Personal Protective Equipment ကျွန်တော်တို့ အများကြီး ကြိုးစားကြရဦးမယ်

Personal Protective Equipment ကျွန်တော်တို့ အများကြီး ကြိုးစားကြရဦးမယ်

မော်လမြိုင်၊ ၁၄ မတ် ၂၀၂၀
 
ဆရာရှင် လူနာတယောက် ဆေးရုံတက်ရရင် တိုင်းပြည်က ဘယ်လောက်လောက် ကုန်ကျနိုင်ပါသလဲရှင် PPE ဝတ်စုံက လူနာနဲ့တခါတွေ့ ဝတ်ပြီး အမှိုက်ပုံးထဲ ထည့်ရတာပါလားရှင် လူစုလူဝေးပွဲကြီးမှာ လူနာတွေ တဟုန်ထိုး တက်လာရင် ကျမတို့လို ဆင်းရဲတဲ့ တိုင်းပြည်က မကုပေးနိုင်မှာ စိုးရိမ်နေပါတယ် စရိတ်တွက်ပြပေးပြီး ရောဂါအခံ ရှိသူတွေနဲ့ အသက်ကြီးသူတွေကို ညှာတာသောအားဖြင့် ဆင်ဆင်ခြင်ခြင် နေထိုင်ဖို့ ပညာပေးအစီအစဉ် ရုံးအနေနဲ့ လုပ်ချင်လို့ မေးရတာပါရှင်။ မအားလို့ မဖြေနိုင်လဲ နားလည်ပါတယ်ရှင်။
 
ကျန်းမာရေးသုံး ဝတ်စုံ လက်အိတ် နှာခေါင်းစည်းတွေက အမျိုးမျိုး။ အများအားဖြင့် တခါသုံး။ နှာခေါင်းစည်းနဲ့ လပ်အိတ်မှာ တခါသုံးတောင်မရတတ်။ စိုထိုင်း ပေပွတာနဲ့ နောက်လူနာတဦးအတွက် အသစ်လဲသုံးရတယ်။ ဝတ်စုံတွေ ကရိယာတွေမှာ အညွှန်းပါတယ်။
 
တိုင်းပြည်တွေ မတူကြပါ။ ကျန်းမာရေးအသုံးစရိတ် မတူ။ ကျန်းမာရေးစနစ်လည်း မတူပါ။ စနစ်အရာမှာ မြန်ပြည်က ၁၉၁ နိုင်ငံထဲမှာ ၁၉၀ အဆင့်သာရှိတယ်။
 
Health expenditure (% of GDP) ဂျီဒီပီ % အရတွက်ချက်တဲ့ ကျန်းမာရေးအသုံးစရိတ်မှာ မြန်မာနိုင်ငံက 5.09 ရှိတယ်။ အနည်းဆုံး မဟုတ်ပါ။ လက်ရှိအစိုးရလက်ထက် တိုးသုံးလာတယ်။ ထိုင်းတို့ တရုပ်ပြည်တို့ထက် ဂဏန်းများတယ်။ ဒါပေမဲ့ တိုင်းပြည်ပွါးရေး အပေါ်မူတည်ပြီး ငွေပမာဏ သူတို့ကများတယ်။
 
PPE ဆိုတာ Personal Protective Equipment တဦးစီအတွက် ကူးစက်ရောဂါ ကာကွယ်ရေးဝတ်စုံ။
 
ကျွန်တော်တို့ အများကြီး ကြိုးစားကြရဦးမယ်။ ချမ်းချမ်းသာသာနေနိုင်ခဲ့တဲ့ တိုင်းပြည်ကို ဆင်းရဲမွဲတေသွားအောင် လုပ်ခဲ့သူတွေက အာဏာထပ်လိုချင်နေကြတယ်။ နောက်လိုက်တွေကလည်း များသေးတယ်။
 
ဒေါက်တာတင့်ဆွေ
(ဆရာကြီး၏ ခွင့်ပြုချက်ဖြင့် Mawlamyine Daily မှဖော်ပြပါသည်။)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s