တသက်လုံးအိမ်ကနေအလုပ်လုပ်ဖို့ ဝန်ထမ်းတွေကို ခွင့်ပြုလိုက်တဲ့ Twitter ကုမ္ပဏီ

180904-jack-dorsey-2017-ew-1217p_c4d3ad190911709282a541c9c3b7b9ef.fit-2000w

မော်လမြိုင်၊ ၁၅ မေ ၂၀၂၀

ကိုရိုနာဗိုင်းရပ်ကပ်ဘေးကနေ ပြီးဆုံးသွားခဲ့ရင်တောင်မှ Twitter ကုမ္ပဏီဟာ သူ့ရဲ့ဝန်ထမ်းအများစုကို သူတို့ကြိုက်တဲ့အချိန်ထိ အိမ်ကနေ အလုပ်လုပ်ဖို့ ခွင့်ပြုပေးလိုက်တယ်လို့ Twitter ရဲ့ CEO Jack Dorsey က သူ့ရဲ့ ဝန်ထမ်းတွေကို အဂါင်္နေ့က အသိပေးလိုက်ကြောင်း ကုမ္ပဏီရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

“ရုံးဖွင့်ဖို့ သတ်မှတ်တာက ကျွန်မတို့ ဆုံးဖြတ်ချက်ဖြစ်ပြီး ဘယ်နေ့ရုံးပြန်လာတက်မယ်ဆိုတာကတော့ ဝန်ထမ်းတွေရဲ့ ဆုံးဖြတ်ချက်ပါပဲ” လို့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

BuzzFeed သတင်းဌာနက ပထမဆုံးရရှိတဲ့ အီးမေးလ်မှာတော့ Twitter ကုမ္ပဏီဟာ စက်တင်ဘာမတိုင်ခင် ရုံးပြန်ဖွင့်ဖို့ မရှိသေးသလို လူချင်းတွေ့ဆုံရမယ့် အစီအစဉ်အားလုံးကိုလဲ တနှစ်လုံးအတွက် ဖျက်သိမ်းလိုက်ပါတယ်။

“အခုလို အိမ်ကနေအလုပ်လုပ်ဖို့ ခွင့်ပြုလိုက်တာဟာ ဗဟိုချုပ်ကိုင်မှု လျော့ချတာဖြစ်သလို ဘယ်နေရာကနေမဆို အလုပ်လုပ်နိုင်ဖို့အတွက်ပါ အထောက်အကူဖြစ်စေပါတယ်။ ပြီးခဲ့တဲ့ လအနည်းငယ်က ဒီလိုလုပ်နိုင်တယ်ဆိုတာကို ကျွန်မတို့ သက်သေပြခဲ့ကြပြီးပါပြီ။ ဒါကြောင့် ကျွန်မတို့ ဝန်ထမ်းတွေဟာ အိမ်ကနေပဲ တသက်လုံး အလုပ်လုပ်ချင်တယ်ဆိုရင် ကျွန်မတို့ ခွင့်ပြုမှာပါ။ ရုံးကိုလာပြီး အလုပ်လုပ်ချင်တယ်ဆိုရင်လဲ နွေးထွေးစွာ ကြိုဆိုမှာ ဖြစ်သလို ရုံးမှာ အလုပ်လုပ်ရတဲ့အတွက် လုံခြုံစိတ်ချမှုကို ခံစားရအောင်လဲ ကြိုတင်ပြင်ဆင်ထားပေးမှာ ဖြစ်ပါတယ်။” လို့ ပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။

တခြားနည်းပညာကုမ္ပဏီကြီးတွေဖြစ်တဲ့ Facebook, Google နဲ့ Microsoft တို့ဟာလဲ အိမ်ကနေအလုပ်လုပ်တဲ့စနစ်ကိုပဲ ကျင့်သုံးနေကြတာဖြစ်ပြီး ဝန်ထမ်းတွေ ရုံးပြန်တက်နိုင်ဖို့အတွက်ကိုတော့ သတိကြီးကြီးနဲ့ အစီအစဉ်ဆွဲနေခဲ့ကြပါတယ်။

Google ကတော့ သူ့ရဲ့ဝန်ထမ်းအများစုကို ၂၀၂၁ ခုနှစ်အထိ အိမ်ကနေအလုပ်လုပ်ဖို့ ခွင့်ပြုပေးထားပြီး တချို့ကတော့ နွေရာသီ အစပိုင်းလောက်မှာ ပြန်ပြီး အလုပ်ဆင်းကြမှာဖြစ်ပါတယ်။ Facebook ကလဲ အိမ်ကနေအလုပ်လုပ်လို့ရတဲ့ ဝန်ထမ်းတွေကို ၂၀၂၁ခုနှစ်အထိ အိမ်ကနေ အလုပ်လုပ်ခိုင်းပြီး ရုံးကိုတေ့ ဇူလိုင်လ ၄ရက်နေ့ နောက်ပိုင်းမှာ ပြန်ဖွင့်ဖို့ စီစဉ်ထားပါတယ်။

Mawlamyine Daily

Ref: NBC News

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s