ရင်ဖွင့်ဖို့ လိုအပ်နေသူတွေအတွက် မီးပြတိုက်

Mee Pya Tike

မော်လမြိုင်၊ ၂၄ ဇူလိုင် ၂၀၂၀

လူသားတွေရဲ့ နေ့စဉ်ဘဝမှာ စိတ်ခံစားမှုတွေရှိနေတာဟာ သဘာဝပါ။ တွေကြုံနေရတဲ့ အခက်အခဲတွေက သိပ်ပြီးကွဲပြားမှုမရှိပေမယ့် လူတစ်ယောက်ချင်းစီရဲ့ လက်ခံနိုင်တဲ့ ခံနိုင်ရည်စွမ်းအား အတိမ် အနက်ပေါ် မူတည်ပြီး စိတ်ခံစားမှုတွေ ကွဲပြားနိုင်ပါတယ်။

စာဖတ်သူမှာ စိတ်ဖိစီးမှုတွေရှိနေပြီး ရင်ဖွင့်စရာလူလိုအပ်နေတယ်ဆိုရင် မီးပြတိုက်ဆိုတဲ့  Mobile Application နဲ့ မိတ်ဆက်ပေးပါရစေ။ ဒီ App ကို ဖုန်းထဲမှာ Install လုပ်ထားပြီးပြီဆိုရင် App ကတဆင့် လေကျင့်ပေးထားတဲ့ နားထောင်သူတွေဟာ သင့်ကို ဝေဖေန်ခြင်း မရှိဘဲ သင်ရင်ဖွင့်သမျှကို အခမဲ့ နားထောင်ပေးဖို့ အဆင်သင့်ရှိနေကြပါတယ်။

စေတနာ့ဝန်ထမ်းနားထောင်သူတွေက ရင်ဖွင့်တာတွေကို ဝေဖန်ခြင်း မရှိဘဲနားထောင်မှာဖြစ်ပေမယ့် တစုံတရာ ပြုလုပ်ဖို့ကိုတော့ အကြံပေးမှာ မဟုတ်ပါဘူး။ စေတနာ့ဝန်ထမ်း နားထောင်သူများ နှင့် အသုံးပြုသူ နှစ်ဦးစလုံးရဲ့ လုံခြုံမှုအတွက်ကိုယ်ရေးကိုယ်တာ အချက်အလက်များဖလှယ်ခြင်းကိုလည်း တားမြစ်ထားပါတယ်။ စေတနာ့ဝန်ထမ်းနားထောင်သူတွေရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက် များနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာများကိုလည်း မေးမြန်းခြင်းမပြုရပါဘူး။

ဒီ App လေးမှာ အသက်အရွယ်မရွေးရင်ဖွင့်လို့ရပြီး သင်က အသက် ၁၅ နှစ် မှ ၁၉ နှစ် အတွင်းဖြစ်တယ် ဆိုရင်တော့ “ဆယ်ကျော်သက်” ဆိုတဲ့ နားထောင်သူကို ရွေးချယ်ပေးရပါမယ်။ မီးပြတိုက်ရဲ့ ရင်ဖွင့်ချိန်ကတော့ ညနေ ၆နာရီကနေ ည ၁၀နာရီကြားမှာဖြစ်တာကြောင့် အဲဒီအချိန်အတွင်းမှာ ဆက်ပေးဖို့လိုပါတယ်။

Android ဖုန်းကိုင်သူတွေအတွက်-
https://play.google.com/store/apps/details?id=com.teamflow.meepyatike&hl=en&fbclid=IwAR1IDAgoy0Q2sc_bZNANDe45hp1JSSCZzB874MnULLF2O_4fWl-l6AFlxbE

iOS ဖုန်းကိုင်သူတွေအတွက်
https://apps.apple.com/us/app/mee-pya-tike/id1446388753

မှာ ဒေါင်းလုပ်ရယူနိုင်ပါတယ်။

Mawlamyine Daily

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s