NLD ပါတီဖျက်သိမ်းဖို့ ၉၉ရာခိုင်နှုန်း သေချာပြီဆိုတဲ့ သတင်းအမှား

nld shutdown

မော်လမြိုင်၊ ၂၂ သြဂုတ် ၂၀၂၀

အချက်အလက်စစ်ဆေးသူတွေ ဒီတစ်ခါပြောပြပေးချင်တဲ့သတင်းအမှားတစ်ခုက “NLD ပါတီ ဖျက်သိမ်းဖို့ ၉၉ရာခိုင်နှုန်းသေချာသွားပြီ” ဆိုတဲ့ သတင်းအမှားအကြောင်းအရာပဲ ဖြစ်ပါတယ်။

ဒီအကြောင်းအရာကို “မင်းကင်းမြို့နယ် ဟစ်တိုင်” ဆိုတဲ့ ဖေ့ဘွတ်ခ် Public Group မှာ “Soe Paing” အကောင့် က သက်သေပြနိုင်တဲ့ အချက်အလက်အထောက်အထားမပါဘဲ  ဩဂုတ် ၁၈ရက်မှာ ရေးသားထားတာပဲ ဖြစ်ပါတယ်။ ဒီလို ရေးသားထားတဲ့ ပို့စ်ကို ဩဂုတ် ၂၁ရက် မွန်းလွဲချိန်အထိ Like and React ပြုလုပ်သူ ၇၀၀ကျော်ရှိပြီး ပြန်လည်မျှဝေသူ ၁၃၀၀ ကျော်အထိ ရှိပါတယ်။  ဒီသတင်းအမှားဟာ ရွေးကောက်ပွဲကိုဦးတည်ပြီးဖြန့်ဝေထားတာဖြစ်တဲ့အတွက် အချက်အလက်စစ်ဆေးပြီးသတင်းအမှားဖြစ်ကြောင်းအားလုံးကိုအသိပေးရတာဖြစ်ပါတယ်။

ဘာလို့ သတင်းအမှားလဲလို့ ပြောရတာလဲဆိုရင်

    NLD ပါတီ ဖျက်သိမ်းတော့မယ်ဆိုတဲ့အကြောင်းကို ပါတီရဲ့ ခေါင်းဆောင်တွေနဲ့ ပြောရေးဆိုခွင့်ရှိသူတွေ က သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း ဆောင်ရွက်နေတဲ့ သတင်း မီဒီယာတွေမှာ တရားဝင် ပြောကြားထားတာ မရှိပါဘူး။

    ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အနေနဲ့ ပါတီတစ်ခုကိုဖျက်သိမ်းမယ်ဆိုရင် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုထားခြင်းကို ပယ်ဖျက်ခြင်းဆို ပြီး ထုတ်ပြန်လေ့ရှိပါတယ်။ ဒါပေမယ့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှာ သတင်းအမှားက ဖော်ပြထားသလိုမျိုး NLD ပါတီဖျက်သိမ်းရမယ်ဆိုတာမျိုးမကြေညာထားပါဘူး။ UEC ရဲ့ ဝဘ်ဆိုက်ဒ်ကို သွားဖတ်နိုင်ပါတယ်။

NLD ပါတီ ရဲ့ တရားဝင် ဖေ့ဘွတ်ခ်ပေ့ခ်ျနှင့် ဝက်ဆိုက်ဘ်တွေမှာလည်း ဒီကိစ္စကို သတင်းထုတ်ပြန်ထားတာမျိုး မရှိပါဘူး။

    လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ ဝင်ပြိုင်ဖို့ လွှတ်တော်ကိုယ်စားလှယ်လောင်းစာရင်းကို NLD ပါတီက ထုတ်ပြန်ထားပြီးဖြစ်လို့ ပါတီဖျက်သိမ်းမယ်ဆိုတဲ့ သတင်းက ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။

အထက်မှာဖော်ပြထားတဲ့အတိုင်း အချက်အလက်စိစစ်ကြည့်တဲ့အခါ “NLD ပါတီ ဖျက်သိမ်းဖို့ ၉၉ရာခိုင်နှုန်း သေချာသွားပြီ” ဆိုတဲ့ အကြောင်းအရာဟာ သတင်းအမှား ဖြစ်ကြောင်း သက်သေပြနိုင်ပါတယ်။

၂၀၂၀ အထွေထွေ ရွေးကောက်ပွဲနီးချိန် လူမှုကွန်ရက်တွေပေါ်မှာ ရွေးကောက်ပွဲကိုရည်ရွယ်ပြီးဖြန့်တဲ့  သတင်းအမှားတွေ၊ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်တဲ့နိုင်ငံရေးပါတီတွေကို ဝေဖန်တိုက်ခိုက်တာ တွေ၊ ပုဂ္ဂိုလ်ရေးဆိုင်ရာ အပုတ်ချတာတွေ အများအပြား တွေ့ရပါတယ်။

ဒါကြောင့် စာဖတ်ပရိသတ်တွေအ နေနဲ့ လူမှုကွန်ရက်မှာ တွေ့ရတဲ့ သတင်းတိုင်းကိုမယုံပဲ သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်းဆောင်ရွက်နေတဲ့ သတင်းမီဒီယာတွေမှာရော ဖော်ပြထားသလားဆိုတာနဲ့ တိုက်ဆိုင်စစ်ဆေးဖို့လိုပါတယ်။လူမှုကွန်ရက်ပေါ်မှာ သတင်းအမှားတွေက နည်းမျိုးစုံနဲ့ပျံ့နှံ့နေတဲ့အတွက် သတင်းတွေကိုဖတ်ရှုရာမှာ သတင်းမှာပါဝင်တဲ့ စာသားတွေအပြင် ဓာတ်ပုံတွေ ၊ဗီဒီယိုတွေကိုပါ စစ်ဆေးပြီး အမှား/အမှန် စိစစ်သင့်ပါတယ်။

အခုလိုမျိုးကပ်ရောဂါအခြေအနေမှာ လူမှုမီဒီယာပေါ်မှာ သတင်းအမှားတွေက နည်းမျိုးစုံနဲ့ပျံ့နှံ့နေတဲ့အတွက် တာဝန်ယူမှု တာဝန်ခံမှုမရှိတဲ့ သတင်းမီဒီယာအယောင်ဆောင် ဝဘ်ဆိုက်ဒ်/ စာမျက်နှာတွေက တင်တဲ့ သတင်းတွေကိုမယုံကြည်ဖို့လိုအပ်ပြီး အစိုးရရဲ့တရားဝင်သတင်းထုတ်ပြန်ချက်တွေနဲ့သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်းဆောင်ရွက်ပြီး တာဝန်ယူမှုတာဝန်ခံမှုရှိတဲ့သတင်းဌာနတွေရဲ့ သတင်းတွေကိုပဲ ဖတ်ရှုပြီးမှ ယုံကြည်သင့်ပါတယ်။

သတင်းတွေကို အမှား/အမှန်ခွဲခြားရခက်နေတယ်ဆိုရင် ဟုတ်တယ် Vs မဟုတ်ဘူး Facebook page ရဲ့ Messenger bot ကို ကိုယ်စစ်ဆေးလိုတဲ့သတင်းရဲ့ လင့်ခ် ဒါမှမဟုတ် Screenshot ကို ပေးပို့မေးမြန်းစိစစ်ခိုင်းလို့ရနေပါပြီ။

မြန်မာနိုင်ငံအတွင်း သတင်းအတု၊ သတင်းအမှားတွေကို စီစစ်ဖော်ထုတ်နေသည့် ( ဟုတ်တယ် Vs မဟုတ်ဘူး ) ဆိုသည့် နည်းပညာအဖွဲ့၏ ခွင့်ပြုချက်ဖြင့် ကူးယူဖော်ပြသည်။

(ဟုတ်တယ် Vs မဟုတ်ဘူး) Facebook စာမျက်နှာမှ မူရင်းလင့်
https://www.realornotmm.info/2020/08/21/fact-check-nld-party-99-sure-for-repeals-fabricated-false-news/

#Mawlamyine Daily

#Fact Check

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s