ကိုယ့်အထ္ထုပ္ပတ္တိ ကိုယ်တိုင်ရေး (ကဗျာ)

မော်လမြိုင်၊ ၁ သြဂုတ် ၂၀၂၀
 
ကံတရားနဲ့
စီစဉ်ထားတဲ့
အမှန်တရားအတိုင်း
ဆိုရင်
လူဟာ
နေ့မြင် ညပျောက် ဟုတ်ပေမဲ့
မမြဲတာကတော့ သေချာတယ် ။
ဒီလိုဆိုရင်
မမြဲတဲ့ လူဟာ
မြဲအောင် ဘာလုပ်မလဲ . . ?
 
သမိုင်းဝင်
ကမ္ဘာတည်ဖို့
နာမည်ကျန်အောင်
လုပ်ရမယ် ။
ရိုးသားစွာ
ကြိုးစားရင်း
အမှားမကိုးတဲ့
အများအကျိုးကို
လုပ်ရမယ် ။
 
တိုင်းပြည်နဲ့ လူမျိုးအတွက်လို့
အသံကောင်း မထွက်စေပဲ
စေတနာထားရမယ်
ဘယ်သူတွေ ဘာပြောပြော
ဘ၀ရဲ့ သဘောကို လက်ခံ
အမှား အမှန်ကို သုံးသပ်
ချစ်တတ်အောင်နေထိုင်
နိဗ္ဗာန်တိုင်အောင် မမှန်းနဲ့
ငရဲနဲ့ လွတ်ကင်းအောင်လုပ်
ထမင်းတစ်ဆုပ်ကို ဝေစား
ဒါဆိုရင် . .
နာမည်မပျက်ဘူး
နာမည်ကျန်ခဲ့လိမ့်မယ် ။ . . ။
 
မြင့်မြတ်အောင်မြင်
Mawlamyine Daily

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s