မြန်မာနိုင်ငံ၏ ပထမဆုံးအစိုးရကျောင်း (သို့) အထက(၁)မော်လမြိုင်

This slideshow requires JavaScript.

မော်လမြိုင်၊ ၅ မေ ၂၀၂၀

ဗြိတိသျှတို့အုပ်ချုပ်သည့်ကာလ ၁၈၃၅ ခုနှစ် စက်တင်ဘာလ (၁)ရက်နေ့တွင် မြန်မာနိုင်ငံ၏ ပထမဆုံးအစိုးရ ကျောင်းဖြစ်သည့် ယခုအထက(၁)မော်လမြိုင်ဟုခေါ်တွင်သောကျောင်းကို မူလတန်းအဆင့်အဖြစ် မြို့မတံတားလမ်းတွင် စတင်ဖွင့်လှစ်ခဲ့သည်။ ကျောင်းဖွင့်လှစ်သည့် သက်တမ်းမှာ ယခုနှစ်ဆိုလျှင် နှစ်ပေါင်း (၁၈၅)နှစ်ပြည့်ပြီဖြစ်သည်။

ကျောင်းစတင်ဖွင့်လှစ်ခဲ့သော အချိန်တွင် ကျောင်း၌ ကျောင်းအုပ်ကြီးအဖြစ် စီဖာဘဲနက်က တာဝန်ယူခဲ့သည်။ စီဖာဘဲနက်သည် ကျောင်းအုပ်အဖြစ်မှ နှုတ်ထွက်ပြီးနောက် မြန်မာနိုင်ငံ၏ ပထမဆုံးသတင်းစာဖြစ်သော မော်လမြိုင်ခရော်နီကယ်သတင်းစာ၏ အယ်ဒီတာဖြစ်လာသည်။

ဆရာဘဲနက်ပြီးနောက်တွင် ဆရာဟောက်ဟုခေါ်သော ဆရာဂျော့ဟင်နရီဟောက်က ကျောင်းအုပ်အဖြစ် ဆက်လက်တာဝန်ယူပြီး ၁၈၄၅ ခုနှစ်တွင် တနင်္သာရီတိုင်းပညာဝန်အဖြစ်ပါ ပူးတွဲတာဝန်ယူခဲ့သည်။

၁၈၇၆ ခုနှစ်ရောက်မှ ယခု အထက(၁)ကျောင်းတည်ရှိရာ သိပ္ပံလမ်းသို့ ပြောင်းရွှေ့ခဲ့သည်။ ကျောင်းမှာ အထက်တန်းအဆင့်သို့ရောက်ရှိခဲ့သော်လည်း ၁၈၇၈ ခုနှစ်တွင် သင်ကြားရေးဆရာမလုံလောက်သဖြင့် အလယ်တန်းအဆင့်သို့ လျှော့ချခြင်းခံခဲ့ရသည်။ ၁၈၈၅ ခုနှစ်တွင် အထက်တန်းအဆင့်သို့ ပြန်လည်တိုးမြှင့်ခဲ့သည်။

ရန်ကုန်အစိုးရကျောင်းကို ၁၈၇၂ ခုနှစ်မှ စတင်ဖွင့်လှစ်သည်ဖြစ်ရာ မော်လမြိုင်အစိုးရကျောင်းထက် (၃၇)နှစ်မျှ နောက်ကျသည်။

ယင်းကာလကဆောက်ထားသော အဆောက်အအုံများမရှိတော့ပဲ လက်ရှိမြင်တွေ့နေကြသည့် T ပုံစံကျောင်းဆောင်မှာ ၁၉၂၇ ခုနှစ်တွင် ပညာရေးဝန် မွန်လူမျိုး ဒေါက်တာဘရင်က အုတ်မြစ်ချပြီး တည်ဆောက်ပြီးစီးခဲ့သည်။

ကိုးကား – ဆရာဦးအံ့ကျော်ရေးသားပြုစုသော ကိုလိုနီခေတ် မော်လမြိုင်ပညာရေးဆောင်းပါးမှ ကိုးကားသည်။

ဓါတ်ပုံမှာ မော်လမြိုင်မှတ်တမ်း၏ ဓါတ်ပုံဆရာ နောင်ခန့်က ရိုက်ကူးထားခြင်းဖြစ်သည်။
“မော်လမြိုင်မှတမ်း” သုတေသနအဖွဲ့၏ ခွင့်ပြုချက်ဖြင့် Mawlamyine Daily တွင်ဖော်ပြသည်။

#Mawlamyine Daily
#ယခင်၊ယခုမော်လမြိုင်

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s