တောင်တွင်းကြီး မှာ ကိုရင်လေးတစ်ပါးကို ဗလီဂေါပက သတ်တယ်ဆိုပြီး ပဋိပက္ခဖြစ်အောင် လုပ်ကြံဖန်တီးထားတဲ့ သတင်းအမှား

Monk in TTG

မော်လမြိုင်၊ ၃၀ ဇွန် ၂၀၂၀

မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ်မှာ ကိုရင်လေးတစ်ပါးကို ဗလီဂေါပက သတ်တယ်ဆိုပြီး ဘာသာရေးလူမျိုးရေး ပဋိပက္ခဖြစ်အောင်လို့ လုပ်ကြံဖန်တီးထားတဲ့ သတင်းအမှားတစ်ပုဒ် ဖေ့ဘွတ်ခ်ပေါ်မှာ ပျံ့နှံ့နေတာကို သတိပြုမိပါတယ်။

ဒီသတင်းအမှားကို အမျိုးဘာာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ ဆိုတဲ့ ဖေ့ဘွတ်ခ် ဂရုတစ်ခုမှာ Ko Nge ဆိုတဲ့ မည်သူမည်ဝါ ဖြစ်ကြောင်းမဖော်ပြတဲ့ အကောင့်တစ်ခုက စတင်ထားတာဖြစ်ပါတယ်။ ဒီဂရုဟာ တစ်ဖက်သက်သတင်းအမှားတွေနဲ့ ပုဂ္ဂိုလ်ရေး တိုက်ခိုက်တဲ့ ဓာတ်ပုံတွေ ၊စာတွေကို တင်ထားတဲ့ ဂရု တစ်ခု ဖြစ်တယ်ဆိုတာကိုလေ့လာတွေ့ရှိရပါတယ်။ ဒီသတင်းအမှားကို မည်သူမည်ဝါ မသိရတဲ့ သင်္ကန်းဝတ် တစ်ပါး လဲလျောင်းကျနေတဲ့ ဓာတ်ပုံနဲ့ ရဲတပ်ဖွဲ့ဝင် လေးယောက် ရပ်နေတဲ့ ဓာတ်ပုံနှစ်ပုံကို ယှဉ်တွဲ တင်ထားတာဖြစ်ပါတယ်။

ဘာလို့ သတင်းအမှားလို့ပြောရတာလဲဆိုရင်

မကွေးတိုင်းဒေသကြီး၊တောင်တွင်းကြီး မြို့နယ်မှာ ဖြစ်ပွားခဲ့တယ်လို့ ရေးထားတဲ့အတွက် မကွေးတိုင်း ဒေသကြီးရဲတပ်ဖွဲ့မှူးရုံးကို ဖုန်းနဲ့ဆက်သွယ်မေးမြန်းကြည့်တဲ့အခါမှာ “အဲဒီလို တင်ထားတာ သတင်းအမှားဖြစ်ပါတယ်။လူသတ်မှုလို ဖြစ်စဉ်မျိုးဖြစ်ပွားလာပြီဆိုရင် ကျွန်တော်တို့ တိုင်းရုံးကို  ချက်ချင်း ကြေးနန်းရောက်ပါတယ်။ဒီလိုကိစ္စမျိုး တကယ်ဖြစ်တယ်ဆိုရင် ကျွန်တော်တို့ မသိပဲမနေပါ ဘူး”လို့  တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးက တာဝန်ရှိသူ တစ်ဦးက ပြန်လည် ဖြေကြားခဲ့ပါတယ်။

ဒါ့အပြင် သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်းဆောင်ရွက်နေတဲ့ သတင်းဌာနတွေမှာလည်း ဖော်ပြထားတာ မျိုးမရှိပါဘူး။

သတင်းအမှားတင်တဲ့ အမျိုးဘာာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ ဂရုကို လေ့လာကြည့်တဲ့အခါမှာ အနမ်းဝိညာဉ်ဆိုတဲ့ မည်သူ မည်ဝါမဖော်ပြတဲ့ အကောင့်တစ်ခုက တောင်တွင်းကြီးမြို့က ဗလီဂေါပကတွေဟာ တရားမဝင် ဗလီကို တိုးချဲ့နေတဲ့ အတွက် လူများများသိအောင် Share ပြုလုပ်ပေးကြဖို့ လှုံ့ဆော်ထားတဲ့ ပို့စ်တစ်ခုကိုလည်း ဇွန်လ ၂၉ရက်နေ့ က တင်ထားတာကိုတွေ့ရပါ တယ်။ ဒါကြောင့် ကိုရင်လေးကို ဗလီဂေါပက က သတ်တယ်ဆိုတဲ့ သတင်းအမှားဟာ လူမျိုးရေး၊ ဘာသာရေး၊ ပဋိပက္ခဖြစ်အောင် ရည်ရွယ်ချက်နဲ့ ထပ်မံဖန်တီးတဲ့ သတင်းအမှားဖြစ်တယ်လို့ သုံးသပ်လို့ ရပါတယ်။

စာဖတ်ပရိသတ်တွေကို အသိပေးလိုတာက ဒီလို ဖေ့ဘွတ်ခ် ဂရုတွေက ပျံ့နှံ့လာတဲ့ သတင်းတွေ တွေ့ပြီဆိုရင် ဂရုတွေနဲ့ နာမည်နဲ့ ရည်ရွယ်ချက်တွေကို လေ့လာကြည့်သင့်ပါတယ်။သတင်းကိုလည်း သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း ဖော်ပြထားတဲ့ သတင်းတွေမှာရော ဖော်ပြထားသလားဆိုတာနဲ့ တိုက်ဆိုင်စစ်ဆေးသင့်ပါတယ်။ အထူးသဖြင့် ဒီလို ရွေးကောက်ပွဲ နီးချိန်ကာလမှာ တိုင်းပြည် မငြိမ်မသက်ဖြစ်အောင်၊ ပဋိပက္ခတွေ ဖြစ်အောင် ရည်ရွယ် ချက်ရှိရှိ သတင်းအမှားနဲ့ အမုန်းစကားဖန်တီးမျှဝေနေတဲ့ အကောင့် အွန်လိုင်းပေါ်မှာ ရှိနေတာမို့လို့ သတင်းမှာပါဝင်တဲ့ အချက်အလက်တွေကို စစ်ဆေးပြီးမှ မျှဝေသင့်ပါတယ်။

အခုလိုမျိုးကပ်ရောဂါအခြေအနေမှာ လူမှုမီဒီယာပေါ်မှာ သတင်းအမှားတွေက နည်းမျိုးစုံနဲ့ပျံ့နှံ့နေတဲ့အတွက် တာဝန်ယူမှု တာဝန်ခံမှုမရှိတဲ့ သတင်းမီဒီယာအယောင်ဆောင် ဝဘ်ဆိုက်ဒ်/ စာမျက်နှာတွေက တင်တဲ့ သတင်းတွေကိုမယုံကြည်ဖို့လိုအပ်ပြီး အစိုးရရဲ့တရားဝင်သတင်းထုတ်ပြန်ချက်တွေနဲ့သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်းဆောင်ရွက်ပြီး တာဝန်ယူမှုတာဝန်ခံမှုရှိတဲ့သတင်းဌာနတွေရဲ့ သတင်းတွေကိုပဲ ဖတ်ရှုပြီးမှ ယုံကြည်သင့်ပါတယ်။

သတင်းတွေကို အမှား/အမှန်ခွဲခြားရခက်နေတယ်ဆိုရင် ဟုတ်တယ် Vs မဟုတ်ဘူး Facebook page ရဲ့ Messenger bot ကို ကိုယ်စစ်ဆေးလိုတဲ့သတင်းရဲ့ လင့်ခ် ဒါမှမဟုတ် Screenshot ကို ပေးပို့မေးမြန်းစိစစ်ခိုင်းလို့ရနေပါပြီ။

မြန်မာနိုင်ငံအတွင်း သတင်းအတု၊ သတင်းအမှားတွေကို စီစစ်ဖော်ထုတ်နေသည့် ( ဟုတ်တယ် Vs မဟုတ်ဘူး ) ဆိုသည့် နည်းပညာအဖွဲ့၏ ခွင့်ပြုချက်ဖြင့် ကူးယူဖော်ပြသည်။

(ဟုတ်တယ် Vs မဟုတ်ဘူး) Facebook စာမျက်နှာမှ မူရင်းလင့်
https://www.realornotmm.info/2020/06/30/fact-check-taung-twin-gyi-disinformation-the-monk-was-killed-by-mosque-admin/

#Mawlamyine Daily

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s