NLDဗဟိုက အမတ်လောင်းစာရင်း ထုတ်ပြန်ပြီးနောက် ပါတီဝင်အများစု နှုတ်ထွက်ကုန်ပြီဆိုတဲ့သတင်းအမှား

NLD

မော်လမြိုင်၊ ၃၁ ဇူလိုင် ၂၀၂၀

NLD ပါတီက အမတ်လောင်းအမည်စာရင်း ထုတ်ပြန်ပြီးနောက် NLDပါတီထဲတွင် အုပ်စုဖွဲ့၍  သူ့လူ ကိုယ်လူ ရွေးချယ်သည်ဟုဆိုကာ တစ်နိုင်ငံလုံးရှိ NLDပါတီဝင်များထဲမှ ပါတီဝင်အများစု နှုတ်ထွက်စာတင်၍ ထွက်ကုန်ကျပြီဆိုတဲ့ သတင်းအမှားတစ်ပုဒ်ဟာ လူမှုကွန်ရက်ဖေ့ဘွတ်ခ်မှာ ပျံ့နှံ့နေတာကို အချက်အလက်စစ်ဆေးသူတွေ သတိပြုမိခဲ့ပါတယ်။

ဒီသတင်းအကြောင်းအရာကို သတင်းမီဒီယာအယောင်ဆောင်ထားတဲ့ Radio Freedom Myanmar(RFM)က Template ပုံစံနဲ့ ရေးသားထားတာပဲ ဖြစ်ပါတယ်။ အဲ့ဒီ RFM logo နဲ့ရေးသားလေ့ရှိတာက သတင်းအမှားအကြောင်းအရာတွေပဲဖြစ်ပါတယ်။ ဒီလို  Template ပုံစံနဲ့ ရေးထားတာကို “Khun Sai Lieng” ဆိုတဲ့အကောင့်က ဇူလိုင် ၂၄ရက်နေ့မှာ တင်ထားတာ ဖြစ်ပါတယ်။ ဒီအကောင့်ဟာ RFMက Template သတင်းတု၊ သတင်းအမှား၊ အယောင်ဆောင်သတင်းတွေကို ပြန်လည် မျှဝေလေ့ရှိတဲ့ အကောင့်ဆိုတာ လေ့လာတွေ့ရှိရပါတယ်။

ဘာလို့ သတင်းအမှားလဲလို့ ပြောရတာလဲဆိုရင် ပါတီဝင် အများစု နှုတ်ထွက်ကြပြီဆိုတာနဲ့ ပတ်သက်ပြီး NLD ပါတီရဲ့ ဖေ့ဘွတ်ခ်မှာ တရားဝင် အသိပေးအကြောင်းကြားတာ မရှိပါဘူး။ ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး သတင်းမီဒီဘာလုပ်ငန်းစဉ်အတိုင်း ဆောင်ရွက်နေတဲ့ သတင်းမီဒီယာ တွေမှာလည်း ရေးသားဖော်ပြထားတာ မရှိပါဘူး။

ပါတီဝင်အများစု နှုတ်ထွက်တယ်ဆိုတဲ့ သတင်းကို အတည်ပြုပေးဖို့ NLD ပါတီရဲ့ ဗဟိုပြန်ကြားရေး ကော်မတီ  အတွင်းရေးမှူး မုံရွာအောင်ရှင်ကို အတည်ပြု မေးမြန်းခဲ့ရာမှာတော့ သတင်းအမှားဖြစ်ကြောင်း အတည်ပြုပေးပါတယ်။

“ပါတီအဖွဲ့ဝင် အမာခံတွေ နှုတ်ထွက်တယ်ဆိုတာ ကျွန်တော် တစ်ယောက်မှ မတွေ့သေးဘူး။ သို့သော် လည်း တချို့ကတော့ နှုတ်ထွက်မယ်ဆိုပြီး အသံလွှင့်ထားတာလေးတော့ တွေ့ပါတယ်။ လွှင့်လာတဲ့ ပုဂ္ဂိုလ်တွေကလည်း တကယ်အမာခံဆိုတာထက် မြို့နယ်မှာ သို့မဟုတ် ခရိုင်မှာ သို့မဟုတ် တိုင်းမှာ တကယ်တာဝန်ယူထားတဲ့ ပုဂ္ဂိုလ်တွေ မဟုတ်ပါဘူး” လို့ မုံရွာအောင်ရှင်က ပြောပါတယ်။

ဒီလို အချက်အလက်တွေကို စစ်ဆေးပြီးနောက် NLD ဗဟိုက အမတ်လောင်စာရင်း ထုတ်ပြန်ပြီးနောက် ပါတီဝင် အများစု နှုတ်ထွက်ကုန်ပြီဆိုတာဟာ သတင်းအမှား ဖြစ်ကြောင်း စိစစ်အတည်ပြုနိုင်ပါတယ်။

ဒီအကြောင်းအရာကို Template ပုံစံနဲ့ ရေးသားတဲ့ RFMဟာ သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း ရေးသားနေတဲ့ သတင်းမီဒီယာတစ်ခုမဟုတ်ပါဘူး။ RFM ကို လေ့လာစိစစ်ကြည့်လိုက်တဲ့အခါမှာ RFA သတင်းဌာနရဲ့ လိုဂိုကို တုပပြီး  နိုင်ငံရေးနဲ့သက်ဆိုင်တဲ့ သတင်းအမှားတွေ၊ သတင်းအတုအယောင်တွေ၊ ဘာသာရေးကို တိုက်ခိုက်ရေးသားတာမျိုးတွေနဲ့ သတင်းအမှားရေးသားဖြန့်ဝေနေတာကို တွေ့ရှိရပါတယ်။

RFM ဟာ  Page ဖွင့်လှစ်ပြီး သတင်းအမှားဖြန့်ဝေတာမျိုးမဟုတ်ပဲ လိုဂိုအတုဖန်တီးပြီး မန်ဘာအရေ အတွက်များတဲ့ ဂရုတွေ၊ ပေ့ခ်ျတွေကနေ  သတင်းအမှားဖြန့်ချိတဲ့ ပုံစံကိုအသုံးပြုနေ တာဖြစ်ပါတယ်။ လူမှုမီဒီယာပေါ်မှာ သတင်းအမှားတွေက နည်းမျိုးစုံနဲ့ပျံ့နှံ့နေတဲ့အတွက် သတင်းတွေကိုဖတ်ရှုရာမှာ သတင်းမှာပါဝင်တဲ့ စာသားတွေအပြင် ဓာတ်ပုံတွေ ၊ဗီဒီယိုတွေကိုပါ စစ်ဆေးပြီး အမှား/အမှန် စိစစ်သင့်သလို သတင်းမီဒီယာတွေရဲ့ ဖော်ပြချက်တွေနဲ့လည်း တိုက် ဆိုင်စစ်ဆေးသင့်ပါတယ်။ ဒါ့အပြင် ဒီလို သတင်းမီဒီယာ အယောင်ဆောင်လိုဂိုနဲ့ သတင်းအမှားဖြန့်ချိနေတဲ့ နည်းလမ်းတွေလည်းရှိတာမို့ သတင်းတွေဖတ်မယ်ဆိုရင် စိစစ်ပြီးမှ ဖတ်ရှုသင့်ပါတယ်။

အခုလိုမျိုးကပ်ရောဂါအခြေအနေမှာ လူမှုမီဒီယာပေါ်မှာ သတင်းအမှားတွေက နည်းမျိုးစုံနဲ့ပျံ့နှံ့နေတဲ့အတွက် တာဝန်ယူမှု တာဝန်ခံမှုမရှိတဲ့ သတင်းမီဒီယာအယောင်ဆောင် ဝဘ်ဆိုက်ဒ်/ စာမျက်နှာတွေက တင်တဲ့ သတင်းတွေကိုမယုံကြည်ဖို့လိုအပ်ပြီး အစိုးရရဲ့တရားဝင်သတင်းထုတ်ပြန်ချက်တွေနဲ့သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်းဆောင်ရွက်ပြီး တာဝန်ယူမှုတာဝန်ခံမှုရှိတဲ့သတင်းဌာနတွေရဲ့ သတင်းတွေကိုပဲ ဖတ်ရှုပြီးမှ ယုံကြည်သင့်ပါတယ်။

သတင်းတွေကို အမှား/အမှန်ခွဲခြားရခက်နေတယ်ဆိုရင် ဟုတ်တယ် Vs မဟုတ်ဘူး Facebook page ရဲ့ Messenger bot ကို ကိုယ်စစ်ဆေးလိုတဲ့သတင်းရဲ့ လင့်ခ် ဒါမှမဟုတ် Screenshot ကို ပေးပို့မေးမြန်းစိစစ်ခိုင်းလို့ရနေပါပြီ။

မြန်မာနိုင်ငံအတွင်း သတင်းအတု၊ သတင်းအမှားတွေကို စီစစ်ဖော်ထုတ်နေသည့် ( ဟုတ်တယ် Vs မဟုတ်ဘူး ) ဆိုသည့် နည်းပညာအဖွဲ့၏ ခွင့်ပြုချက်ဖြင့် ကူးယူဖော်ပြသည်။

(ဟုတ်တယ် Vs မဟုတ်ဘူး) Facebook စာမျက်နှာမှ မူရင်းလင့်
https://www.realornotmm.info/2020/07/30/fact-check-nld-party-member-quit-false-news/

#Mawlamyine Daily

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s