Make Your Own Hand Sanitizer လက်ဖြစ် ဟင်းဆင်နီတိုက်ဇာ

မော်လမြိုင်၊ ၃၁ မတ် ၂၀၂၀ အခုမှသာ ရေးပါတယ်။ ရှာမရကြဘူးဆိုလို့သာ။ စိတ်ချရတဲ့ဆေးဆိုင်တွေကရောင်းတဲ့ ဟင်းဆင်နီတိုက်ဇာလောက်တော့ ပိုးတွေကင်းစေမယ်လို့ အာမမခံပါ။ ဘယ်အရာမဆို လေ့လာဆန်းစစ်မှုလုပ်ပြီးမှာ ထိရောက်တယ် မထိရောက်ဘူး ပြောလို့ ရပါတယ်။ ဟင်းဆင်နီတိုက်ဇာအစစ်က COVID-19 ကာကွယ်ရေးအတွက် ကောင်းပါတယ်။ သူ့ထက်ပိုကောင်းတာက လက်ကို ဆပ်ပြာနဲ့ ရေသုံးပြီး ဆေးခြင်းဖြစ်ပါတယ်။ အရက်ပျံသုံးရမလား မေးကြတယ်။ အရက်ပျံဆိုတာ isopropyl rubbing alcohol USP ခေါ်တယ်။ 70% alcohol by volume (≈ 127º alcohol proof) of pure isopropyl alcohol ပါတာကို ခေါ်ပါတယ်။ Alcohol-based hand sanitizer ဟင်းဆင်နီတိုက်ဇာအစစ်ထဲမှာ အနည်းဆုံး 60% alcohol … Continue reading Make Your Own Hand Sanitizer လက်ဖြစ် ဟင်းဆင်နီတိုက်ဇာ

Coronavirus ကပ်ရောဂါကြောင့် နိုင်ငံစီးပွားပျက်ကပ်အပေါ်ပူပန်မှုတွေများပြီး ဂျာမဏီနိုင်ငံက ဘဏ္ဍာရေးဝန်ကြီး ကိုယ့်ကိုကိုယ် အဆုံးစီရင်

မော်လမြိုင်၊ ၃၀ မတ် ၂၀၂၀ ဂျာမဏီနိုင်ငံ ဟက်ဆာပြည်နယ်က ဘဏ္ဍာရေးဝန်ကြီး Mr. Thomas Schaefer ဟာ Coronavirus ကပ်ရောဂါကြောင့် နိုင်ငံစီးပွားပျက်ကပ်အပေါ်ပူပန်မှုတွေများပြီး ကိုယ့်ကိုကိုယ် အဆုံးစီရင်သွားတယ်လို့ ပြည်နယ်ဝန်ကြီးချုပ် Volker Bouffier က မတ်လ၂၉ရက်နေ့ တနင်္ဂနွေနေ့မှာ ထုတ်ပြန်ကြေညာပါတယ်။ အသက် ၅၄နှစ်အရွယ် ဝန်ကြီး Mr. Schaefer ရဲ့ ရုပ်အလောင်းကို ရထားသံလမ်းအနီးမှာ စနေနေ့က တွေ့ရှိခဲ့တာဖြစ်ပါတယ်။ မှုခင်းအရာရှိရဲ့ စစ်ဆေးချက်အရ သူဟာ ကိုယ့်ကိုကိုယ် အဆုံးစီရင်သွားတာ ဖြစ်တယ်လို့ ဆိုပါတယ်။ “ကျွန်တော်တို့ အလွန်အံ့သြသွားတယ်။ မယုံနိုင်ဖြစ်ခဲ့ရသလို အရမ်းလဲ ဝမ်နည်းမိပါတယ်” လို့ ဝန်ကြီးချုပ် Bouffier ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဟက်ဆာပြည်နယ်ဟာ ဂျာမဏီနိုင်ငံရဲ့ ဘဏ္ဍာရေးမြို့တော် ဖရန့်ဖတ်မြို့တည်ရှိရာ … Continue reading Coronavirus ကပ်ရောဂါကြောင့် နိုင်ငံစီးပွားပျက်ကပ်အပေါ်ပူပန်မှုတွေများပြီး ဂျာမဏီနိုင်ငံက ဘဏ္ဍာရေးဝန်ကြီး ကိုယ့်ကိုကိုယ် အဆုံးစီရင်

ကိုရိုနာဗိုင်းရပ်စ် သတင်းတွေရယူနိုင်မယ့် Viber Group တခု အစိုးရဖွင့်

မော်လမြိုင်၊ ၃၀ မတ် ၂၀၂၀ Covid-19 နဲ့ ပတ်သက်တဲ့ တရားဝင် အရေးကြီးသတင်းနဲ့ အချက်အလက်တွေကို အချိန်နဲ့ တပြေးညီ ရရှိနိုင်ဖို့ နိုင်ငံတော်သမ္မတရုံး၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန နဲ့ အခြားဝန်ကြီးဌာနတွေနဲ့ တရားဝင်ထုတ်ပြန်ချက်တွေကို စုစည်းဖော်ပြပေးမယ့် Covid-19 INFO Myanmar Community Viber Group တခုကို အစိုးရက ဖွင့်ပေးထားပါတယ်။ ယုံကြည်စိတ်ချရတဲ့ တရားဝင် သတင်းထုတ်ပြန်ချက်တွေကို တနေရာတည်းမှာ ဖတ်ရှု သိရှိနိုင်ဖို့ အောက်ပါ Link မှာ Join နိုင်ပါတယ်လို့ သမ္မတရုံးရဲ့ ပြောခွင့်ရသူ ဦးဇော်ဌေးက သူ့ရဲ့ လူမှု ကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။ https://vb.me/covid19infomyanmar_1 Mawlamyine Daily

Coronavirus လူနာတွေမှာ အမျိုးသားတွေ သေဆုံးနှုန်းမြင့်မားနေတာ ဘာကြောင့်လဲ?

မော်လမြိုင်၊ ၃၀ မတ် ၂၀၂၀ Covid-19 ရောဂါဟာ အသက်အရွယ်ကြီးသူတွေနဲ့ ရောဂါအခံရှိပြီးသာ လူတွေကို ပိုပြီး ကူးစက်နိုင်ခြေများပါတယ်။ ဒါ့အပြင် အမျိုးသမီးတွေမှာထက် အမျိုးသားတွေမှာ ကူးစက်မှု ပိုများပြီး သေဆုံးနှုန်းကလဲ အမျိုးသားတွေမှာ များတယ်လို့ လေ့လာမှုတွေက ဆိုပါတယ်။ တရုတ်ပြည်က လေ့လာမှုတွေအရ အမျိုးသားတွေမှာ သေဆုံးနှုန်း ၂.၈ ရာခိုင်နှုန်းရှိပြီး အမျိုးသမီးတွေမှာ ၁.၇ ရာခိုင်နှုန်းပဲ ရှိပါတယ်။ တရုတ်နိုင်ငံအပြင် ပြင်သစ်၊ ဂျာမဏီ၊ အီရန်၊ အီတလီ၊ တောင်ကိုရီးယားနဲ့ စပိန်နိုင်ငံတွေမှာလဲ အမျိုးသားသေဆုံးနှုန်းက အမျိုးသမီး သေဆုံးနှုန်းထက်များခဲ့ပါတယ်။ အီတလီမှာဆိုရင် အမျိုးသားသေဆုံးနှုန်းက ၇၁ ရာခိုင်နှုန်းအထိ ရှိပြီး စပိန်မှာတော့ အမျိုးသားသေဆုံးနှုန်းက အမျိုးသမီးသေဆုံးနှုန်းထက် နှစ်ဆ ရှိခဲ့ပါတယ်။ ဒါဆို အမျိုးသားတွေမှာ သေဆုံးနှုန်း ဘာလို့မြင့်မားနေရတာပါလဲ? … Continue reading Coronavirus လူနာတွေမှာ အမျိုးသားတွေ သေဆုံးနှုန်းမြင့်မားနေတာ ဘာကြောင့်လဲ?

မတ္လ ၃၀ရက်နေ့ မိုးလေဝသခန့်မှန်းချက်

မော်လမြိုင်၊ ၃၀ မတ္ ၂၀၂၀ ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းတွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး၊ ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါသည်။ ယနေ့ညနေအထိခန့်မှန်းချက်။ စစ်ကိုင်းဒေသကြီးအထက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းပြီး၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် အများအားဖြင့် သာယာမည်။ မြန်မာ့ပင်လယ်ပြင်။ လှိုင်းအနည်းငယ်မှ အသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၃)ပေမှ (၆)ပေခန့် ရှိနိုင်ပါသည်။ နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေ့အပူချိန်များ အနည်းငယ် တိုးလာနိုင်ပါသည်။ နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ အများအားဖြင့် သာယာမည်။ ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။ မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ အများအားဖြင့် … Continue reading မတ္လ ၃၀ရက်နေ့ မိုးလေဝသခန့်မှန်းချက်