ကိုရိုနာဗိုင်းရပ်နဲ့ထိရင် မီးလင်းမယ့် နှာခေါင်းစည်းကို တီထွင်

Untitled

မော်လမြိုင်၊ ၁၅ မေ ၂၀၂၀

MIT နဲ့ ဟားဗက်က ဇီဝအင်ဂျင်နီယာတွေဟာ ဇီကာနဲ့ အီဘိုလာအပါအဝင် အခြားဗိုင်းရပ်တွေကို အာရုံခံပေးနိုင်မယ့် အာရုံခံကိရိယာကို လွန်ခဲ့တဲ့ ၆နှစ်ကျော်ကတည်းက တီထွင်ခဲ့ကြပါတယ်။ သူတို့ဟာ သူတို့ တီထွင်ထားတဲ့ နည်းပညာကို ကိုရိုနာဗိုင်းရပ်မှာလဲ စမ်းသပ်နေကြပါတယ်။ ပညာရှင်အဖွဲ့ဟာ သူတို့တီထွင်ထားတဲ့ အာရုံခံကိရိယာကို နှာခေါင်းစည်းရဲ့ အတွင်းမှာ တပ်ဆင်ပြီး ရောဂါကူးစက်ခံရတဲ့သူ အသက်ရှုရင်၊ နှာချေရင် ချောင်းဆိုးရင် အချက်ပြမီးလင်းလာပြီး ဗိုင်းရပ်ရှိကြောင်း သိသာစေနိုင်ဖို့ကို မျှော်လင့်နေကြပါတယ်။

အခုဆိုရင် သူတို့ဟာ သူတို့တီထွင်ထားတဲ့ ကိရိယာကို ကိုရိုနာဗိုင်းရပ် ရှာဖွေစမ်းသပ်တဲ့နေရာမှာ သုံးနိုင်ဖို့ ချိန်ညှိမှုတွေလုပ်နေကြပါတယ်။ ဒီနည်းလမ်းသာ အောင်မြင်ခဲ့ရင် ဗိုင်းရပ်ကို ကိုယ်အပူချိန်တိုင်းတာစက်တွေနဲ့ တိုင်းသလို လွယ်ကူစွာ လုပ်ဆောင်နိုင်တော့မှာ ဖြစ်ပါတယ်။

“အခုလက်ရှိ ကျွန်တော်တို့ စမ်းသပ်နေတာသာ အောင်မြင်သွားရင် ဗိုင်းရပ်ကို အစောပိုင်းအဆင့်မှာတင် ဖော်ထုတ်နိုင်မှာ ဖြစ်သလို အဖြေကလဲ မှန်ကုန်မှာဖြစ်ပါတယ်”လို့ ဇီဝအင်ဂျင်နီယာ ဓာတ်ခွဲပညာရှင် Jim Collins ကပြောပါတယ်။

လွန်ခဲ့တဲ့ ရက်သတ္တပတ်အနည်းငယ်က သူတို့တီထွင်ထားတဲ့ အာရုံခံကိရိယာကို တံတွေးထဲက ကိုရိုနာဗိုင်းရပ်နဲ့ စတင်စမ်းသပ်ခဲ့ကြပါတယ်။ သူတို့တီထွင်မှုကို နောက် ရက်သတ္တပတ် အနည်းငယ်အတွင်းမှာ အသုံးပြုနိုင်ဖို့ကို သူတို့ အဖွဲ့က မျှော်လင့်နေကြပါတယ်။

ဒီအာရုံခံကိရိယာဟာ ၂၀၁၈ ခုနှစ်မှာ ဆားရောဂါ၊ ဝက်သက်၊ တုတ်ကွေး၊ အသဲရောင်အသားဝါစီ နဲ့ West Nile ရောဂါတွေအပြင် အခြားရောဂါတွေကို ဖြစ်စေနိုင်တဲ့ ဗိုင်းရပ်စ်ပိုးတွေကို အာရုံခံနိုင်ခဲ့ပါတယ်။ ထုတ်လုပ်တဲ့အခါမှာလဲ ဈေးသက်သာပြီး မြန်မြန်အဖြေထုတ်နိုင်တဲ့ ပစ္စည်းဖြစ်အောင် လုပ်ဖို့ ရည်ရွယ်ထားကြပါတယ်။

Mawlamyine Daily

Ref: Business Insider

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s