ရေသန့်ရှင်းရေး နဲ့လဲ ဆိုင်တယ်။ ရေချိုး၊ မျက်နှာသစ် သူများထက် ပိုရမယ်။• ရေမွှေးတွေ အလွန်အကြွံ သုံးပြီး၊ ကိုယ်နံ့ ဖျောက်ကြတာကို Heavy perfume, Heavy Cologne ခေါ်ခံရတယ်။ အနံ့ကို လွှမ်းပေးတာပါ။• Deodorants အနံ့ပျောက်ဆေး၊ Antiperspirants ချွေးထွက် သက်သာဆေး၊ Disinfectants ပိုးသတ်ဆေး၊ စပါယ်ရှယ်-ဆပ်ပြာတွေ သုံးပေးရင် သက်သာစေတယ်။• ယာယီ သက်သောအောင် Talc or baby powder ပေါင်ဒါ သုံးနိုင်တယ်။• အခု Anti-perspirant sticks အတောင့်ကို တွင်တွင်-ကျယ်ကျယ် သုံးလာတယ်။• ချိုင်းချွေး ထွက်တာ များသူတွေ Underarm liners အခုအခံ သုံးနိုင်တယ်။ ချွေးကို စုပ်ယူပေးတယ်။• Disposable underarm liners ပြန်သုံးလို့ရတဲ့ ချိုင်း အခုအခံ ပေါ်လာတယ်။ ချိုင်းဖက်က ဝါဂွမ်း၊ အဝတ်အစား ဖက်က နိုင်လွန် ဒါမှမဟုတ် (ဗီနိုင်းလ်) သုံးတယ်။ ၁၈၆၉ ကတည်းက Kleinert ကနေ စထုတ်ခဲ့တာ ဖြစ်တယ်။• Sweax ကထုတ်တဲ့ Disposable liners တခါသုံးက ယောက်ျား၊ မိန်းမ ၂ မျိုးရတယ်။ Peel and Stick ခွါ-ကပ် ပါဘဲ။• Aluminium chloride လိမ်းဆေးကို ချိုင်းချွေးထွက် များသူတွေ သုံးနိုင်တယ်။• စားဆေး Oxybutynin ထိရောက်တယ်။ ဘေးထွက်-ဆိုးကျိုး မကင်းပါ။ အိပ်ချင်တယ်၊ အာခေါင် ခြောက်တယ်။• Glycopyrrolate (Robinul) ဆေးလဲသုံးတယ်။• စိတ်လှုပ်ရှားတာနဲ့ ဆက်နေသူတွေကို Antidepressants စိတ်ဆေး ပေးတယ်။• Hypnosis အိပ်မွေ့ချ ကုသနည်းလဲ လုပ်တယ်။• Botulinum toxin type A (Botox or Dysport) ထိုးဆေးက တခါ ထိုးထားရင် ၄-၉ လ ခံတယ်။• ခွဲစိတ်နည်းလဲ လုပ်ပေးတယ်။ Sweat gland suction, Retrodermal Currettage, Axillary Liposuction, Laser Sweat Ablation, Endoscopic Thoracic Sympathectomy, Lumbar Sympathectomy, Percutaneous Sympathectomy နည်းတွေ အမျိုးမျိုးရှိတယ်။
Foot odor ခြေအိပ်ဝတ်ရသူများ ခြေဆီထွက် ခြေနံ့ဆိုးတာလဲ ပြဿနာတခုဘဲ။ Polyester နဲ့ Nylon ခြေအိပ်တွေ အသုံးများတာက ဝါဂွမ်း-ခြေအိတ်လောက် ဒီနေရာမှာ မကောင်းဘူး။ Propionic acid (Propanoic acid) အများဆုံး သုံးကြတယ်။ စျေးအချိုဆုံးကတော့ Sodium bicarbonate ဆော်ဒါမှုံ့ ဖြစ်ပါတယ်။ အရင်က ရုရှားစစ်သားတွေ Allspice ဂျမေကာပက်ပါရွက်ကို စစ်ဖိနပ်ထဲ ထည့်သုံးကြဘူးတယ်။ Zinc and Castor Oil cream ကြက်ဆူဆီ လိမ်းလို့ လဲရတယ်။
ယောက်ျားတွေရဲ့ ချွေးထဲမှာ Pheromone ဆိုတဲ့ ဆန့်ကျင်ဘက်လိင်ကို ဆွဲဆောင်နိုင်တဲ့ ဟော်မုန်းသဘောဆောင်တဲ့ သတ္တိ ရှိတယ်လို့ ယုံကြည်ရတယ်။ အမြဲထွက်နေတာတော့ မဟုတ်ဘူး။
Sweat glands ချွေးထွက်တဲ့အိတ် ရှိတဲ့အကောင်တိုင်းကနေ ရေနဲ့ဓါတ်ဆားတွေကို အရေပြားကနေ ထုတ်ပေးနိုင်တယ်။ Transpiration, Diaphoresis လို့လဲ ဆေးစကားမှာ သုံးတယ်။ လူတွေမှာ ချွေးထွက်ပေးပြီး ကိုယ်ရဲ့အပူချိန်ကို ထိန်းညှိတာပါ။ ချွေးထွက်ရင် အေးသွားစေတယ်။
ချွေးထွက်တာက အိုက်မှသာ မဟုတ်ပါ။ ပျို့လာတဲ့အခါ၊ ဂဏာမငြိမ်ဖြစ်တဲ့အခါတွေမှာလဲ ထွက်တယ်။ ချွေးထွက်နည်းတဲ့ အကောင်ထဲ ခွေးလည်းပါတယ်။ မြင်းကတော့ လူလိုဘဲ ဂျိုင်းက ချွေးထွက်တယ်။ ချွေးထွက်စေအောင်လုပ်ပေးတာက အရေပြားပေါ်မှာရှိတဲ့ အပူချိန်ကိုသိတဲ့ အာရုံခံနဲ့ ဦးနှောက်ထဲက Hypothalamus နေရာတွေက ဖြစ်တယ်။ စိတ်လှုပ်ရှားမှုကြောင့် ထွက်တဲ့ချွေးက လက်ဖဝါး၊ ခြေဖဝါး၊ နဖူးတွေကသာ ထွက်တတ်ပြီး၊ ကိုယ်လက်လှုတ်ရှားလို့ ထွက်တာက တကိုယ်လုံးက နေထွက်တယ်။
ချွေးထဲဘာတွေပါတယ်ဆိုတာ တယောက်နဲ့တယောက်မတူဘူး။ ရေ၊ Lactate နဲ့ Urea ဆိုဒီယံ၊ ပိုတက်ဆီယံ၊ ကယ်လ်စီယံ၊ မက်ဂနီဆီယံ၊ စတာတွေပါတယ်။ တနေ့တနေ့ ချွေးကနေ ရေ ကုန်သွားတာဟာ (၁ဝဝ) ကနေ (၈ဝဝဝ) မီလီလီတာအထိရှိတယ်။ ဓါတ်ဆားကလည်း ၃၅ဝ (မီလီမိုးလ်)၊ ဆိုဒီယံ ၃ဝ-၆၅ (မီလီမိုးလ်) စတာတွေ ထွက်စေတယ်။
ချွေးထွက်လွန်တာကို Hyperhidrosis ခေါ်တယ်။ လွန်တယ်ဆိုတာကလည်း တကိုယ်လုံးနဲ့ လက်၊ ခြေ၊ ဂျိုင်း၊ ပေါင်ခြံ၊ နေရာတခုခုဆိုပြီး မတူဘူး။ မွေးရာပါနဲ့ နောက်မှဖြစ်တာ ၂ မျိုးရှိတယ်။ မွေးရာပါတွေက ငယ်ကတည်းကဖြစ်တယ်။ ကြီးမှဖြစ်သူတွေဆိုရင် လည်ပင်းအကြိတ်၊ ဦးနှောက်အကျိတ်၊ ဆီးချို၊ ကင်ဆာ၊ ဂေါက်ရောဂါ၊ သွေးဆုံးတာ၊ မာကြူရီအဆိပ်သင့်တာ နဲ့ ဆေးဝါးတွေကြောင့်ဖြစ်နိုင်တယ်။
ရောဂါမရှိဘဲ ချွေးထွက်များသူတွေမှာ စိတ်လှုတ်ရှားမှု၊ အစားအသောက်၊ အနံ့အသက်တွေကလည်းဖြစ်စေတယ်။ Aluminium chloride ဆေးကို ဂျိုင်းချွေးထွက်များသူတွေကိုပေးတယ်။ ၃-၅ ရက်ပေးပြီး သက်သာတာကို ကြည့်ဘို့ လိုတယ်။ ချွေးထွက်တဲ့အိတ်တွေကို Botulinum toxin A ထိုးဆေးပေးရင် ၄-၉ လခံတယ်။ စားဆေးထဲမှာ Oxybutynin (Ditropan) ဆိုတဲ့ ဆီးမထိန်းနိုင်သူတွေကိုပေးတဲ့ဆေး။ Glycopyrrolate (Robinul), Propantheline bromide (Probanthine), Benzatropine (Cogentin) ဆေးတွေလည်းပေးနိုင်တယ်။ စိတ်လှုတ်ရှားမှုကြောင့်ဆိုရင် Antidepressants နဲ့ Anxiolytics ဆေးတွေပေးရတယ်။ ခွဲစိတ်ကုသနည်းမှာ (ETS) နည်းနဲ့ အာရုံကြောတမျိုးကို ဖြတ်ပေးရတာ။
ချွေးနဲ့ ကိုယ်နံ့ဆိုင်တယ်။ လူတယောက်နဲ့ တယောက် ထူးခြားမှုရှိတတ်တယ်။ အနံ့ကို သူများထက် ပိုသိသူတွေရှိတယ်။ တချို့တိရစ္ဆာန်တွေက လူ့ထက် ပိုကောင်းသလိုမျိုး။ ကိုယ်နံ့ကို အစားအသောက်၊ ကျား-မ၊ မျိုးဗီဇ၊ ကျန်းမာရေး အခြေအနေ၊ သောက်နေတဲ့ဆေးဝါး တွေကနေဖြစ်စေတယ်။
Propanoic acid ဆိုတာ အရွယ်ရောက်သူ လူ့ချွေးထဲမှာပါတယ်။ (အက်စစ်တစ်-အက်စစ်)နဲ့ ဆင်တူလို့ ဟင်းချက်ရာမှာ သုံးတဲ့ (ဗနီဂါ) အနံ့မျိုးရတယ်။ လူ့ကိုယ်နံ့ရော နားဖါရောကိုပါ ပြဌာန်းတဲ့ မျိုးဗီဇဆိုတာရှိတယ်။ ကိုယ်နံ့ကို သူများ မနံအောင် Deodorants, Antiperspirants, Disinfectants ဆိုတာတွေအပြင် စပါယ်ရှယ် ဆပ်ပြာ၊ ရေမွှေး၊ (စပရေး) တွေကို လှိုင်လှိုင်သုံးကြတယ်။
သန့်ရှင်းရေးနဲ့ အစားအသောက်အနားကပ်လာရင် အာပုတ်စော်နံသူတွေ အများကြီး။ Bad breath ကို Halitosis လို့ ခေါ်တယ်။ ခံတွင်းထဲမှာ ဗက်တီးရီးယား စတာတွေရှိနေတာကြောင့်ဖြစ်တယ်။ သွားဆရာဝန်တွေဆီ လာတဲ့လူထဲက တတိယအများဆုံးလို့ ဆိုပါတယ်။ ခံတွင်းကနေ အနံ့ဆိုလာတာက ၉ဝ% လောက် ရှိတယ်။ ကြက်သွန်ဖြူ-နီ၊ အသား-ငါး၊ ဒိန်ခဲ၊ နောက်ပြီး အဝလွန်သူ။ အရက်-ဆေးလိပ် သောက်သူ၊ ပါးစပ်ထဲဆေးငုံသူ၊ ပါးစပ်ကို ပိပ်ရင် ပိတ်ထား၊ ဒါမှမဟုတ် မလှုပ်ရှားတာကြောင့် အောက်စီဂျင်နည်းတာနဲ့ အိပ်ရာထမှာပိုဆိုးတယ်။


ဒေါက်တာတင့်ဆွေ

(ဆရာကြီး၏ ခွင့်ပြုချက်ဖြင့် Mawlamyine Daily မှဖော်ပြပါသည်။)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s