ကြိုးစားကြပါ တို့မြန်မာ (ကဗျာ)

မော်လမြိုင်၊ ၃၁ ဇူလိုင် ၂၀၂၀   အတိတ်ကမ္ပည်းတွေနဲ့ ရိပ်ကြီးကို ခိုမလို့လား စိပ်ပုတီးကို အားနာ ဂါထာတော်တွေကို ရိုကျိုး ပဌာန်းအမျိုးမျိုးတွေ အားတိုင်းမရွတ်နဲ့ တရားနတ်စောင့်တယ်ဆိုတာ တရားရှိတဲ့ လူမှ နတ်ကစောင့်တာ ။   ဖြူစင်ရိုးသား နှလုံးသားဆိုတာ မမြင်ရပေမယ့် အလွန်လှပါတယ် ပြီးတော့ ကျောက်မျက်ရတနာတွေထက်လည်း တန်ဖိုးတက်တယ် ။   သမိုင်းစာမျက်နှာတွေထက်မှာ ရိုင်းတာ ဘာမျှမပါဘဲ ကမ္ဘာကတောင် ခိုင်းနှိုင်းပမာပြုပြီး သာဓုခေါ် သြဘာပေးဖို့ ဂုဏ်ပြုတေးတွေတောင် ရေးနေပြီ ငြိမ်မနေနဲ့ တို့မြန်မာတွေ ။   မြင့်မြတ်အောင်မြင် Mawlamyine Daily

ဇူလိုင္လ ၃၁ရက်နေ့ မိုးလေဝသခန့်မှန်းချက်

မော်လမြိုင်၊ ၃၁ ဇူလိုင္ ၂၀၂၀   ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားအနည်းငယ်မှ အားသင့်အတင့်ရှိနေပါသည်။   ယနေ့ညနေအထိခန့်မှန်းချက်။ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ကယားပြည်နယ်တို့တွင် နေရာကျဲကျဲ၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနှင့် ရှမ်းပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနှင့် ကချင်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။ ရွာရန်ရာနှုန်း(၈၀) ဖြစ်ပါသည်။   မြန်မာ့ပင်လယ်ပြင်။ လှိုင်းအသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၅)ပေမှ (၈)ပေခန့် ရှိနိုင်ပါသည်။   နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် မုတ်သုံလေ အားကောင်းမည်။   နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။   ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ … Continue reading ဇူလိုင္လ ၃၁ရက်နေ့ မိုးလေဝသခန့်မှန်းချက်

Medicines during pregnancy ကိုယ်ဝန်ဆောင်နဲ့ဆေးများ

မော်လမြိုင်၊ ၃၁ ဇူလိုင် ၂၀၂၀   အသက်က ၂၆ပါဆရာ ကိုယ်ဝန်လေးလရှိပါပြီ နှာစေးနှာပိတ်နေလို့ ဘာဆေးသောက်ရမလဲ ညွန်ကြားပေးပါအုံးရှင့်   ရိုးရိုး အအေးမိသက်သာဆေးတခုခုသောက်နိုင်။   ကိုယ်ဝန်ဆောင်စဉ် သုံးနိုင်တဲ့ဆေူတွေ   ၁။ Prenatal vitamins ကိုယ်ဝန်ဆောင်အားဆေး (ဗီတာမင်) များ၊   ၂။ Cold and Flu အလာဂျီသက်သာဆေး၊ အအေးမိနဲ့တုပ်ကွေးဆေးတွေ။ ဥပမာ Benadryl (diphenhydramine) နဲ့ Claritin ဆေး။ • Tylenol/Paracetamol (Acetaminophen) ပါရာစီတမော၊ • Saline nasal drops or spray ဆားရည်၊ • Chlorpheniramine စိတ်ချရတယ်။ Claritin မသေချာပါ။ • နှာခေါင်းထဲပန်းရတဲ့ဆေး … Continue reading Medicines during pregnancy ကိုယ်ဝန်ဆောင်နဲ့ဆေးများ