ဖေ့ဘွတ်ခ်ပေါ်မှာ စာရေးရင် ၁၀၀၀ ကျပ်၊ ပုံတင်ရင် ၂၀၀၀ ကျပ် ကုန်ကျမယ် ဆိုတဲ့သတင်းအမှား

Fake-

မော်လမြိုင်၊ ၂၆ မေ ၂၀၂၀

ဖေ့ဘွတ်ခ်ပေါ်မှာ စာရေးရင် ၁၀၀၀ ကျပ်၊ ဓာတ်ပုံတင်ရင် ၂၀၀၀ ကျပ် ကျသင့်မယ်ဆိုပြီး သတင်းအမှားတစ်ခု ပျံ့နှံ့နေတာကိုတွေ့ရပါတယ်။

သတင်းအမှားပျံ့နှံ့မှုအကြောင်းအရင်းဆန်းစစ်ချက်

ဒီသတင်းအမှားကို nayarthit.com ဆိုတဲ့ သတင်းမီဒီယာအယောင်ဆောင် ဝက်ဘ်ဆိုဒ်တစ်ခုကနေတင်ထား တာပါ။ ဟုတ်တယ် vs မဟုတ်ဘူးရဲ့  အချက်အလက်စစ်ဆေးသူတွေရဲ့ လေ့လာဆန်းစစ်ချက်တွေအရ  ဒီသတင်း အမှားကို ယုံကြည်ပြီး Share ပြုလုပ်သူ ၈၀၀ ကျော်အထိရှိတာတွေ့ရပါတယ်။ ဒါကြောင့်အချက်အလက်စစ်ဆေးကြည့်ဖို့ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

ဘာလို့သတင်းအမှားလို့ပြောရတာလဲဆိုရင်

ဒီသတင်းကို ဖေ့ဘွတ်ခ်ရဲ့ တရားဝင် သတင်းထုတ်ပြန်တဲ့ ဝက်ဘ်ဆိုဒ်ဖြစ်တဲ့ facebook news room မှာ လည်း ဖော်ပြထားတာမရှိပါဘူး။ Facebook ကုမ္ပဏီဟာ သူတို့ ထုတ်ပြန်ကြေညာလိုတဲ့ သတင်းမှန်သမျှကို ဒီ ဝက်ဘ်ဆိုဒ်ကနေတဆင့် ကြေညာလေ့ရှိပါတယ်။ ဒီသတင်းနဲ့ပတ်သက်ပြီး ထုတ် ပြန်ထားတာမရှိပါဘူး။

ဒါ့အပြင် Facebook platform ပေါ်မှာရှိနေတဲ့ ဖေ့ဘွတ်ခ်ရဲ့  Blue mark Page  facebook app မှာလည်း မဖော်ပြထားပါဘူး။

ဖေ့ဘွတ်ခ် စီအီးအို မာ့ခ်ဇူကာဘက်ရဲ့ ဖေ့ဘွတ်ခ်အကောင့်မှာလည်း ဒီလို ပိုက်ဆံပေးပြီး ဖေ့ဘွတ်ခ် သုံးရမယ်ဆိုတဲ့ သတင်း ကို မရေးထားပါဘူး။ထူးခြားချက်အနေနဲ့  အသေးစားလုပ်ငန်းတွေအတွက် ဒီလို Covid 19 ကာလမှာ ဈေးရောင်းချနိုင်အောင်လို့ Facebook Shop ဆိုတဲ့ အစီအစဉ်ကို ဖွင့်လှစ်လိုက်ပြီဆိုပြီးကြေညာထားတဲ့ သတင်းကိုသာ တွေ့ရပါတယ်။ အဲဒီ အစီအစဉ်ဟာလည်း အခမဲ့ သာလျှင်ဖြစ်ပါတယ်။

ဟုတ်တယ် vs မဟုတ်ဘူးက အချက်အလက်စစ်ဆေးသူတွေရဲ့ ရှာဖွေ ဖော်ထုတ်ချက်အရ ဒီသတင်း အမှားကို ရဲဇော် ဆိုတဲ့ ဖေ့ဘွတ်ခ် သုံးစွဲသူတစ်ဦးက စတင်ခဲ့တာဖြစ်ပြီး သရော်လှောင်ပြောင် ရေးသား ထားတာဖြစ်ပါတယ်။ ဒီသရော်လှောင်ပြောင်ထားတဲ့သတင်းကို သတင်းမီဒီယာအယောင်ဆောင် ဝက်ဘ်ဆိုဒ်တွေနဲ့ ဖေ့ဘွတ်ခ်သုံးစွဲသူတွေက ကူးယူဖော်ပြကြရာကတဆင့် သတင်းမှား ပျံ့နှံ့လာတာ ဖြစ်ပါတယ်။

အထက်ပါအချက်အလက်စစ်ဆေးမှုတွေကြောင့် ဖေ့ဘွတ်ခ်မှာ စာရေးရင် ၁၀၀၀ကျပ်၊ဓာတ်ပုံတင်ရင် ၂၀၀၀ကျပ် ပေးရမယ်ဆိုတာဟာ သတင်းအမှားပဲဖြစ်ပါတယ်။

အခုလိုမျိုးကပ်ရောဂါအခြေအနေမှာ လူမှုမီဒီယာပေါ်မှာ သတင်းအမှားတွေက နည်းမျိုးစုံနဲ့ပျံ့နှံ့နေတဲ့အတွက် တာဝန်ယူမှု တာဝန်ခံမှုမရှိတဲ့ သတင်းမီဒီယာအယောင်ဆောင် ဝဘ်ဆိုက်ဒ်/ စာမျက်နှာတွေက တင်တဲ့ သတင်းတွေကိုမယုံကြည်ဖို့လိုအပ်ပြီး အစိုးရရဲ့တရားဝင်သတင်းထုတ်ပြန်ချက်တွေနဲ့ သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း ဆောင်ရွက်ပြီး တာဝန်ယူမှုတာဝန်ခံမှုရှိတဲ့သတင်းဌာနတွေရဲ့ သတင်းတွေကိုပဲ ယုံကြည်သင့်ပါတယ်။

မြန်မာနိုင်ငံအတွင်း သတင်းအတု၊ သတင်းအမှားတွေကို စီစစ်ဖော်ထုတ်နေသည့် ( ဟုတ်တယ် Vs မဟုတ်ဘူး ) ဆိုသည့် နည်းပညာအဖွဲ့၏ ခွင့်ပြုချက်ဖြင့် ကူးယူဖော်ပြသည်။

(ဟုတ်တယ် Vs မဟုတ်ဘူး) Facebook စာမျက်နှာမှ မူရင်းလင့်
https://www.realornotmm.info/2020/05/25/fact-check-fabricated-facebook-myanmar-content/
သတင်းတွေကို အမှား/အမှန်ခွဲခြားရခက်နေတယ်ဆိုရင် ဟုတ်တယ် Vs မဟုတ်ဘူး Facebook page (https://web.facebook.com/realornot.mm/) ရဲ့ Messenger bot ကို ကိုယ်စစ်ဆေးလိုတဲ့သတင်းရဲ့ လင့်ခ် ဒါမှမဟုတ် Screenshot ကို ပေးပို့မေးမြန်းစိစစ်ခိုင်းလို့ရနေပါပြီ။

#Mawlamyine Daily
#Factcheck

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s