လူငယ်များအတွက် အွန်လိုင်း (အခမဲ့) ပညာသင်ဆု ခေါ်ယူ

YES

မော်လမြိုင်၊ ၂၃ ဇွန် ၂၀၂၀

လူငယ်တွေအတွက် အခွင့်အလမ်းတစ်ခုအနေနဲ့ အထောက်အပံ့ဖြစ်စေဖို့ ရည်ရွယ်ပြီး LEAD Alliance Myanmar Team 2020 မှ ဖွံ့ဖြိုးရေးအစီအစဉ်အဖြစ် ရေးဆွဲထားတဲ့ အခမဲ့ အွန်လိုင်း သင်တန်းအတွက် လျှောက်လွှာတွေ ခေါ်ယူနေပါတယ်။ ဒီသင်တန်းဟာ မြန်မာနိုင်ငံအရပ်ရပ်မှ လူငယ်တွေအတွက် ရည်ရွယ်ထားတဲ့ ၂ လ ကြာ အွန်လိုင်းကနေ ပညာသင်ကြားခွင့်ရမယ့် Scholarship (အခမဲ့ )ပညာသင်ဆုအခွင့်အလမ်းပါ။ ဒီသင်တန်းမှာ

  • Basic Management (Time Management, Budgeting, Finance, Business Plan)
    • Communication Skills (incl. Business English)
    • Productivity and Personal Development (EQ,Critical Thinking, Team Building, Growth Mindset, Life Skills)
    • Media & Digital Literacy (Fake News, Hate speech, rumors, Misinformation, Privacy Laws, Basic digital security)
    စတဲ့ဘာသာရပ်တွေကို သင်ကြားပေးသွားမှာဖြစ်ပါတယ်။

ပညာသင်ဆု လျှောက်ဖို့ အခွင့်အလမ်းရှိသူတွေကတော့ …..
• အနာဂတ် တိုးတက်ရေးအတွက် စိတ်အားထက်သန်သည့် လူငယ်တွေ
• အသက် ၁၈ နှစ် မှ ၂၅ နှစ်ကြားရှိ လူငယ်တွေ
• တက္ကသိုယ်နောက်ဆုံးနှစ်သင်ကြားနေသူနှင့် ဘွဲ့ရပြီးလူငယ်များ ပါ။

လျှောက်ထားလိုပါက-

https://docs.google.com/forms/d/1T58wKJSfB3wgicc3hPkOe7mixCsXii87RO7MctpZtkA/edit

မှတဆင့် ပေးပို့လျှောက်ထားနိုင်ပါတယ်။

ဒီ အစီအစဉ်ကို U.S Mission နဲ့ International Republican Institute က ပံ့ပိုးမှု နဲ့ အတူ Leaders Advancing Democracy Alliance Fellow ၂၀၂၀ မှာ မြန်မာ ကိုယ်စားပြု ရွေးချယ်ခံထား ရတဲ့ လူငယ်တွေ က အသက် ၁၈ – ၂၅ နှစ် အတွင်း ရှိတဲ့ လူငယ် များအတွက် အလုပ်အကိုင် အခွင့်အလမ်းတွေ ပိုမို ကောင်းမွန် တိုးတက်လာစေဖို့ ရည်ရွယ် ပြီး အခမဲ့ ပညာဒါန သင်တန်းများကို အွန်လိုင်းမှ တဆင့် ပို့ချပေးသွားမှာ ဖြစ်ပါတယ်။

Lead Alliance ဆိုတာကတော့ International Republican Institute (Mongolia) U.S Mission နဲ့ World Learning တို့ ပူးပေါင်းဆောင်ရွက်တဲ့ Leaders Advancing Democracy Alliance အစီအစဉ် တစ်ခု ဖြစ်ပါတယ် ။ နှစ်စဉ်နှစ်တိုင်း မြန်မာ ၊ ဘူတန် နဲ့ ခါဂျစ်စတန် နိုင်ငံ သုံးနိုင်ငံ မှ လူငယ် ၅ ဦီး စီ ကို ရွေးချယ်ပြီး Mongolia နိုင်ငံမှာ ပြုလုပ်တဲ့ Lead Alliance summit ကို တက်ရောက် စေပါတယ် ။ အဲဒီ လို တက်ရောက်ရာမှာလည်း ဒီမိုကရေစီ ကို အခြေခံထားပြီး လက်ရှိ လုပ်ငန်းခွင်မှာ ပတ်ဝန်းကျင် နဲ့ လူမှု အကျိုးပြုလုပ်ငန်းတွေကို ဆောင်ရွက်ပေးနိုင်တဲ့ သူတွေကို အဓိက ထားရွေးချယ်ပါတယ် ။ Summit မှာ နိုင်ငံ အသီးသီး က ရွေးချယ်ထားတဲ့ Fellow တွေ ကို Mongolia Fellow တွေ နဲ့ အတူ လက်တွဲ လုပ်ကိုင်စေပြီး အဖွဲ့အလိုက် အသိအမှတ်ပြု ရွေးချယ်ခံရတဲ့ proposal အတွက် ထောက်ပံ့ငွေ ထုတ်ပေးပါတယ် ။ သက်ဆိုင်ရာ နိုင်ငံ တွေ က Fellow တွေ နဲ့ IRI က Mentor တွေ လက်တွဲ ပြီး အတူတူ အကောင်အထည်ဖော် ဆောင်ရွက်ရတာဖြစ်ပါတယ် ။ ၂၀၂၀ ခုနှစ် အတွက်ကို မြန်မာနိုင်ငံမှငါးယောက် ရွေးချယ် ခံထားရပြီး Summit ကိုတော့ တက်ရောက်ရခြင်း မရှိသေးပါဘူး ။ Covid-19 ကြောင့် Summit ကို ရက်ရွေ့ဆိုင်းထားပေမဲ့ လူမှု အကျိုးပြုလုပ်ငန်းတွေ ကို တော့ ရပ်တန့်မထားပဲ ဆက်လက် လုပ်ဆောင်လိုတာကြောင့် ဒီ ပညာသင်ဆု အစီအစဉ်ကို အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းပဲ ဖြစ်ပါတယ် ။

အသေးစိတ်ထပ်မံသိချင်တယ်ဆိုရင်တော့ www.facebook.com/sayyestoprojectyes  မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

Mawlamyine Daily

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s